July 31, 2009

Canada



၄၀။ကနေဒါ
(CANADA)

နောက်ခံသမိုင်းအကျဉ်း
ကြီးမားကျယ်ပြန့်၍ သဘာဝ အရင်းအမြစ် ပေါကြွယ်ဝသော ကနေဒါနိုင်ငံသည် ၁၈၆၇ ခုနှစ်တွင် ဗြိတိသျှ ဘုရင့်နိုင်ငံတော်နှင့် ဆက်ဆံရေး ခိုင်မြဲစေလျက် ကိုယ်ပိုင် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ ၄င်း၏ တောင်ဘက်ရှိ အိမ်နီးချင်း အမေရိကန် ပြည်ထောင်စုနှင့် အပြိုင် စီးပွားရေး နယ်ပယ် နည်းပညာနယ်ပယ်များ တွင် ဖွံ့ဖြိုး တိုးတက်ခဲ့သည်။ ကျန်းမာရေး ပညာရေး တိုးတက်အဆင့်မြင့်ရေးအတွက် လူထုတောင်းဆိုမှုများနှင့် ပြင်သစ် စကားပြော ကျူးဘက်လူမျိုးတို့၏ ခွဲထွက်ရေးကိစ္စ စသည့် နိုင်ငံရေးအခတ်အခဲများရင်ဆိုင်ရလျက်ရှိ သည်။ အမျိုးမျိုးသောစွမ်းအင်အရင်းအမြစ်များ တိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်ရန် ဦးတည်ချက်ထားသည့် တစ် ဘက်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်။



ပထ၀ီ အနေအထား
တည်နေရာ
မြောက်အမေရိကမြောက်ပိုင်း ။ အရှေ့ဘက်တွင် မြောက်အတ္တလန္တိတ်သမုဒ္ဒရာနှင့် ထိစပ်။ အနောက်ဘက်တွင် မြောက်ပစိဖိတ်သမုဒ္ဒရာနှင့်ထိစပ်။မြောက်ဘက်တွင် အာတိတ်သမုဒ္ဒရာနှင့်ထိစပ်။ အမေရိကန်ပြည်ထောင်စု၏ မြောက်ဘက် နယ်နိမိတ် ထိစပ်နိုင်ငံ။

မြေပုံအညွှန်း
မြောက်အမေရိက ။

ဧရိယာ
ကုန်းမြေ - 9,093,507 SQ KM
ရေ - 891,163 SQ KM
စုစုပေါင်း - 9,984,670 SQ KM

ထိစပ်နယ်မြေ
အမေရိကန်ပြည်ထောင်စု - 8,893 KM

ကမ်းရိုးတန်း
202,080 KM

ရာသီဥတု
တောင်ပိုင်း အပူချိန်မျှတသော ရာသီဥတု ။အာတိတ်စက်ဝိုင်းရာသီဥတု ။မြောက်ပိုင်း အာတိတ်ရာသီဥတု။

မြေမျက်နှာသွင်ပြင်
မြေပြန့်အများစု ။ အနောက်ဘက်တွင်တောင်များနှင့် အရှေ့တောင်ဘက်တွင် မြေနိမ့်များရှိ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ - 0 M
အမြင့်ဆုံးအပိုင်း လိုဂန်တောင် - 5959 M

သဘာဝအရင်းအမြစ်
သံရိုင်း ၊ နီတယ် ၊ သွပ် ၊ ကြေးနီ ၊ ရွှေ ၊ခဲ ၊ မိုလစ်ဒီနမ် ၊ ပိုတက်၊ စိန် ၊ ငွေ ၊ သစ် ၊
ငါး ၊ သဘာဝသားရဲ ၊ ရေနံ ၊ သဘာဝဓါတ်ငွေ့ ၊ ရေအားလျှပ်စစ် ။

လူ့ အရင်းအမြစ်
လူဦးရေ 33,212,696 ဦးရေ (2008)
လူဦးရေတိုးနှုန်း 0.83 % (2008)
မွေးဖွားနှုန်း 10.29 /1000 ဦးရေ (2008)
သေဆုံးနှုန်း 7.61 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 78.65 နှစ်
မ - 83.81 နှစ်
စုစုပေါင်း - 81.16 နှစ် (2008)

လူမျိုး
ကနေဒီယန်း ။

တိုင်းရင်းသားလူမျိုး
မူလဗြိတိသျှ ကျွန်းသား - 28 %
မူလပြင်သစ် - 23 %
အခြားဥရောပသားများ - 15 %
အမေရင်းဒီးယန်း - 2 %
အာရှ နှင့်အာဖရိက နှင့်အာရပ် 6 %
သွေးနှော - 26 %

ကိုးကွယ်မှု
ရိုမန်ကက်ကသလစ် - 42.6 %
ပရိုတက်စတင့်  - 23.3 %
အခြားခရစ်ယာန် - 4.4 %
မွတ်စလင် - 1.9 %
အခြားဘာသာများနှင့်အမည်မသိဘာသာများ - 11.8 %
ဘာသာမဲ့ - 16 %

ဘာသာစကား
အင်္ဂလိပ် (ရုံးသုံး) - 59.3 %
ပြင်သစ် (ရုံးသုံး) - 23.2 %
အခြား - 17.5 %

မြို့တော်
အော့တာခါ (OTTAWA)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။