August 1, 2009

Cayman Islands


၄၂။ကေမန်းကျွန်း
(Cayman Islands)

နောက်ခံသမိုင်း အကျဉ်း
(၁၈) ရာစု နှင့် (၁၉) ရာစု များကြားတွင် ကေမန်ကျွန်းများကို ဂျမေကာထံမှ ဗြိတိသျှက သိမ်းပိုက် ကိုလိုနီပြုခဲ့သည်။ ၁၈၆၃ ခုနှစ်နောက်ပိုင်းတွင် ဂျမေကာအစိုးရမှ အုပ်ချုပ်ခဲ့သည်။ ၁၉၅၉ တွင် အနောက် အိန္ဒိယ ဖက်ဒရေးရှင်း ပြည်ထောင်စုဝင် တစ်ခုဖြစ်လာခဲ့သည်။ ၁၉၆၂ ခုနှစ် ဖက်ဒရေးရှင်း ပြိုကွဲသွားသောအခါ ကေမန်းကျွန်းနိုင်ငံသည် ဗြိတိသျှလက်အောက် ခိုလှုံခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
ကာရစ်ဘီယံ။ ဂရင်းကေမန်း ။ ကေမန်းဘရာစ့်။ လစ်တဲကေမန်း စသည့် ကျွန်းသုံးခုပါဝင်သည့် ကာရစ်ဘီယံ ပင်လယ်အတွင်းရှိကျွန်းစု။ ကျူးဘားတောင်ဘက် 240 km ဂျမေကာ အနောက်မြောက်ဘက် 268 km

မြေပုံအညွှန်း
အမေရိက အလယ်ပိုင်း ၊ကာရစ်ဘီယံ ။

ဧရိယာ
ကုန်းမြေ - 262 sq km
ရေ - 0 sq km
စုစုပေါင်း - 262 sq km

ထိစပ်နယ်မြေ
မရှိ ။

ကမ်းရိုးတန်း
160 km

ရာသီဥတု
အပူပိုင်း ပင်လယ်ရာသီဥတု ။ မိုးရွာသွန်း၍ နွေးထွေးသောနွေရာသီ
(မေလ မှ အောက်တိုဘာလ အထိ) အေး၍ အတော်အတန်
ခြောက်သွေ့သောဆောင်းရာသီ (နိုဝင်ဘာလမှ ဧပြီလ အထိ)

မြေမျက်နှာသွင်ပြင်
ထုံးကျောက်အောက်ခံမြေနိမ့်တွင် သန္တာကျောက်တန်းများဖြင့်ဝန်းရံလျက်ရှိ။

မျက်နှာပြင်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကာရစ်ဘီယံပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း ကေမန်ဘရာစ့် ရှိ ကမ်းပါးပြတ် - 43 m

သဘာဝအရင်းအမြစ်
ငါး ။ ခရီးသွားများကို စွဲဆောင်မှုရှိသော ရာသီဥတုနှင့် ကမ်းခြေများ။

လူ့အရင်းအမြစ်
လူဦးရေ 47862 ဦးရေ (2008)
လူဦးရေတိုးနှုန်း 2.449 % (2008)
မွေးဖွားနှုန်း 12.43 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 4.83 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 77.68 နှစ်
မ - 83 နှစ်
စုစုပေါင်း - 80.32 နှစ် (2008)

လူမျိုး
ကေမန်းနီးယန်း ။

တိုင်းရင်းသားလူမျိုး
သွေးနှာ - 40 %
လူဖြူ - 20 %
လူမဲ - 20 %
ပြည်ပပြောင်းရွှေ့  - 20 %

ကိုးကွယ်မှု
ဘုရားသခင်ကျောင်းတော် - 26 %
စုပေါင်းကျောင်းတော် - 11.8 %
ရိုမန်ကက်သလစ် - 4 %
ဘက်စတစ် - 8.7 %
ဘဖဲဗင်းဒေးအက်ဗန်တစ် - 8.2 %
အင်ဂရီကန် - 5.7 %
ပန်တယ်ကိုစတယ် - 5.3 %
အခြားခရစ်ယာန် - 2.7 %
ဂိုဏ်းဂဏမခွဲသူ - 5.8 %
အခြား - 3.8 %
ဘာသာမဲ့ - 9.8 %
အမည်မသိ - 1.1 %

ဘာသာစကား
အင်္ဂလိပ် - 95 %
စပိန် - 3.2 %
အခြား - 1.8 %

မြို့တော်
ဂျော့တောင်း (George Towm)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။