September 16, 2009

Umted Mekican States


၁၄၉။ မက္ကဆီကို
(Maxico)
Umted Mekican States
နောက်ခံသမိုင်းအကျဉ်း
ယဉ်ကျေးမှုစောသော အမေရင်းဒီးယန်း လူ့အဖွဲ့အစည်းတည်ရှိရာ ဒေသဖြစ်သော မက္ကဆီကိုသည်(၁၉) ရာစု အစောပိုင်း လွတ်လပ်ရေးမရမီ နှစ်သုံးဆယ်မျှကြာ စပိန်လက်အောက်ကျေ၇ာက်ခဲ့သည်။ ၁၉၉၄ နှောင်းပိုင်းတွင် ပီဆိုငွေတန်ဖိုးကျဆင်းခြင်းနှင့်အတူ စီးပွားရေးပျက်ဆီးခဲ့ပြီး ရာစုနှစ်ဝက်ကျော်ကြာ စီးပွားရေးကျဆင်းခဲ့ရသည်။ ထို့နောက် ၂၀၀၈ ခု ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု မတိုင်မီအထိ စီးပွားရေး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ လုပ်ခလစာနည်းပါးမှု ၊ အလုပ်အကိုင်ဖန်တီးနိုင်စွမ်းနည်းပါးမှု ၊ ၀င်ငွေဖြန့်ဝေမှုနည်းပါးမှု ၊ တောင်ပိုင်းပြည်နယ်များရှိ ကြီးမားသော အမေရင်ဒီယန်း လူထုအတွက် ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ရန် လုပ်ဆောင်ချက်လျော့ရဲမှုများသည် စီးပွားရေး လူမှုရေးဆိုင်ရာ အခက်အခဲများ ဖြစ်လျက်ရှိသည်။ ၁၉၁၀ မက္ကဆီကို တော်လှန်ရေးပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်ဖြစ် ကျင်းပသော ၂၀၀၀ ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားလှုပ်ရှားမှုပါတီ (National Aclion Party – PAN) မှ ဗစ်ဆင့်ဖေါက် (Vicente Fox) သည် တော်လှန်ေ၇းအင်အားစုပါတီ (Institutionc Revolutional Party – PRI) အစိုးရကို အနိုင်ရရှိပြီး သမ္မတဖြစ်လာခဲ့သည်။ ၂၀၀၆ တွင် ၎င်း PAN ပါတီမှ ဖီလီပီ ကယ်လ်ဒီရွန် (Felipe Calderon) မှ အနိုင်ရရှိခဲ့သည်။ ၂၀၀၉ ဇန်န၀ါရီတွင် မက္ကဆီကိုသည် ၂၀၀၉ - ၁၀ အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ယာယီအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့သည်။



ပထ၀ီအနေအထား
တည်နေရာ
အမေရိက အလယ်ပိုင်း ၊ ကာရစ်ဘီယံ ပင်လယ်နှင့် မက္ကဆီကို ပင်လယ်ကွေ့တို့နှင့်ထိစပ် ၊ ဘယ်လီဇီ နှင့် အမေရိ ကန်ပြည်ထောင်စုကြားတွင်ရှိပြီး မြောက်ပစိဖိတ်သမုဒ္ဒရာတို့နှင့်ထိစပ်။ ဂွာတီမာလာ နှင့်အမေရိကန်ပြည်ထောင် စုကြား။

မြေပုံအညွှန်း
မြောက်အမေရိကတိုက်။

ဧရိယာ
ကုန်းမြေ 1,943,945 sq km
ရေ 20,430 sq km
စုစုပေါင်း 1,946,375 sq km
ဧရိယာကျယ်ပြန့်မှုကမ္ဘာ့အဆင့် 22

ထိစပ်နယ်မြေ
ဘယ်လီဇီ 250 km
ဂွါတီမာလာ 962 km
အမေရိကန်ပြည်ထောင်စု 3,141 km
စုစုပေါင်း 4,353 km

ကမ်းရိုးတန်း
9330 km

ရာသီဥတု
အပူပိုင်းရာသီဥတုမှသည် ကန္တာရရာသီဥတုအထိ ရာသီဥတု အမျိုးမျိုးရှိ၊

မြေမျက်နှာသွင်ပြင်
မြင့်မားကြမ်းတမ်းသော တောင်များ၊ ကမ်းရိုးတန်း အနိမ့်ပိုင်း မြေပြန့်များ၊ ကုန်းမြင့်လွင်ပြင်များ ကန္တာရ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ်ဆုံးအပိုင်း လာဂူနာ ဆာလာဒါ 10 m
အမြင့်ဆုံးအပိုင်း ဗော်လကန်ပီကိုဒီအော်ရီဇါတာ 5.7000 m

သဘာဝအရင်းအမြစ်
ရေနံ ၊ ငွေ ၊ ကြေးနီ ၊ ရွှေ ၊ ခဲ ၊ သွပ် ၊ သဘာဝဓါတ်ငွေ့ ၊ သစ် ။

လူ့အရင်းအမြစ်
လူဦးရေ 111,211,789 (2009)
လူဦးေ၇ကြီးမားမှုကမ္ဘာ့အဆင့် 12
လူဦးေ၇တိုးနှုန်း 1.13% (2009)
မွေးဖွားနှုန်း 19.71 / 1000 ဦးရေ (2009)
သေဆုံးနှုန်း 4.8 / 1000 ဦးရေ (2009)
ပျှမ်းမျှအသက် ကျား 73.15 နှစ်
မ 79 နှစ်
စုစုပေါင်း 76.06 နှစ်

လူမျိုး
မက္ကဆီကန်

တိုင်းရင်းသားလူမျိုး
မက်စတီဇို 60 %
အမေရင်းဒီးယန် 30 %
လူဖြူ 9%
အခြား 1 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် 76.5 %
ပရိုတက်စတင့် 6.3 %
အခြား 3 %
အမည်မသိ 13.8 %
ဘာသာမဲ့ 3.1 %

ဘာသာစကား
စပိန် 92 .2%
စပိန်နှင့်တိုင်းရင်းသားစကား 5.7%
တိုင်းရင်းသားစကား 0.8%
အမည်မသိ 0.8%

မြို့တော်
မက္ကဆီကို (Mexico)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။