July 28, 2009

Barbados

၂၀။ ဘာဘေဒေါ့(စ်)
(Barbados)
နောက်ခံသမိုင်းအကျဉ်း
1627 ခုနှစ် ကျွန်းပေါ်သို့ ဗြိတိသျှတို့ ခြေချချိန်တွင် လူသူမရှိသေးပေ။ 1837 ခုနှစ် ကျွန်စနစ်ဖျက်သိမ်းသည်အထိ ကြံစိုက်ခင်းများတွင် ကျွန်လုပ်သားများ အသုံးပြုခဲ့သည်။ 20ရာစု တစ်လျောက်ကျွန်း၏ စီးပွားရေးမှာ သကြား ၊ ရမ် ၊ တင်လဲ ထုတ်လုပ်မှု လုပ်ငန်းများပေါ်တွင် မှီခိုခဲ့သည်။ 1940 – 1950 နှစ်များအတွင်း လူမှုရေး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး 1966 တွင် ဗြိတိသျှ ထံမှ လုံးဝလွတ်လပ်ရေး ရရှိခဲ့သည်။ ထို့နောက် 1990 ခုနှစ်များတွင် ကုန်ထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်းများက ယခင်ကြံ လုပ်ငန်းထက် အရးပါသော စီးပွားရေးဖြစ်လာခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
ကာရစ်ဘီယန် ။ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း။
ဗင်နီဇွဲလား အရှေ့မြောက်ဘက်။


မြေပုံအညွှန်း
အမေရိက အလယ်ပိုင်း ၊ ကာရစ်ဘီယန်။

ဧရိယာ
ကုန်းမြေ - 431 sq km
ရေ - 0 sq km
စုစုပေါင်း - 431 sq km


ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
97 km

ရာသီဥတု
အပူပိုင်းဒေသ ။ ဇွန်လ မှ အောက်တိုဘာလအထိ မိုးရာသီ။

မြေမျက်နှာသွင်ပြင်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ဟီလာဘီ တောင် - 336 m

သဘာဝအရင်းအမြစ်
ရေနံ ၊ ငါး ၊သဘာဝဓါတ်ငွေ့။

လူ့အရင်းအမြစ်
လူဦးရေ 281,968 (2008)
လူဦးရေတိုးနှုန်း 0.36 % (2008)
မွေးဖွားနှုန်း 12.48 /1000 ဦးရေ (2008)
သေဆုံးနှုန်း 8.58 / 1000 ဦးရေ (2008)
ပျှမ်းမျှသက်တမ်း ကျား - 71.2 နှစ်
မ - 75.24 နှစ်
စုစုပေါင်း - 73.21 နှစ်

လူမျိုး
ဘာဘာဒီးယန်း (သို့) ဘာဂျန်

တိုင်းရင်းသားလူမျိုး
လူမည်း - 90 %
လူဖြူ - 4 %
အာရှ ၊သွေးနှေား - 6 %

ကိုးကွယ်မှု
ပရိုတက်စတင့် - 63.4 %
ရိုမန်ကက်သလစ် - 4.2 %
အခြားခရစ်ယာန် - 7 %
အခြား - 4.8 %
ဘာသာမဲ့ (သို့) အမျိုးအမည်မသိ - 20.6 %

ဘာသာစကား
အင်္ဂလိပ်

မြို့တော်
ဘရစ်တောင် (Bridge town)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။