July 29, 2009

ဘိုးဗက်ကျွန်း(နော်ဝေအပိုင်)



၃၀။ဘိုးဗက်ကျွန်း(နော်ဝေအပိုင်)
နောက်ခံသမိုင်း အကျဉ်း
၎င်းကျွန်းပေါ်တွင် လူသူနေထိုင်မှုမရှိပေ။ မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော ယင်းကျွန်းပေါ်တွင် ရေခဲလွှာများဖြင့် ဖုံးလွှမ်းလျက်ရှိပြီး သွားရောက်ရန်ခက်ခဲသည်။ 1793 တွင် ပြင်သစ်ရေကြောင်းအရာရှိတစ် ဦးက ရှာဖွေတွေ့ရှိခဲ့ပြီး ကျွန်း၏အမည်ကို ၄င်း၏အမည်အတိုင်းမှည့်ခေါ်ခဲ့သည်။ 1825 တွင် ဗြိတိသျှတို့ ကျွန်းပေါ် ရောက်ရှိချိန်တွင် မည်သူကမျှပိုင်ဆိုင်ကြောင်း အငြင်းမပွားခဲ့ကြပေ။ 1928 တွင် ကျွန်းကိုနော်ဝေက သိမ်းပိုက်လိုက်သောအခါ ဗြိတိသျှတို့ စွန့်လွတ်ခဲ့သည်။ 1917 ခုနှစ်တွင် ဘိုးဗက်ကျွန်းဟု အမည်ပေးခဲ့ပြီး ကျွန်းပတ်ဝန်းကျင် ရေပိုင်နက်ကို ဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ !997 ခုနှစ်မှစ၍ ကျွန်းပေါ်တွင် အလိုအလျောက် မိုးလေ၀သ လေ့လာရေးစခန်းတစ်ခု တည်ထောင်ခဲ့သည်။


ပထ၀ီ အနေအထား
တည်နေရာ
တောင်အတ္တလန္တိတ် သမုဒ္ဒရာ ။ တောင်အာဖရိက ဂွတ်ဟုပ်အငူ၏ အနောက်တောင်ဘက်။

မြေပုံအညွှန်း
အတ္တလန္တိတ် ဒေသ ။

ဧရိယာ
ကုန်းမြေ - 49 sq km
ရေ - 0 sq km
စုစုပေါင်း - 49 sq km

ထိစပ်နယ်မြေ
မရှိ ။

ကမ်းရိုးတန်း
29.6 k m

ရာသီဥတု
တောင်ဝန်ရိုးစွန်းရာသီဥတု ။

မြေမျက်နှာသွင်ပြင်
မီးတောင်ဆန်သောမြေ ။ အသုံးပြု၍မရသောကမ်းရိုးတန်း ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးဒအပိုင်း တောင်အတ္တလန္တိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း အိုလက် တောင်ထွဋ် - 933 m

သဘာဝအရင်းအမြစ်
မရှိ ။

လူ့အရင်းအမြစ်
လူနေထိုင်ခြင်းမရှိ

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။