August 20, 2009

India Ocean


၁၀၂။ အိန္ဒိယ သမုဒ္ဒရာ
(India Ocean)
နောက်ခံသမိုင်းအကျဉ်း
အိန္ဒိယသမုဒ္ဒရာသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးသမုဒ္ဒရာဖြစ်၏ (ပစိဖိတ်သမုဒ္ဒရာ နှင့် အတ္တလန္တိတ် သမုဒ္ဒရာ တို့ထက်ငယ်၍တောင်သမုဒ္ဒရာ နှင့် အာတိတ်သမုဒ္ဒရာတို့ထက်ကြီး၏) ။အိန္ဒိယ သမုဒ္ဒရာ အတွင်း အရေးပါသော ရေကြောင်းလမ်းများမှာ စူးအက်တူးမြောင်း (အီဂျစ်) ၊ဘယ်အယ်မန်ဒက်(ဂျီဘောက်တီ - ယီမင်) ၊ ဟောမျုရေလက်ကြား (အီရန်း - အိုမင်) ၊ မာလာကာရေလက်ကြား (အင်ဒိုနီးရှား - မလေးရှား) တို့ဖြစ်ကြသည်။ ၂၀၀၀ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာရေကြောင်းပြ မြေပုံအဖွဲ့ကြီး (International Hydrographic Organilatiou – IHO) ၏ဆုံးဖြတ်ချက်အရ အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းတောင်ဘက် တောင်လတ္တီကျု ၆၀’မှစ၍ ငါးခုမြောက်သမုဒ္ဒရာအဖြစ် တောင်သမုဒ္ဒရာ (Southem Ocean) ဟူ၍ သတ်မှတ်ခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အာဖရိက ၊ တောင်သမုဒ္ဒရာ ၊အာရှ နှင့် ဩစတြေးလျကြားရှိ သမုဒ္ဒရာရေပြင်။

မြေပုံအညွှန်း
ကမ္ဘာ့နိုင်ငံရေးမြေပုံ ။

ဧရိယာ
68.566 သန်း sq km

ကမ်းရိုးတန်း
66,256 km

ရာသီဥတု
အရှေ့မြောက်မုတ်သုံရာသီ (ဒီဇင်ဘာလ မှ ဧပြီအထိ) အနောက်တောင်
မုတ်သုံရာသီ (ဇွန်လ မှ အောက်တိုဘာလ အထိ) ။
မေလ ၊ ဇွန်လ နှင့် အောက်တိုဘာလ ၊ နိုဝင်ဘာလများတွင် မြောက်ပိုင်းတွင်
လည်းကောင်း ၊ ဇန်န၀ါရီလ နှင့် ဖေဖေါ်ဝါရီလများတွင် တောင်ပိုင်းတွင်လည်း
ကောင်း အပူပိုင်းဆိုင်ကလုံးမုန်တိုင်းများတိုက်ခတ်လေ့ရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဂျာဗားမြောင်း - ( - 7,258) m
အမြင့်ဆုံးအပိုင်း ပင်လယ်ရေမျက်နှာပြင် - 0 m

သဘာဝအရင်းအမြစ်
ရေနံ ၊ သဘာဝဓါတ်ငွေ့တွင်းများ ၊ ငါး ၊ပုဇွန် ၊ ကွန်ကရစ်ကျောက် ၊
ကျောက်သဲနုန်းလွှာများ ၊ သတ္တု အစုအဝေးများ။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။