July 29, 2009

Bosnia and Herzegovina



၂၈။ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား
Bosnia and Herzegovina
နောက်ခံသမိုင်း အကျဉ်း
1991 အောက်တိုဘာလတွင် ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနားက အချုပ်အခြာအာဏာပိုင်နိုင်ငံတစ် နိုင်ငံအဖြစ် ကြေငြာခဲ့သည်။ ထို့နောက် ဆာ့(ဘ်)လူမျိုးတို့ လူထုဆန္ဒခံယူပွဲသပိတ်မှောက်ပြီးနောက် 1992 မတ်လ (၃) ရက်နေ့တွင် ယခင်ယူရိုဆလားဗီးယားပြည်ထောင်စုထံမှ လွတ်လပ်ရေးကြငြာခဲ့သည်။ ဘော့စနီးယား -ဆာ့ (ဘ်)တို့က ၄င်းတို့တိုင်းရင်းသားဒေသကို ဘော့စနီးယားဒေသမှ ခွဲထုတ်၍ လက်ရှိထိန်းသိမ်းနယ်မြေနှင့် ပူးပေါင်းကာ ဂရိတ်တာဆားဘီးယား ထူထောင်လိုကြသည်။ အိမ်နီးချင်း ဆားဘီးယားနှင့် မွန်တီနီဂရိုကဆာ့(ဘ်)တို့ကို ထောက်ပံ့ကူညီလျက်ရှိသည်။ ၁၉၉၄ မတ်လတွင် ဘော့စနီယက်နှင့်ခရုတ် တို့သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ တိုက်ခိုက်ရေးအုပ်စုသုံးစုမှ နှစ်ခုသို့လျှော့ချရန်နှင့် ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနား၏ ဘော့စနီယက် - ခရုတ်ပူးပေါင်း ဖယ်ဒရေးရှင်း တစ်ခု တည်ထောင်ရန် သဘောတူညီခဲ့သည်။ ၁၉၉၅ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ၊အိုဟိုင်းအိုးပြည်နယ် ၊ ဒေတွန်မြို့တွင် တိုင်းရင်းသားလူမျိုးစုအချင်းချင်း (၃)နှစ်ကြာ အပစ်အခတ်ရပ်ဆဲရေး စာချုပ်တစ်ခုကို ပြည်တွင်းစစ်ဆင်နွှဲနေသော ပါတီများမှ ပဏာမ လက်မှတ်ရေးထိုး သဘောတူခဲ့ကြသည်။ ထို့နောက် အပြီးသတ်သဘောတူညီချက်စာချုပ်ကို 1994 ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ပြင်သစ်နိုင်ငံပဲရစ်မြို့၌ လက်မှတ်ထိုးခဲ့ကြသည်။ ဒေတွန်ငြိမ်းချမ်ရေးစာချုပ် (The Dayton peace Accords)အရ ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနားက နိုင်ငံတကာနယ်မြေ သတ်မှတ်မှုရရှိခဲ့ပြီး နိုင်ငံခြားရေး၊ သံတမန်ရေး ၊ ဘဏ္ဍာရေးပေါ်လစီများကို တာဝန်ယူဆောင်ရွက်ရသောတိုင်းရင်းသားပေါင်းစုံပါဝင်သည့် ဒီမိုကရေစီအစိုးရ တစ်ရပ်ကို တည်ထောင်နိုင်ခဲ့သည်။ နောက်ထပ် သဘောတူညီမှုတစ်ခုမှာ နယ်မြေအရွယ်အစားချင်း အကြမ်းဖျင်းတူညီသော ဘော့စနီးယားနှင့် မွန်တီနီဂရိုး၏ ဘော့စနီးယက် ခရုတ်ဖယ်ဒရယ်နှင့် ဘော့စနီးယန်း ဆာ့(ဘ်)တို့ထိန်းချုပ်သော ရီပတ်ပလီကာဆာပ်စကာ(RS)ဒေသနှစ်ခုပေါင်းစပ် အုပ်ချုပ်မည့် ဒုတိယအဆင့် အစိုးရတစ်ရပ် ထားရှိရေးဖြစ်သည်။ ဖယ်ဒရယ်အစိုးရနှင့် ရီပတ်ပလီကာဆာပ်စကာ(RS) အစိုးရတို့သည် လုပ်ပိုင်ခွင့် အတော်များများရှိကြသည်။ သဘောတူညီချက်ပါ လူထုကိစ္စရပ်များကို စောင့်ကြပ် ကြည့်ရှုရန် အထက်ကိုယ်စလှယ်ရုံး (Office of the High Representative – OHR ) တစ်ခုဖွဲ့စည်းခဲ့သည်။ သဘောတူညီချက်ပါ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များကို စောင့်ကြည့်ဆောင်ရွက်ရန် ၁၉၉၅ - ၉၆ တွင် နေတိုး (NATO) ဦးစီးသော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးထိန်းသိမ်းရေး(IFOR) တပ်သား ၆၀၀၀၀ ဘော့စနီးယား၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ထပ်မံပေါ်ပေါက်လာသော သတ်ဖြတ်ညှင်းပန်းမှုများကို စုံစမ်းစစ်ဆေးရန် (IFOR) နေရာ၌ ၄င်းထက်တပ်သားအရေအတွက် ပိုနည်းသော နေတိုး (NATO) ဦးဆောင်သော ငြိမ်ဝပ်ပိပြားရေးတပ်(SFOR)က အစားထိုးတာဝန်ယူခဲ့သည်။ ဆက်လက်၍ ၂၀၀၄ ဒီဇင်ဘာလ တွင် နိုင်ငံတစ်ဝှမ်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးထိန်းသိမ်းရန်ဥရောပသမဂ္ဂငြိမ်းချမ်းေးရး (EUFOR) တပ်များကို (SFOR) တပ်များနှင့် အစားထိုး စေလွှတ်ခဲ့သည်။ (EUFOR) တပ်များသည် နောက်ပိုင်းတွင်ငြိမ်းချမ်းရေးတာဝန်မှ အရပ်ဘက်ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ပြီး တပ်သားအရေအတွက် 7000 မှ 2500 သို့ လျှော့ချခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အနောက်တောင်ဥရောပ ။ ခရိုအေးရှား နိုင်ငံ နှင့် အက်ဒရီအေးတစ်ပင်လယ်တို့နှင့်ထိစပ်။

