July 29, 2009

Republic of Botswana



၂၉။ဘော့စွါနာ(Botswana)
Republic of Botswana
နောက်ခံသမိုင်း အကျဉ်း
ယခင်ဗြိတိန်လက်အောက်ခံ ဘက်ချွမ်နာလန်းသည် ၁၉၉၆ ခုနှစ်တွင် လွတ်လပ်ရေးရသောအခါ ဘော့စွါနာအမည်သို့ပြောင်းလဲခေါ်ဝေါ် ခဲ့သည်။ နှစ်လေးဆယ်ခန့် အရပ်ဘက်ခေါင်းဆောင်များသာ အုပ်ချုပ်လျက် ရှိပြီး တိုးတက်သော လူမှုရေးဝါဒများ ၊ အောင်မြင်သော အဓိကရင်းနှီးမြုပ်နှံမှုများကြောင့် အာာဖရိကတိုက်တွင် အတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံများထဲမှတစ်နိုင်ငံ ဖြစ်သည်။ စိန်တူးဖော်ခြင်းလုပ်ငန်းမှာ တိုင်းပြည်၏အဓိက စီးပွါး ရေးဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက် လျက်ရှိပြီး သဘာဝတောတောင် အရင်းအမြစ်များပေါကြွယ်ဝခြင်းကြောင့် ခရီးသွားလုပ်ငန်းလည်း ဖြစ်ထွန်း အောင်မြင်သည်။ ဘော့စွါနာသည် ကမ္ဘာပေါ်တွင် HIV/ AIDS ကူးစက်မှုနှုန်းအမြင့်ဆုံး နိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်၏။ သို့သော် HIV/ AIDS စနစ်တကျတားဆီးကာကွယ်ဆောင်ရွက်မှုများမှာလည်း အာဖရိကတွင် အတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်၏ ။



ပထ၀ီ အနေအထား
တည်နေရာ
အာဖရိကတောင်ဘက် ။တောင်အာဖရိကနိုင်ငံမြောက်ဘက်။

မြေပုံအညွှန်း
အာဖရိက ။

ဧရိယာ
ကုန်းမြေ - 600,370 sq km
ရေ - 15,000 sq km
စုစုပေါင်း - 600,370 sq km

ထိစပ်နယ်မြေ
နမ်မီးဘီးယား - 1360 km
တောင်အာဖရိက - 1840 km
ဇင်ဘာဘွေ - 831 km


ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
မိုးနည်းပါး ။ နွေးထွေးသော ဆောင်းရာသီနှင့် ပူသောနွေရာသီ ရှိ။

မြေမျက်နှာသွင်ပြင်
အများအားဖြင့်ပြန့်ပြူးညီညာ၍ အနည်းငယ်လှိုင်းတွန့်သော မြေပြန့်ရှိ။
အနောက်တောင်ဘက်တွင ခါလါဟာရီ ကန္တာရရှိ ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း လင်ပိုပို နှင့် ရှာရှီမြစ်ဆုံ - 513 m
အမြင့်ဆုံးအပိုင်း ရှိုဒီလို တောင်ကုန်း - 1,489 m

သဘာဝအရင်းအမြစ်
စိန် ၊ ကြေးနီ ၊ နီကယ်၊ ဆား ၊ ဆိုဒါပြာ ၊ပိုတက် ၊ ကျောက်မီးသွေး ၊ သံရိုင်း ၊ ငွေ ။

လူ့အရင်းအမြစ်
လူဦးရေ 1842,323 ဦးရေ
လူဦးရေတိုးနှုန်း 1.434 % (2008)
မွေးဖွားနှုန်း 22.96 /1000ဦးရေ (2008)
သေဆုံးနှုန်း 14.02 /1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 51.28 နှစ်
မ - 49.02 နှစ်
စုစုပေါင်း - 50.16 နှစ် (2008)


HIV/AIDS ရောဂါသည် 350,000 (2003)
HIV/AIDS ဖြင့်သေဆုံးသူ 33,000 (2003)

လူမျိုး
မော့စွါနာ (အနည်းကိန်း)
ဘက်စွါနာ (အများကိန်း)

တိုင်းရင်းသားလူမျိုး
ရှဝါနာ (ဆက်စွါနာ) – 79 %
ကလန်ဂါ - 11 %
ဘဆာဝါ - 3 %
ဂလာဂါဒီ နှင့် လူဖြူအပါအ၀င် အခြား - 7 %

ကိုးကွယ်မှု
ခရစ်ယာန် - 71.6 %
ဘာဒီမို - 6 %
အခြား - 1.4 %
အမည်မသိ - 0.4 %
ဘာသာမဲ့ - 20.6 %


ဘာသာစကား
ဆက်စွါနာ - 78.2 %
ကလန်ဂါ - 7.9 %
ဆက်ဂလာဂါဒီ - 2.8 %
အင်္ဂလိပ် - 2.1 % (ရုံးသုံး)
အခြား - 8.6 %
အမည်မသိ - 0.4 %

မြို့တော်
ဂါဘိုရွန် (Gaborone)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။