November 12, 2009

Political Science Part (35)

ပါလီမန်အုပ်ချုပ်ရေးအဖွဲ့၏ ကော်းကျိုးများ

(၁) ပါလီမန်အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော အစိုးရကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားရသော ဥပဒေပြုအဖွဲ့မှ အမတ်များက တိုက်ရိုက်ရွေးချယ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အစစ်အမှန် အုပ်ချုပ်ရေးသမားကို ရုပ်ပြ အုပ်ချုပ်ရေးသမားနှင့် ခွဲခြားထားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် မွေဆက်ခံသော အုပ်ချုပ်ရေးစနစ်အရ ဘုရင်စနစ်ကုလည်း ထားရှိလိုပြီး ဒီမိုကရေစီအခွင့်အရေးကိုလည်း ခံစားလိုသောအခါ ပါလီမန် အုပ်ချုပ်ရေးစနစ်သည် အသင့်တော်ဆုံးဖြစ်သည်။ အင်္ဂလန်တွင် ဓလေ့ထုံးထမ်း အစဉ်အလာအရ အမွေဆက်ခံခွင့်ရှိသော ဘုရင်စနစ်ကိုထားရှိပြီး ဒီမိုကရေစီလည်း ရရှိနေခြင်းမှာ ပါလီမန်အုပ်ချုပ်ရေးစနစ်ကို အသုံးပြုသောကြောင့်ပင်ဖြစ်သည်။ ယင်းသို့ ပါလီမန်အုပ်ချုပ်ရေးစနစ်ဖြင့်သာ ဘုရင်စနစ်ကို စောင့်ထိန်းထားနိုင်သောကြောင့် ပါလီမန်အုပ်ချုပ်ရေးစနစ်၏ ကောင်းသောလက္ခဏာတစ်ရပ်ပင်ဖြစ်သည်။

(၂) ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အစစ်နှင့်ရုပ်ပြအုပ်ချုပ်ရေးသမားသည် တစ်ဦးတည်းမဟုတ်သောကြောင့် ရုပ်ပြအုပ်ချုပ်ရေးသမား အနေဖြင့် အခမ်းအနား ပွဲလမ်းသဘင် ဆင်ယင်ကျင်းပပွဲများကို တက်ရောက်နိုင်ပေသည်။ ထို့ကြောင့် အစစ်အမှန် အုပ်ချုပ်ရေးသမား အနေဖြင့် အုပ်ချုပ်ရေးတာဝန်များကိုသာ ထမ်းဆောင်ရန် ရှိသောကြောင့် တာဝန်ကိုကျေပြွန်စွာ ထမ်းဆောင်နိုင်ပေသည်။

(၃) ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အစိုးရနှင့် ဥပဒေပြုအဖွဲ့မှာ အတူတူနှင့်အနူနူပင်ဖြစ်သည်။ အကြောင့်မှာ အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်တကွ ၀န်ကြီးအားလုံးတို့သည် ဥပဒေပြုအဖွဲ့အမတ်များသာ ဖြစ်သောကြောင့်ပင် ထို့ပြင် အစိုးရ တစ်ဖွဲ့လုံးသည် အမြင်ဝါဒချင်းတူညီသော ပါတီတစ်ခုတည်းမှ ပုဂ္ဂိုလ်များဖြစ်နိုင်ပေသည်။ ထို့ကြောင့် ပြဿနာများကို ဖြေရှင်းရာတွင် သဘောကွဲလွဲချက် နည်းပါးစေပြီး စည်းလုံးညီညွတ်မှု ရရှိနိုင်သည့်အပြင် ဥပဒေပြုအဖွဲ့နှင့် အုပ်ချုပ်မှုအဖွဲ့တို့ အပြန်အလှန် ကူညီလုပ်ကိုင်ဆောင်ရွက် နိုင်ပေသည်။

(၄) အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့၏ ဤအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့မှ လူများစုတို့၏ ခေါင်းဆောင်များဖြစ်ကြပေသည်။ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့၏ ဦးဆောင်လမ်းညွှန် ကော်မတီအဖွဲ့တစ်ခုဖြစ်၏။ အုပ်ချုပ်ရေးအဖွဲ့သည် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ဟပ်မိသောဥပဒေများကို ပြုစုပြဌာန်းနိုင်ရန် ဥပဒေပြုအဖွဲ့ကို လမ်းညွှန်နိုင်ပေသည်။ ယင်းသို့ ဥပဒေအဖွဲ့၌ လမ်းညွှန်ကော်မတီ တစ်ဖွဲ့တည်းရှိနေခြင်းသည်။ ကောင်းသောလက္ခဏာတစ်ရပ်ပင်ဖြစ်သည်။

(၅) ပါလီမန်အုပ်ချုပ်ရေးအဖွဲ့ကို ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်ဖွဲ့စည်းထားပြီး ၄င်းဥပဒေကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ဥပဒေပြုအဖွဲ့သည် ပြည်သူလူထု ကိုယ်စား အုပ်ချုပ်ရေးအဖွဲ့ကို ကြိုးကိုင်ထိန်းချုပ်ထားနိုင်ပေသည်။ ဥပဒေပြုအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ ပြဿနာတစ်ရပ်ပေါ်၌ သဘောကွဲလွဲ၍ ဖြေရှင်းမရဖြစ်သောအခါ ယင်းပြဿနာကို ပြည်သူလူထုကို လွဲအပ်ဖြေရှင်းနိုင်ပေသည်။ ပါလီမန်ကို ဖျက်သိမ်း၍ ရွေးကောက်ပွဲ အသစ်ကျင်းပခြင်းဖြင့် ဖြေရှင်းမရသော ပြဿနာပြေလည်နိုင်ခြင်းသည် ပါလိမန်အုပ်ချုပ်ရေးစနစ်၏ ကောင်းသောလက္ခဏာပင်ဖြစ်၏။

(၆) ပါလိမန်အုပ်ချုပ်ရေးစနစ်အရ အစိုးရအဖွဲ့ကို ပါလီမန်မှကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းထားသောကြောင့် တိုင်းပြည်ကို အရေးကြုံလာသောအခါ ၄င်းကြုံလာသောအရေးအခင်းနှင့် ကိုက်ညီသောအစိုးရသစ်တစ်ဖွဲ့ကို လျှင်မြန်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်သည်။ အစ္စရေး အရေးအခင်းပေါ်လာသောအခါ ဘာသာရေးသမားဝန်ကြီးချုပ်ကို ဖြုတ်ချ၍ စစ်ရေးကျွမ်းကျင်သူကို ၀န်ကြီးချုပ်တင်မြှောက်ပြီး အစိုးရအဖွဲ့သစ် တစ်ဖွဲ့ကို လွယ်ကူစွာဖွဲ့စည်းနိုင်သည်လည်း ပါလီမန်အုပ်ချုပ်ရေးစနစ် ကောင်းသောလက္ခဏာတစ်ရပ်ပင် ဖြစ်သည်။


0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။