July 24, 2009

Basic Political Science Part (11)

အခန်း (၁၁)
နိုင်ငံရေးအတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၈)

သမ္မတနိုင်ငံ (သို့) ပြည်သူ့သမ္မတနိုင်ငံများ၏ အစောပိုင်းကာလ

Niccolo Machiavelli (1469~1527)

မက်ခီယာဗယ်လီ

အီတလီမင်းသား

-နိုင်ငံရေးအတွေးအခေါ်ပညာရှင်
-သမ္မတ နိုင်ငံထူထောင်ရေး အတွေးအခေါ်အယူအဆများအား စာပေပညာဖြင့် တင်ပြခဲ့သည်။
-ဖလော့ရင့်မြို့ပြနိုင်ငံ (အီတလီ)
-စည်းလုံးမှုမရှိသူတလူ ငါတမင်းခေတ်တွင် တိုးတတ်သောနိုင်ငံအယူအဆသည် နောင်ခေတ် အီတလီလူမျိုးများ အတွက်၎င်း အနောက်တိုင်းနိုင်ငံရေးလောကအတွင်၌၎င်း သုံးသပ်ရန်အင်အားတရပ် သက်ရောက်ခဲ့ပါ၏။

Name : Niccolo Machiavelli
Birth : May 3rd, 1469 (Florence)
Death : June 21th, 1527 (Florence)
School/ Tradition : Renaissance Philosophy, Realism, Classical, Republicanism
Main interests : Politics, Military theory, History
Influences : Cicero, Sallust, Livy, Xenophon
Influenced : Thomas Hobby, James Harrington, Jean Jacques Rousseau

ဖလော့ရင့် မင်းသား မက်ခီယာဗယ်လီသည် ၁၄၆၉~၁၅၂၇ (၁၆) ရာစုအတွင်း စည်းလုံးမှုမရှိ ... ၊ သူတလူ ငါတမင်းဖြင့် မြို့ရိုးများအတွင်း စုပြုံ နေထိုင်ဆဲ ဖြစ်သည် ... ။ ထိုအချိန်၌ ဂျာမန်၊ စပိန်၊ အင်္ဂလန်၊ ပြင်သစ်တို့သည် အင်အား များစုစည်း၍ မြို့ပြနိုင်ငံများ ... တည်ထောင်၍ နယ်ပယ်များ ချဲ့ထွင် နေထိုင်ချိန် ဖြစ်သည် ... ။ ထို့ကြောင့် ... ဥရောပ၌ အီတလီ နိုင်ငံ၏ အခြေအနေသည် ခေတ်နောက်ပြန် စွဲနေသော အခြေအနေမျိုး ... ဖြစ်နေပေသည် ... ။

နီစ်ကိုလိုမက် ခီယာဗယ်လီ (1469~1527) ၏ ရေးသားခဲ့သော ... စာအုပ်သုံးအုပ်အနက် "မင်းသား" "The Prince" စာအုပ်သည် ထင်ရှားပါ၏ ... ။ ရှေးခေတ်နိုင်ငံရေး ... အယူအဆများအတွင်း တမူထူးခြားသော သမ္မတနိုင်ငံ ထူထောင်ရေး အယူအဆများအား ထို့ခေတ် ... အီတလီ နိုင်ငံရေး သမားတယောက်အနေဖြင့် ကြုံတွေ့နေရသော ပြင်သစ်၊ စပိန်တို့၏ ခြိမ်းခြောက်လာမှုများ အခြေအနေ များအပေါ် အခြေခံ၍ ၎င်း၏ အယူအဆများအား ... စာပေပညာဖြင့် ထုတ်ဖေါ် တင်ပြခဲ့ခြင်း ဖြစ်ပါသည် ... ။

သို့သော် အီတလီ၌ မက်ခီယာဗယ်လီနှင့် စော၍ ၁၂၇၈~၁၃၄၃ ကာလအတွင်း ... ပါဒူအာ "Padua" မှ မာဆီးလီးယပ်စ် "Marsilius" က-

