July 30, 2009

British Indian Ocean Territory(BIOT)



၃၂။ဗြိတိသျှ အင်ဒီယန်း သမုဒ္ဒရာ ပိုက်နက်
(ဗြိတိန် ပိုက်နက်နယ်မြေ)
British Indian Ocean Territory (BIOT)
(Overseas territory of the UK)
နောက်ခံသမိုင်း အကျဉ်း
ဗြိတိန်ဘုရင် ကိုလိုနီ မော်ရီတီးယပ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ပထမဦးစွာ အုပ်ချုပ်ခဲ့ပြီး 1965 တွင် ဗြိတိသျှ အင်ဒီယန်း သမုဒ္ဒရာပိုင်နက် (British Indian Ocean Territory – BIOT) တည်ထောင်ခဲ့ပြီး ဗြိတိန် နိုင်ငံ၏ ပင်လယ်ရပ်ခြားနယ်မြေ အဖြစ်သတ်မှတ်ခဲ့သည်။ 1976 ခုနှစ် လွတ်လပ်ရေးရသောအခါ ကျွန်းများဖြင့်ဖွဲ့ စည်းထားသော ယင်းနယ်မြေကိုဆေးရှဲ(လ်စ်) (Seychelles) ဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထို့နောက်တွင်ကား အဓိကကျွန်းအုပ်စုခြောက်ခုပါဝင်သော ဟာဂေါ့(စ်) ကျွန်းစု (hagos Archipelago) သာ (BIOT) အဖြစ်ရှိတော့ သည်။ တောင်ဘက်စွန်းရှိ အကြီးဆုံး ဒိုင်ယေရို ဂါစီယာ ကျွန်းများသည် ဗြိတိန် - အမေရိကန် ပူးတွဲရေး တပ် ထောက်ပံ့ရေးဌာနဖြစ်သည်။ ကျန်ကျွန်းများမှာ လူသူနေထိုင်ခြင်းမရှိပေ။ 1967 မှ 1973 နှစ်များကြားကာလတွင် ကျွန်းများပေါ်တွင် ဦးစွာအခြေချနေထိုင်သူ စိုက်ပျိုးရေးအလုပ်သမားများကို မော်ရီတီးယပ် နှင့် ဆေးရှဲ(လ်စ်) သို့ ပြောင်းရွှေ့စေခဲ့သည်။ 1967 ခုနှစ်မှ 1973 ခုနှစ်အထိ စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့မှုများကြောင့် ရွှေ့ပြောင်း ခြင်းခံရသော ချာရိုစီယန် ကျွန်းသားများအတွက် လျော်ကြေးအနေဖြင့် ဗြိတိသျှအစိုးရက ရံပုံငွေတစ်ရပ် တည် ထောင်ပေးခဲ့သည်။ 1998 အစပိုင်းတွင် ကျွန်းသားများသည် လျော်ကြေးငွေ ပိုမိုရရှိရေးနှင့် ကျွန်းပေါ်တွင်ပြန်လည် နေထိုင်ခွင့်ရရေးအတွက်ဗြိတိသျှကို တရားစွဲဆိုခဲ့သည်။ 2005– 2007 ခုနှစ်များတွင် ဗြိတိသျှတရားရုံးမှ 2004 – BIOT ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတွင် ကျွန်းသားများကို နေထိုင်ခွင့်မပေးဘဲ၊ အထူးစစ်တပ်ထားရှိမှုကို ခွင့်ပြု ထားသော လူဝင်မှုပေါ်လစီများကို ဖျက်သိမ်းခဲ့သည်၊ 2005ခုနှစ်တွင် အမြင့်ဆုံးအယူခံရုံးဖြစ်သော အထက်လွှတ် တော် (House of Loards) က ဗြိတိသျှအစိုးရကို မျက်နှာသာပေးလျက်အောက်ရုံး၏ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး ချာရိုစီယန် ကျွန်းသားများ ပြန်လည် အခြေချခွင့်မရှိ ဟူ၍ဆုံးဖြတ်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အိန္ဒိယသမုဒ္ဒရာအတွင်းရှိကျွန်းစု။ အိန္ဒိယနိုင်ငံ၏တောင်ဘက်။အာဖရိကနှင့် အင်ဒိုနီးရှားလမ်းခုလပ်။

မြေပုံအညွှန်း
ကမ္ဘာ့နိုင်ငံရေးမြေပုံ ။

ဧရိယာ
ကုန်းမြေ - 60 sq km
ရေ - 54340 sq km
စုစုပေါင်း - 54,340 sq km

ထိစပ်နယ်မြေ
မရှိ ။

ကမ်းရိုးတန်း
698 km

ရာသီဥတု
အပူပိုင်း ပင်လယ်ရာသီဥတု။ ပူ၍စိုစွတ် ။ ကုန်သည်လေတိုက်ခတ်မှုကြောင့် သမမျှတသော ရာသီဥတုရှိ။

မြေမျက်နှာသွင်ပြင်
မြေနိမ့်ပြန့်ပြူး ။ (ကုန်းမြေအများစုမှာ နှစ်မီတာထက်ပိုမမြင့်ချေ)

ပင်လယ်ရေမျက်နှာပြင်အထက်
အနိမ့်ဆုံးအပိုင်း အိန္ဒိယသမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ဒီငယ်ရိုဂါစီယာရှိ အမည်မရှိနေရာတစ်ခု - 15 m

သဘာဝအရင်းအမြစ်
အုန်းသီး၊ ငါး၊ ကြံ။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။