July 25, 2009

Republic of Azerbaijan


၁၆။အဇါဘိုင်ဂျန်(Azerbaijan)
Republic of Azerbaijan

နောက်ခံသမိုင်းအကျဉ်း
တာကစ်နှင့် မွတ်စလင် အများစု နေထိုင်သော နိုင်ငံဖြစ်သည် ... ။ 1918 မှ 1920 ထိ (၂) နှစ်မျှ လွတ်လပ်ရေး ရပြီး ဆိုဗီယက် ယူနီယံ လက်အောက် ကျရောက်ခဲ့သည် ... ။ 1991 ဆိုဗီယက် ပြိုကွဲသော အခါလွတ်လပ်ရေး ပြန်လည် ရရှိခဲ့သည် ... ။ 1994 ခုနှစ် အပစ်အခတ် ရပ်ဆဲရေး သဘောတူ ညီမှုရှိသော်လည်း နာဂေါ်နို တာရာဘတ်(စ်) ဒေသနှင့် ပတ်သက်၍ အာမေးနီးယန်းနှင့် ပဋိပက္ခ ဖြစ်ပွားလျက် ရှိသည် ... ။ အဆိုပါ ပဋိပက္ခကြောင့် ... အဇါဘိုင်ဂျန် ပိုင်နက် 16% ဆုံးရှုံး လက်လွတ် လိုက်ရပြီး နိုင်ငံတွင်း ရွှေ့ပြောင်း အခြေချရသူ 600,000 ခန့်ကို ထောက်ပံ့ ကူညီပေးရသည် ... ။ အာဏာရှင် စနစ်ဖြင့် အုပ်ချူပ်သည်ဟု စွပ်စွဲ ခံရလျှက်ရှိပြီး အဂတိ လိုက်စားမှုနှုန်း မြင့်မားသည် ... ။ လွန်ခဲ့သော နှစ်များအတွင်း ဆင်းရဲမွဲတေမှုနှုန်း လျှော့ချနိုင်ခဲ့သည် ... ။ သို့သော် စွမ်းအင်ကဏ္ဍ ဖွံဖြိုးတိုးတက်မှုဖြင့် ... စီးပွားရေး တိုးတက်စေရန် ဆောင်ရွက်ပေးမည် ဆိုသော အစိုးရ၏ ကတိက၀တ်ကို မဖြည့်ဆည်းနိုင်သေးပေ ... ။

ပထ၀ီ အနေအထား
တည်နေရာ
အာရှအနောက်တောင်ဘက်။ ကက်စပီယန်ပင်လယ် နှင့် ထိစပ်လျက်ရှိပြီး ၊ အီရန် နှင့် ရုရှ နိုင်ငံများအကြား တည်ရှိသည်။ ကော့ကေးဆပ်တောင်တန်း မြောက်ဘက်ပိုင်းသည် ဥရောပ တိုက်ထဲ အနည်းငယ်ပါဝင်။

မြေပုံအညွှန်း
အာရှ။

ဧရိယာ
ကုန်းမြေ - 86, 100 sq km
ရေ - 500 sq km
စုစုပေါင်း - 86,600 sq km

ထိစပ်နယ်မြေ
အာမေးနီးယား (အဇါဘိုင်ဂျန် - ပရော်ပါ) 566 km
အာမေနီးယား (အဇာဘိုင်ဂျန် - နတ်ဇီဗန်) 221 km
ဂျော်ဂျီယာ - 322 km
အီရန် (အဇာဘိုင်ဂျန် - ပရော်ပါ) 432 km
အီရန် (အဇာဘိုင်ဂျန် - နတ်ဇီဗန်) 179 km
ရုရှ - 284 km
တူရကီ - 9 km

ကမ်းရိုးတန်း
ကတ်စပီယန်ပင်လယ် - 713 km

ရာသီဥတု
ခြောက်သွေ့ ။ မိုးနည်းသော စတက် (ပ်) မြက်ခင်း ။

မြေမျက်နှာသွင်ပြင်
ကြီးမားပြန့်ပြူးသော တာ - အာရတ် (ဇ)(ကူရာ - အာရတ် (စ) မြေနိမ့်ဒေသ)
(ယင်းဒေသ၏ အများစုမှာ ပင်လယ်ထက် နိမ့်ကျ)။မြောက်ဘက်တွင် ကော့ကေးဆပ်တောင်များရှိ။
အနောက်ဘက်တွင် တာရာဘတ် ကုန်းမြင့်။ကက်စပီယန် ပင်လယ်ထဲသို့ အက်စဖီရွန် ကျွန်းဆွယ်တိုးထွက် လျှက်ရှိ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကက်စပီယန် ပင်လယ်မျက်နှာထက် 28 m နိမ့်ဝင်။
အမြင့်ဆုံးအပိုင်း ဘာဇာနုဇူးဒါဂီ - 4,485 m

သဘာဝအရင်းအမြစ်
ရေနံ ၊ သဘာဝဓါတ်ငွေ့၊ သံရိုင်း၊ သံပါဝင်မှု မရှိသော သတ္တုများ ၊ ဘောက်ဆိုဒ်သတ္တု။

လူ့အရင်းအမြစ်
လူဦးရေ 8,177,717 (2008)
လူဦးရေတိုးနှုန်း 0.723 % (2008)
မွေးဖွားနှုန်း 17.52/1000 ဦးရေ (2008)
သေဆုံးနှုန်း 8.32/1000 ဦးရေ (2008)
ပျှမ်းမျှသက်တမ်း ကျား - 62.2 နှစ်
မ - 71 နှစ်
စုစုပေါင်း - 66.31 နှစ်

လူမျိုး
အဇါဘိုင်ဂျန်နီ

တိုင်းရင်းသားလူမျိုးစု
အဇာရီ - 90.6 %
ဒါဂတ်စတန်နီ - 2.2 %
ရုရှ - 1.8 %
အာမေးနီးယန်း - 1.5 %
အခြား - 3.9 %

ကိုးကွယ်မှု
မွတ်စလင် - 93.4 %
ရုရှအော်သိုဒေါ့ - 2.5 %
အာမေးနီးယန်း အော်သိုဒေါ့ - 2.3 %
အခြား - 1.8 %

ဘာသာစကား
အဇါဘိုင်ဂျန်နီ (အဇာရီ) - 90.3 %
လတ်ဂီ - 2.2 %
ရုရှ - 1.8 %
အာမေးနီးယန်း - 1.5 %
အခြား - 3.3 %
အမည်မသိ - 1 %

မြို့တော်
ဘာကူ (ဘာကီ) Baku (Baki,Baky)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။