နိုင်ငံရေးတွင် "ရိုးသားဖြောင့်မတ်ရေး" နှင့် ဘုရင်၊ ပုပ်ရဟန်းမင်းတို့ အပါအ၀င် "အာဏာသည် ပြည်သူထံမှ လာသည်" ဟူသော အယူအဆသည် ဟောပြောပြီး၊ ရှိပြီးဖြစ်၏ ... ။


ထို့ပြင် "Marsilius" က အစိုးရ၏လုပ်ငန်းသည် လူတိုင်းလိုချင်သော ငြိမ်းချမ်းရေးဖြစ်သည် ... ။ သို့သော် သမ္မတနိုင်ငံထက် ဘုရင်စနစ်က ပို၍ ပေးနိုင်သည်ဟု ယူဆခဲ့သည် ... ။ သို့သော် ... ဘုရင်သည် ဘုရားသခင်မှ ရာသက်ပန် လွှဲအပ်ထားသော အာဏာ "Divine Rights" ကို ရသည်ဟု လက်ခံခြင်းမဟုတ် ... ။ သားက အဖေကို မဆက်ခံနိုင် ... ။ နိုင်ငံအချုပ်အခြာနှင့် ပတ်သက်၍ ဤသို့ ... တောင်းဆိုခွင့် မရှိ။ ပြည်သူက အဆင်ပြေနေ၍သာ လက်ခံထားခြင်း ဖြစ်သည်ဟု ဆိုပါသည် ... ။

(၁၄) ရာစုအတွင်း ... အီတလီ မြို့ပြ နိုင်ငံများအကြား၌ ၎င်း၏ အယူအဆအား ပြည်သူနှင့် အုပ်ချုပ်သူ လူတန်း စားအကြား ကျင့်ဝတ်နှင့် အသစ်ထိုးဖေါက် ဖေါ်ထုတ်လာသော နိုင်ငံရေး အယူအဆအား ထိုခေတ် အထက်တန်းလွှာ တို့က ပြောင်ပြောင် တင်းတင်းပင် တိုက်ဖျက်ခြင်းကို ခံခဲ့ရပါသည် ... ။

"Marsilius" သည် အီတလီ ဂိုဏ်းချုပ်ဘုန်းတော်ကြီး တပါးဖြစ်ပါသည် ... ။ ဂိုဏ်းချုပ် ဘုန်းတော်ကြီးတပါးမှ ဤသို့ နိုင်ငံရေးအတွေးအခေါ် အယူအဆ ထွက်ပေါ်လာခြင်းမှာ ထိုခေတ်အခါက အနည်းငယ် ထူးဆန်းခဲ့ပါသည် ... ။ သို့သော် သူ၏ အကြံပြုချက်များသည် နောင်အနှစ် (၆၀၀) အကြာတွင် နိုင်ငံအားလုံး၌ ကျင့်သုံးလာရသော ပြည်သူ့အစိုးရ သဘောတရားများ ဖြစ်လာခဲ့ပါသည် ... ။

မက်ခီယာဗယ်လီ၏ အယူအဆသည်လည်း သမ္မတနိုင်ငံ ထူထောင်ရေးနှင့် ၎င်းအဆင့်သို့ ကောင်းစွာ ရောက်ရှိရန် ကြားကာလ၌ အာဏာရှင် အဆင့်တစ်ခုကို ဖြတ်သန်းရန် လိုအပ်သည်ဟု ယူဆခဲ့ဟန်ရှိပါသည် ... ။

ဤသဘောတရားများသည်လည်း နောင်အခါ၌ အီတလီအာဏာရှင် "မူဆိုလီနီ" ဟောပြောခဲ့သော မိန့်ခွန်းများနှင့် "ကားလ်မတ်က်စ်" ၏ ပစ္စည်းမဲ့ အာဏာရှင်စနစ် ထူထောင်ရေး အဆိုပြုချက် အယူအဆများ၌ အခြေအနေအရ လိုအပ်ချက်တခုအဖြစ် ထိုခေတ်အခါက ပြည်သူ့ထောက်ခံမှု ရရှိခဲ့သည်ဆိုသော အနေအထားမှာလည်း သမိုင်းမှတ်တမ်းများက ဆိုပါသည် ... ။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။