July 29, 2009

Federative Republic of Brazil



၃၁။ဘရာဇီး(Brazil)
Federative Republic of Brazil
နောက်ခံသမိုင်း အကျဉ်း
ရာစုနှစ်သုံးစုကျော်ကြာအောင် ပေါ်တူဂီ လက်အောက်ခံနိုင်ငံအဖြစ် နေခဲ့ပြီးနောက် 1822ခုနှစ်တွင် ငြိမ်း ချမ်းစွာ လွတ်လပ်ရေး ရရှိခဲ့သည်။ 1888 ခုနှစ်တွင် ကျွန်စနစ် ဖျက်သိမ်းလိုက်သည့်အချိန်အထိ ဘုရင်စနစ်ကို ဖျက်သိမ်းပြီး သမ္မတနိုင်ငံ ကြေငြာခဲ့သည်။ ဘရာဇီး ကော်ဖီပို့ကုန်လုပ်ငန်းရှင်များက နိုင်ငံရေးနယ်ပယ်တွင် နေရာရှိခဲ့ပြီး 1930 တွင် လူကြိုက်များသော ဂတ်တူလီယိုဗားဂက်(စ်) (Getulio Uargas) အာဏာ ရလာခဲ့သည်။ တောင်အမေရိကတိုက်တွင် အကြီးဆုံးနှင့် လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရာစုနှစ် တ၀က်ကျော် စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ 1985 တွင် အရပ်သားအစိုးရထံ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးခဲ့သည်။ နိုင်ငံတွင် စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်ခဲ့သည်။ သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှု ၊ လုပ်သားအရင်းအမြစ် ပေါကြွယ်ဝမှုတို့အပေါ် အခြေတည်၍ ယနေ့ဘရာဇီးနိုင်ငံသည် တောင်အမေရိက၏ ရှေ့ဆောင်စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒေသတွင်ဦးဆောင် နိုင်ငံတစ်နိုင်ငံ အဖြစ်ရပ်တည်လျက် ရှိသည်။ ၀င် ငွေကွာဟမှုနှုန်း မြင့်မားခြင်း၊ ရာဇ၀တ်မှုများ ပေါများခြင်းတို့သည်လည်း ပြဿနာ အဖြစ်ရှိနေသည်။

ပထ၀ီ အနေအထား
တည်နေရာ
တောင်အမေရိကတိုက် အရှေ့ပိုင်း။ အတ္တလန္တိတ် သမုဒ္ဒရာနှင့် ထိစပ် ။

မြေပုံအညွှန်း
တောင်အမေရိကတိုက် ။

ဧရိယာ
ကုန်းမြေ - 8,456,510 km
ရေ - 55,455 km
စုစုပေါင်း - 8,511,965 km

ထိစပ်နယ်မြေ
အာဂျင်တီးနား - 1,261 km
ဘိုလီးဗီးယား - 3,423 km
ကိုလမ်ဗီယာ - 1,644 km
ဖလန့်ဂူအာနာ - 730 km
ဂူယာနာ - 1,606 km
ပါရာဂွေး - 1,365 km
ပီရူး - 2,995 km
ဆူရီနိမ်း - 593 km
ဥရုဂွေး - 1,068 km
ဗင်နီဇွဲလား - 2,200 km

ကမ်းရိုးတန်း
7,491 km

ရာသီဥတု
အပူပိုင်းရာသီဥတု ။ တောင်ပိုင်းတွင် အပူချိန်မျှတ။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် ပြန့်ပြူးညီညာ၍ မြောက်ပိုင်းတွင် လှိုင်းတွန့်သဏ္ဍန်ရှိ။ ကျဉ်းမြောင်းသော ကမ်းရိုးတန်းပတ်လည်တွင် မြေပြန့်များ၊ တောင်ကုန်းများ၊ တောင်များဖြင့် ၀န်းရံထား။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ပီကို ဒါနက်ပလီနာ - 3,014 m


သဘာဝအရင်းအမြစ်
ဘောက်ဇိုက်သတ္တု ၊ရွှေ ၊ သံရိုင်း ၊ မဂ္ဂနိ ၊ နီတယ် ၊ဖေါ့စဖိတ် ၊သံဖြူ ၊ ယူရေနီယမ် ၊ရေအားလျှပ်စစ် ၊ သစ် ။

လူ့အရင်းအမြစ်
လူဦးရေ 196,342,592 ဦးရေ
လူဦးရေတိုးနှုန်း 1.228 % (2008)
မွေးဖွားနှုန်း 18.72 /1000 ဦးရေ (2008)
သေဆုံးနှုန်း 6.35 /1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 68.15 နှစ်
မ - 75.45 နှစ်
စုစုပေါင်း - 71.71 နှစ်


HIV/AIDS ကူးစက်နှုန်း - 0.7 % (2003)
HIV/AIDS ရောဂါသည် - 660,000 (2003)
HIV/AIDS ဖြင့်သေဆုံးသူ - 15,000 (2003)


လူမျိုး
ဘရာဇီးလီးယန်း

တိုင်းရင်းသားလူမျိုး
လူဖြူ - 53.71 %
မူလတို - 38.5 %
လူမည်း - 6.2 %
အခြား - 0.9 %
အမည်မသိ - 0.7 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 73.6 %
ပရိုတက်စတင့် - 15.4 %
နတ်ကိုးကွယ်မှု - 1.3 %
စုန်းကဝေကိုးကွယ်မှု - 0.3 %
အခြား - 1.8 %
အမည်မသိ - 0.2 %
ဘာသာမဲ့ - 7.4 %


ဘာသာစကား
ပေါ်တူဂီ (ရုံးသုံး ၊နိုင်ငံတစ်ဝှမ်းအများစုပြောဆို)စပိန် ၊ဂျာမန် ၊အီတလီ ၊ ဂျပန်၊ အင်္ဂလိပ် ၊ အမေရင်းဒီးယန်း ။

မြို့တော
ဘရာစီလီယာ (Brasilia)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။