July 30, 2009

Brunei Darussalam



၃၄။ဘရူနိုင်း(Brunei)
Brunei Darussalam

နောက်ခံသမိုင်းအကျဉ်း
စူလတန်စော်ဘွားနိုင်ငံဖြစ်သောဘရူနိုင်းသည် (၁၅) ရာစု နှင့် (၁၇) ရာစုကြားတွင် ဘော်နီယို အနောက်မြောက် ကမ်းခြေတစ်လျောက်နှင့် ဖိလစ်ပိုင် တောင်ပိုင်းဒေသများအထိ ဩဇာလွှမ်းမိုးမှုရှိခဲ့သည်။ နောက်ပိုင်းတွင် နန်းတွင်းအရှုပ်အထွေးများ၊ ဥရောပတိုက်သားများ၏လွှမ်းမိုးလာမှုများ ၊ ပင်လယ်ဓါးပြများကြီးစိုးလာခြင်းများ ကြောင့် ဩဇာအာဏာကျဆင်းလာခဲ့သည်။ 1888 တွင် ဗြိတိသျှလက်အောက်ကျရောက်ခဲ့ပြီး 1984 တွင် လွတ် လပ်ရေး ရရှိခဲ့သည်။ ရာစုနှစ် (၆) ခုခန့်ကြာအောင် တော်ဝင်မိသားစုမျိုးဆက်တစ်ခုတည်းကအုပ်ချုပ်ခဲ့သည်။ ရေနံ၊ ဘာဝဓါတ်ငွေ့ ပေါကြွယ်ဝမှုကြောင့် စီးပွားဖြစ်ထွန်းခဲ့သည်။ အာရှတိုက်တွင် တစ်ဦးချင်း အသားတင် ပြည်တွင်း ထုတ်လုပ်မှုအမြင့်ဆုံးနိုင်ငံဖြစ်၏။

ပထ၀ီအနေ အထား
တည်နေရာ
အရှေ့တောင်အာရှ ၊တောင်တရုတ်ပင်လယ် ၊ မလေးရှားနိုင်ငံ တို့ နှင့်ထိစပ်။

မြေပုံအညွှန်း
အရှေ့တောင်အာရှ ။

ဧရိယာ
ကုန်းမြေ - 5270 sq km
ရေ - 500 sq km
စုစုပေါင်း - 5770 sq km


ထိစပ်နယ်မြေ
မလေးရှား - 381 km

ကမ်းရိုးတန်း
616 km

ရာသီဥတု
အပူပိုင်း ၊ စိုစွတ်၊ မိုးရွာသွန်း ။

မြေမျက်နှာသွင်ပြင်
ပန့်ပြူးသောကမ်းရိုးတန်းအဖြစ်မှအရှေ့တောင်များဆီသို့မြင့်တက်သွား။အနောက်ဘက်တွင်
တောင်ကုန်းပေါများသောမြေနိမ့်။


မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း တောင်တရုတ်ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း ဘူကစ်ပါဂွန် - 1850 m


သဘာဝအရင်းအမြစ်
ရေနံ ၊ သဘာဝဓါတ်ငွေ့ ၊ သစ်။

လူအရင်းအမြစ်
လူဦးရေ 381,371 (2008)
လူဦးရေတိုးနှုန်း 1.785 % (2008)
မွေးဖွားနှုန်း 18.34 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 3.28 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 73.32 နှစ်
မ - 77.83 နှစ်
စုစုပေါင်း - 75.52 နှစ်


လူမျိုး
ဘရူနိုင်း

တိုင်းရင်းသားလူမျိုး
မလေး - 66.3 %
တရုတ် - 11.2 %
ဒေသခံတိုင်းရင်း- 3.4 %
အခြား - 19.1 %


ကိုးကွယ်မှု
မွတ်စလင် (နိုင်ငံတော်ဘာသာ) 67 %
ဗုဒ္ဓ - 13 %
ခရစ်ယာန် - 10 %
အခြား - 10 %

ဘာသာစကား
မလေး (ရုံးသုံး) ၊အင်္ဂလိပ် ၊ တရုတ်။

မြို့တော်
ဘန်ဒါဆရီဘက်ဂါဝမ် (Bandar Seri Begawan)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။