
၈၆။ဂရင်းလန်း
(Greenland)
(Greenland)
နောက်ခံသမိုင်း အကျဉ်း
ကမ္ဘာ့အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်ပြီး ၈၁ % ခန့်ရေခဲပြင် ဖုံးလွှမ်းလျှက်ရှိသည်။ (၁၀) ရာစုတွင်အိုက်စ လန်ဒေသမှ ဗိုက်ကင်းလူမျိုးများ ရောက်ရှိလာခဲ့ကြသည်။ ၁၈ ရာစု တွင် ဒိန်းမတ်မှ ကိုလိုနီပြုခဲ့သည်။ ၁၉၅၃ တွင် ဂရင်းလန်းသည် ဒိန်းမတ် နိုင်ငံ အတွင်းပါဝင်သော အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ ၁၉၇၃ တွင် ဒိန်းမတ် နှင့်အတူ ဥရောပဘုံဈေးအဖွဲ့ (EC) (ယခုEU) သို့ဝင်ရောက်ခဲ့သည်။ သို့သော်ငါးဖမ်းလုပ်ငန်း အဝေမတည့်ရာမှ ၁၉၈၅ တွင် နှုတ်ထွက်ခဲ့သည် ၁၉၇၉ တွင် ဒိန်းမတ်ပါလီမန်၏ ဆုံးဖြတ်ချက်အရ ဂရင်းလန်းသည် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိသည်။ အဆိုပါ ဥပဒေသည် ၁၉၈၀ တွင် စတင်အသက်ဝင်ခဲ့ပြီဖြစ်၏။ ဂရင်းလန်း၏ နိုင်ငံ ခြားရေးတွင် ပဥမ္မရူး အစိုးရ နှင့် ညှိုနှိုင်းဆောင်ရွက်ရာ၌ ဒိန်းမတ်၏ ထိန်းချုပ်မှု ဆက်လက်တည်ရှိနေသည်။ ၂၀၀၈ နိုဝင်ဘာလတွင် ဂရင်းလန်းလူထုက ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုမိုတိုးချဲ့ပေးရန် မဲပေးခဲ့ကြသည်။
ပထ၀ီ အနေအထား
မြေပုံအညွှန်း
မြောက်အမေရိက မြောက်ပိုင်း ။ အာတိတ်သမုဒ္ဒရာ နှင့်မြောက်အတ္တလန္တိတ်
သမုဒ္ဒရာတို့ကြား။ ကနေဒါ နိုင်ငံ၏အရှေ့မြောက်ဘက်။
မြေပုံအညွှန်း
အာတိတ်ဒေသ။
ဧရိယာ
ကုန်းမြေ - 3166,086 sq km
(410,449sq km – ရေခဲမရှိ။ 1,755,63 – ရေခဲလွှမ်း)
ထိစပ်နယ်မြေ
မရှိ
ကမ်းရိုးတန်း
44,087 km
ရာသီဥတု
အာတိတ်ရာသီဥတုမှသည် အာတိတ်ဆန်ဆန် ရာသီဥတုရှိ။
အေးသောဆောင်းရာသီ ၊ အေးမြသော နွေရာသီ။
မြေမျက်နှာသွင်ပြင်
ကျဉ်းမြောင်း၍ တောင်ထူထပ်သော။ ကျက်တီးဆန်သော ၊
ကျောက်ဆောင်ပေါသော ကမ်းရိုးတန်းမှ အပ ရေခဲဖုံးလွှမ်းလျှက်ရှိ။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ - 0m
အမြင့်ဆုံးအပိုင်း ဂန်းဘယွန်း - 3,700 m
သဘာဝအရင်းအမြစ်
ကျောက်မီးသွေး၊သံရိုင်း ၊ ခဲ ၊ သွပ် ၊ပိုလစ်ဘဒီနမ်သတ္တု ၊ စိန် ၊ ရွှေ ၊
ပလက်တီနမ် ၊ နီယိုဘီယမ် ၊ တန်တလိုက် ၊ယူရေနီယမ် ၊ ငါး ၊
ပင်လယ်ဖျံ ၊ ဝေလငါး ၊ရေအားလျှပ်စစ် ၊ ရေနံ နှင့် ဓါတ်ငွေ့ ထွတ်ရှိဖွယ်။
လူ့အရင်းအမြစ်
လူဦးရေ 57,564 (2008)
လူဦးရေတိုးနှုန်း 0.064 % (2008)
မွေးဖွားနှုန်း 14.87 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 8.23 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 66.81 နှစ်
မ - 72.25 နှစ်
စုစုပေါင်း - 69.46 နှစ်(2008)
လူမျိုး
ဂရင်းလန်း
တိုင်းရင်းသားလူမျိုး
ဂရင်းလန်း - 88 %
ဒိန်းမတ် နှင့် အခြား - 12 %
ကိုးကွယ်မှု
ဧ၀ံဂလိ လူသီရန်
ဘာသာစကား
ဂရင်းလန်းစကား ၊ဒိန်းမတ် ၊အင်္ဂလိပ်။
မြို့တော်
နူး (စ်) (Nuuk)















Tuesday, August 11, 2009
0000
Posted in:
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။