
၄၁။ကိပ်ဗာဒီ(Cape Verde)
Republic of Cape Verde
နောက်ခံသမိုင်း အကျဉ်း
လူသူနေထိုင်ခြင်း မရှိသေးသော ဆီနီဂေါကမ်းလွန်ပင်လယ်ပြင် အတွင်းရှိကျွန်းများကို (၁၅) ရာစုတွင် ပေါ်တူဂီက ရှာဖွေတွေ့ရှိခဲ့ပြီး ကိုလိုနီအဖြစ် သိမ်းပိုက်ခဲ့သည်။ ထို့နောက်တွင် ကိပ်ဗာဒီသည် အာဖရိက ကျွန်းကူး သန်းရောင်းဝယ်ရေးအချက်အခြာဒေသ ဖြစ်လာခဲ့ပြီး ဝေလငါးဖမ်းသဘောင်္များနှင့် အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်ခရီးသွားသောသင်္ဘောများ ကျောက်မီးသွေးနှင့် ရိက္ခာဖြည့်တင်းရန်အတွက် တထောက်နားရန်ဒေသ ဖြစ် လာခဲ့သည်။ ၁၉၇၅ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဂူနီးယား - သစ်တောနှင့် ယာယီပူပေါင်းပြုမူခဲ့သည်။ တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ပါတီစုံရွေးကော်ပွဲကျင်းပခဲ့သည်။ ကိပ်ဗာဒီသည် အာဖရိကတွင် အတည်ငြိမ်ဆုံးဒီမိုကရေစီနိုင်ငံများတွင် တစ်နိုင်ငံအပါအ၀င်ဖြစ်သည်။ (၂၀) ရာစု၏ဒုတိယရာစုဝက်တွင် မိုးခေါင် ရေရှားမှုများ မကြာခဏဖြစ်ပွားခဲ့ခြင်းကြောင့် လူအများအပြားနိုင်ငံရပ်ခြားသို့ ပြောင်းရွေ့ ထွက်ခွာသွားကြသည်။ ထို့ကြောင့် ပြည်ပသို့စွန့်ခွာထွက်သွားသူ အရေအတွက်သည် ပြည်တွင်းနေထိုင် ကျန်ရစ်သူဦးရေထက် များပြားလျက်ရှိသည်။ ကိပ်ဗာဒီလူမျိုးအများစုသည် အာဖရိကနှင့်ပေါ်တူဂီ လူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်သည်။
ပထ၀ီ အနေအထား
တည်နေရာ
အနောက်အာဖရိက ။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းအုပ်စု။ ဆီနီဂေါ၏ အနောက်ဘက်။
မြေပုံအညွှန်း
ကမ္ဘာ့နိုင်ငံရေး မြေပုံ ။
ဧရိယာ
ကုန်းမြေ - 4033 sq km
ရေ - 0 sq km
စုစုပေါင်း - 4033 SQ KM
ထိစပ်နယ်မြေ
မရှိ ။
ကမ်းရိုးတန်း
965 SQ KM
ရာသီဥတု
အပူချိန်မျှတ ။ နွေးထွေးခြောက်သွေ့သောနွေရာသီ ။ မိုးအလွန်နည်း ။ရာသီဥတု အပြောင်းအလဲမြန်ဆန် ။
မြေမျက်နှာသွင်ပြင်
မတ်စောက် ။ကြမ်းတမ်း ။ ကျောက်ဆောင်ပေါများ။ မီးတောင်ကျွန်း ။
မျက်နှာပြင်ထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ - 0 M
အမြင့်ဆုံးအပိုင်း ဖိုရိုတောင် 2,829 M (ဖိုရိုကျွန်းပေါ်ရှိမီးတောင်)
သဘာဝအရင်းအမြစ်
ဆား၊ ချော်ကျောက်နက်၊ ထုံးကျောက်၊ မြေစေးဖြူ ၊ ငါး ၊ ရွှံ့စေး ၊
ဂျစ်ပဆစ်ကျောက် (ကျောက်ပတ်တီးပြုလုပ်ရာတွင်သုံးသော မြေစေးဖြူ)
လူ့အရင်းအမြစ်
လူဦးရေ 426,998 ဦးရေ (2008)
လူဦးရေတိုးနှုန်း 0.595% (2008)
မွေးဖွားနှုန်း 23.95/1000 ဦးရေ (2008)
သေဆုံးနှုန်း 6.26/1000 ဦးရေ (2008)
ပျှမ်းမျှအသက်
လူမျိုး
ကိပ်ဗာဒီ
တိုင်းရင်းသားလူမျိုး
ခရီအိုး (မူလက်တို) – 71 %
အာဖရိကန် - 28 %
ဥရောပ - 1 %
ကိုးကွယ်မှု
ရိုမန်ကက်သလစ် ။ ပရိုတက်စတစ်။
ဘာသာစကား
ပေါ်တူဂီ ။ခရီအိုယူလို ။
မြို့တော်
ပရာအီရာ (PRAIA)















Friday, July 31, 2009
0000
Posted in:
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။