
၃၃။ ဗြိတိသျှဗာဂျင်ကျွန်းများ
(ဗြိတိန်ပိုက်နက်နယ်မြေ)
British Virgin Islands
(overseas territory of the UK)
(ဗြိတိန်ပိုက်နက်နယ်မြေ)
British Virgin Islands
(overseas territory of the UK)
နောက်ခံသမိုင်း အကျဉ်း
အာရာဝတ်နှင့် ကာရစ်အင်ဒီယန်းလူမျိုးများ ပထမဆုံးအခြေချ နေထိုင်ခဲ့ကြသည်။ 1648 တွင် ဒတ်ခ်ျ လူမျိုးများ ရောက်ရှိလာပြီး 1672 တွင် အင်္ဂလိပ်က ကျုးကျော်ခဲ့သည်။ 1872 မှ 1960 အထိ ဗြိတိသျှကိုလိုနီ လီးဝါဒ့် ကျွန်းများ၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ခဲ့သည်။ 1967တွင် ကိုယ်ပိုင် အုပ်ချုပ်ရေးပေးခဲ့သည်။ စီးပွားရေးအရ အရွယ်အစားပိုမိုကြီးမားပြီး လူဦးရေပိုများသော အမေရိကန် ဗာဂျင်ကျွန်းများနှင့် အဓိက ဆက်နွယ်လုပ်ဆောင် လျက်ရှိပြီး အမေရိကန်ဒေါ်လာကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားသည်။
ပထ၀ီ အနေအထား
တည်နေရာ
ကာရစ်ဘီယန်။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ နှင့် ကာရစ်ဘီယန် ပင်လယ်ကြား။ ပေါ်တိုရီကို နိုင်ငံ၏အရှေ့ဘက်။
မြေပုံအညွှန်း
အမေရိကန်အလယ်ပိုင်း နှင့် ကာရစ်ဘီယံ။
ဧရိယာ
ကုန်းမြေ - 153 sq km
ရေ - 0 sq km
စုစုပေါင်း - 153 sq km
ထိစပ်နယ်မြေ
မရှိ ။
ကမ်းရိုးတန်း
80 km
ရာသီဥတု
အပူလျော့ပိုင်း။ စိုထိုင်း။ ကုန်သည်လေ တိုက်ခတ်မှုကြောင့် အပူချိန်မျှတ ။
မြေမျက်နှာသွင်ပြင်
အများအားဖြင့် ပြန့်ပြူးသော သန္တာကျွန်းများ။ မတ်စောက်သောတောင်ကုန်း ပေါများသောမီးတောင်ကျွန်း။
မျက်နာပြင်အထက်ခြားနားချက်
အနိမ့်ဆုံး အပိုင်း ကာရစ်ဘီယန် ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း ဆေ့ဂ်တောင် - 512 m
သဘာဝအရင်းအမြစ်
မရှိသလောက်နည်းပါး
လူ့အရင်းအမြစ်
လူဦးရေ 24,041 ဦးရေ (2008)
လူဦးရေတိုးနှုန်း 1.88 % (2008)
မွေးဖွားနှုန်း 14.72 /1000 ဦးရေ (2008)
သေဆုံးနှုန်း 4.37 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 75.88 နှစ်
မ - 78.32 နှစ်
စုစုပေါင်း - 77.07 နှစ် (2008)
လူမျိုး
ဗြိတိသျှဗာဂျင် ကျွန်းသား
တိုင်းရင်းသားလူမျိုး
လူမဲ - 83.4%
လူဖြူ - 7 %
သွေးနှော - 5.4 %
အင်ဒီးယန်း - 3.4 %
အခြား - 0.8 %
ကိုးကွယ်မှု
ပိရိုတက်စတင့် - 86 %
ရိုမန်ကက်သလစ် - 10 %
အခြား - 2 %
ဘာသာမဲ့ - 2 %
ဘာသာစကား
အင်္ဂလိပ် (ရုံးသုံး)
မြို့တော်
ရုဒ်တောင်း (Road Town)















Thursday, July 30, 2009
0000
Posted in:
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။