မြေပုံအညွှန်း
ဥရောပ ။

ဧရိယာ
ကုန်းမြေ - 51,197 sq km
ရေ - 122 sq km
စုစုပေါင်း - 51,2092 sq km

ထိစပ်နယ်မြေ
ခရိုအေအးရှား - 932 km
မွန်တီနီဂရိုး - 249 km
ဆားဘီးယား - 357 km
စုစုပေါင်း - 1538 km

ကမ်းရိုးတန်း
20 km

ရာသီဥတု
ပူသောနွေရာသီ ။ အေးသောဆောင်းရာသီ ။ ပင်လယ်ပြင်မျက်နှာပြင်ထက် အမြင့်ပေများသော
ဒေသများတွင် တိုတောင်း၍အေးသော နွေရာသီရှိပြီး ရှည်လျား၍ ပြင်းထန်သော ဆောင်းရာသီရှိသည်။
ကမ်းရိုးတန်းတလျောက်တွင်သင့်တင့်မျှတပြီး မိုးရွာလေ့ရှိသောဆောင်းရာသီရှိသည်။

မြေမျက်နှာသွင်ပြင်
တောင်များနှင့်တောင်ကြားဒေသများရှိ။


မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အက်ဒ၇ီးအေးတစ် ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း မတ်ဂလစ် - 2,386 m

သဘာဝအရင်းအမြစ်
ကျောက်မီးသွေး ၊ သံရိုင်း ၊ ဘောက်ဇိုက်သတ္တု ၊ ကြေးနီ ၊ခဲ ၊ သွပ် ၊ ခရိုမိုက် ၊
ကိုဗော့သတ္တု ၊ မဂ္ဂနိ ၊ နီကယ် ၊ ရွှံ့စေး ၊ မြေဖြူကျောက် ၊ ဆား ၊ သဲ ၊ သစ်တောရေအားလျှပ်စစ်။


လူ့အရင်းအမြစ်
လူဦးရေ 4,590,310 ဦးရေ (2008)
လူဦးရေတိုးနှုန်း 0.666 % (2008)
မွေးဖွားနှုန်း 8.82 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 8.54 /1000 ဦးရေ (2008)
ပျှမ်းမျှသက်တမ်း ကျား - 74.74 နှစ်
မ - 82.19 နှစ်
စုစုပေါင်း - 78.33 နှစ်

လူမျိုး
ဘော့စနီးယန်း ၊ ဟာဗီရိုဗီးယန်း

တိုင်းရင်းသားလူမျိုး
ဘော့စနီယက် - 48 %
ဆာ့(ဘ) - 37.1%
ခရုတ် - 14.3 %
အခြား - 0.6 %

ကိုးကွယ်မှု
မွတ်စလင် - 40 %
အော့သိုဒေါ့ - 31 %
ရိုမန်ကက်သလစ် - 15 %
အခြား - 14 %

ဘာသာစကား
ဘော့စနီးယန်း ၊ ခရိုအေးရှင်း ၊ ဆာဗီယန် ၊

မြို့တော်
ဆာရာယေဗို (Sarajevo)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။