August 11, 2009

Hellenic Republic


၈၅။ဂရိ(Greece)
Hellenic Republic

နောက်ခံသမိုင်းအကျဉ်း
၁၈၂၉ တွင်အော်တိုမန်အင်ပါယာထံမှ လွတ်လပ်ရေးရရှိခဲ့သည်။ (၁၉) ရာစုဒုတိယရာစုဝက်နှင့် (၂၀) ရာစုပထမ ရာစုဝက်အတွင်း အနီးပတ်ဝန်းကျင်ကျွန်းများနှင့် ဂရိစကားပြော နယ်မြေများကို တဖြည်းဖြည်းချင်း နိုင်ငံအတွင်းသို့ ထည့်သွင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၀တွင် ပထမဆုံး အီတလီ၏ ကျူးကျော်မှုကိုခံရပြီး ၁၉၄၁ - ၄၄ တွင် ဂျာမဏီ၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ ဘုရင်လိုလားသူများနှင့်ကွန်မြူနစ်သူပုန်ထောက်ခံသူများကြားရှည်လျားကြာမြင့်စွာပြည်တွင်းစစ်ဖြစ်ခဲ့သည်။ ကွန်မြူနစ်သူပုန်များ ၁၉၄၉ တွင် ချေမှုန်းခံခဲ့ရပြီး ၁၉၅၂ တွင်ဂရိသည် နေတိုးအဖွဲ့သို့ဝင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင်စစ်တပ်မှ အာဏာသိမ်းပြီး နိုင်ငံရေးလှုပ်ရှားမှုများကို ကန့်သတ်ရပ်ဆိုင်းထားခဲ့ပြီး ဘုရင်ကို ခုနစ်နှစ်မျှအကြာ ပြည်နှင်ဒဏ်ပေးခဲ့သည်။ ၁၉၇၄ တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကျင်းပခဲ့သည်။ လူထုခံယူပွဲကျင်းပပြီး ပြည်သူ့လွှတ်တော်ခေါ်ယူဖွဲ့စည်းပြီး ဘုရင်စနစ် ဖျတ်သိမ်းပစ် ခဲ့သည်။ ၁၉၈၁ တွင် ဥရောပ ဘုံဈေးအဖွဲ့ (EC) (ယခု EU) သို့ဝင်ရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဥရောပ စီးပွားရေး နှင့် ငွေကြေးသမဂ္ဂ၏ (၁၂) ဦးမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။



ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ တောင်ပိုင်း ။ အီဂျီယန် ပင်လယ် ။ မြေထဲ ပင်လယ် တို့နှင့်ထိစပ်။အယ်လဘေးနီးယား
နှင့် တူရကီ နိုင်ငံများကြား။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ - 130,800 sq km
ရေ - 1,140 sq km
စုစုပေါင်း - 131,940 sq km

ထိစပ်နယ်မြေ
အယ်လဘေးနီးယား - 282 km
ဘူလ်ဂေးရီးယား - 494 km
တူရကီ - 206 km
မက်ဆီဒိုးနီးယား - 246 km

ကမ်းရိုးတန်း
13,676 km

ရာသီဥတု
အပူအအေးမျှတ။ မျှတစိုစွတ်သော ဆောင်းရာသီ။ပူ၍ခြောက်သွေ့သောနွေရာသီ။

မြေမျက်နှာသွင်ပြင်
တောင်ပေါများ၍ ပင်လယ်အတွင်းသို့တောင်ကြောများတိုးထွက်လျက်ရှိသောကြောင့်
ကျွန်းဆွယ်များ ကျွန်းအစဉ်တန်းများဖြစ်ပေါ်လျှက်ရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း မြေထဲပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း အိုလံပတ်တောင် - 2917 m

သဘာဝအရင်းအမြစ်
ကျောက်မီးသွေးညို ၊ ရေနံ ၊ သံရိုင်း ၊ ဘောက်ဇိုက်သတ္တု ၊ ခဲ ၊ သွပ် ၊ နီတယ် ၊
မဂ္ဂနိစိုက်သတ္တု ၊ စကျင်ကျောက် ၊ ဆား ၊ ရေးအားလျှပ်စစ် ထုတ်ယူနိုင်ဖွယ်ရှိ။

လူ့ အရင်းအမြစ်
လူဦးရေ 10,722,816 (2008)
လူဦးရေတိုးနှုန်း 0.146 % (2008)
မွေးဖွားနှုန်း 9.54 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 10.42 / 1000 ဦးရေ (2008)

လူမျိုး
ဂရိ

တိုင်းရင်းသားလူမျိုး
ဂရိ - 93 %
နိုင်ငံခြားသား - 7 %

ကိုးကွယ်မှု
ဂရိအော်သိုဒေါ့ - 98 %
မွတ်စလင် - 1.3 %
အခြား - 0.7 %

ဘာသာစကား
ဂရိ - 99 % ( ရုံးသုံး )
အခြား - 1 %

မြို့တော်
အေသင် (Athens)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။