July 16, 2009

Repulic of Angola


၇။ အန်ဂိုလာ (Angola)
Republic of Angola

နောက်ခံသမိုင်းအကျဉ်း
2002 ခုနှစ်တွင် 27 နှစ်ကြာပြည်တွင်းစစ်ပြီးဆုံးသွားပြီးနောက် နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ 1975တွင် ပေါ်တူဂီိ ထံမှ လွတ်လပ်ရေးရပြီးနောက် ဟိုဘေး အက်ဒူအာ ဒို ဒေါ့စ်ဆန်းတို့စ် (Jose Eduardo Dos Santos) ဦးဆောင်သော အန်ဂိုလာ အကြွင်းမဲ့လွတ်လပ်ရေး အမျိုးသားသမ္မက (National Union for the Total Independence of Angola- UNITA) တို့ တိုက်ခိုက် ခဲ့ကြ သည်။ 1992 တွင် ငြိမ်းချမ်းရေးယူပြီး ရွေးကောက်ပွဲကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် (MPLA) က အနိုင်ရရှိ သွားသောအခါ (UNITA)က လက်နက်ကိုင် တိုက်ခိုက်မှုကိုပြန်လည်စတင်ခဲ့သည်။ ရာစုနှစ်၏ လေးပုံတစ်ပုံ ခန့် ကြာ သောပြည်တွင်းစစ်အတွင်း လူဦးရေ ၁.၅ သန်းခန့် အသက်ဆုံးရှုံးခဲ့ပြီး ၄ သန်းခန့် ရွေ့ပြောင်းခဲ့ရသည်။ 2002 ခုနှစ် ဆာဗင်ဘီ သေဆုံးပြီးနောက်မှ ပြည်တွင်းစစ် ရပ်ဆဲသွားပြီး (MPLA) ပါတီ ပိုမိုအားကောင်း လာ၍ အာဏာ တည်မြဲလာသည်။ သမ္မတ ဒေါ့စ်ဆန်းတို့(စ်)က 2008 စက်တင်ဘာတွင် ဥပဒေပြု ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရန် နှင့် 2009 ခုနှစ်အတွင်း သမ္မတ ရွေးကောက်ပွဲ ကျင်းပပေးရန် ကြငြာခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အာဖရိက တောင်ပိုင်း၊ တောင်အတ္တလန္တိတ်သမုဒ္ဒရာ နှင့် ထိစပ်လျှက်ရှိပြီး၊ နမ်မီဘီးယားနှင့် ကွန်ဂိုနိုင်ငံ တို့ကြားတွင် တည်ရှိသည်။

မြေပုံအညွှန်း
အာဖရိက။

ဧရိယာ
ကုန်းမြေ - 1246,700 sq km
ရေ - 0 sq km
စုစုပေါင်း - 1246, 700 sq km

ထိစပ်နယ်မြေ
ဒီမိုကရက်တစ် ရီပတ်ဘလစ် ကွန်ဂို - 2,511 km
ရီပတ်ခလစ် ကွန်ဂို - 210 km
နမ်မီဘီးယား - 13,76 km
ဇမ္ဘီးယား - 1,110 km

ကမ်းရိုးတန်း
16,00 km

ရာသီဥတု
တောင်ဘက်နှင့် လူအန်ဒါအထိ ကမ်းရိုးတန်းတလျောက် မိုးအတန်အသင့်ခေါင်။ မေလမှ အောက်တိုဘာလအထိ ခြောက်သွေ့ရာသီ။ နိုဝင်ဘာလမှ ဧပြီလအထိ ပူပြင်းသောမိုးရာသီ။

မြေမျက်နှာသွင်ပြင်
ကျဉ်းမြောင်းသော ကမ်းရိုးတန်း မြေပြန့်အနေအထားမှ ကျယ်ပြန့်သော အတွင်းပိုင်းကုန်းမြင့်လွင်ပြင် အဖြစ်သို့ မတ်စောက်စွာ တည်ရှိနေသည်။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း မော်ဂိုဒီမိုတို - 2,620 m

သဘာဝအရင်းအမြစ်
ရေနံ၊ စိန်၊ သံရိုင်း၊ ဖေါ့စဖိတ်၊ ကြေးနီ၊ မျောကျောက်၊ ရွှေ၊ ဘောက်ဆိုက်သတ္တု၊ ယူရေနီယံ။

လူ့အရင်းအမြစ်
လူဦးရေ 12,531,357 (2008)
လူဦးရေတိုးနှုန်း 2.136% (2008)
မွေးဖွားနှုန်း 44.09/1000 ဦးရေ
သေဆုံးနှုန်း 1.72/1000 ဦးရေ
ပျမ်းမျှသက်တမ်း ကျား - 36.99 နှစ် (2008)
မ - 38.9 နှစ်
စုစုပေါင်း - 37.92 နှစ်
HIV/ AIDS ကူးစက်မှု 3.9% (2003)
HIV/AIDS ရောဂါသည် 240.000 ဦးရေ (2003)
HIV/AIDS ကြောင့်သေဆုံးသူ 21,000 ဦးရေ (2003)

အဓိက ကူးစက်ရောဂါများ
ကူးစက်နိုင်စွမ်း-အလွန်မြင့်မား
ရေနှင့်အစာရှိကူးစက်ရောဂါများ ၀မ်းပျက် ၊ ၀မ်းလျော ၊ အသဲရောင် အသားဝါ အေ တိုက်ဖွိုတ်၊

အင်းဆက်မှတဆင့် ကူးစက်ရောဂါများ
ငှက်ဖျား၊ အာဖရိကတိုက်ဖနိုဆိုမီးယားဆစ်။

ရေမှတစ်ဆင့် ကူးစက်ရောဂါ
တုတ်ပြား ကပ်ပါးပိုးကြောင့် ဖြစ်သော အစာအိမ်၊ အသဲရောဂါများ၊

လူမျိုး
အန်ဂိုလန်

တိုင်းရင်းသားလူမျိုးစု
အိုဗင်ဗန်ဒူ - 37%
ကင်ဗန်ဒူ - 25%
ဘတ်ခွန်ကို - 13%
မက်စတီကို (ယူရိုအာဖရိကန်) -2%
ဥရောပ - 1%
အခြား -2%

ကိုးကွယ်မှု
လူမျိုးစုဆိုင်ရာနတ်ဖုရားများ - 47%
ရိုမန်တက်သလစ် - 38%
ပရိုတက်စတင့် - 15%

ဘာသာစကား
ပေါ်တူဂီ (ရုံးသုံး) ၊ဘန်တူ ၊ အခြား အာဖရိကန် ဘာသာစကား။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။