၁၅၈။နာအူရူ(Nauru)
Republic of Nauru
Republic of Nauru
နောက်ခံသမိုင်းအကျဉ်း
နာအူရူလူမျိုးတို့၏ ဘာသာစကားသည် အခြားပစိဖိတ်ဒေသရှိ မည်သည့်လူမျိုးတို့၏စကားနှင့်မှ ဆက်စပ် မှုမရှိခြင်းကြောင့် ၎င်းတို့၏ မူလဇစ်မြစ်ကိုမသိရပေ။ ၁၈၈၈ တွင် ဂျာမဏီက သိမ်းပိုက်ခဲ့သည်။ (၂၀) ရာစုအစပိုင်း တွင် ဂျာမဏီ - ဗြိတိန် အကျိုးတူကုမ္မဏီတစ်ခုမှ ကျွန်းပေါ်ရှိ ဖော့စဖိတ်သိုက်များကို စတင်တူးဖေါ်ခဲ့ကြသည်။ ပထမကမ္ဘာစစ်အတွင်း သြစတြေးလျတပ်များသိမ်းပိုက်ခဲ့သည်။ ထို့နောက် နိုင်ငံပေါင်းချုပ်အသင်းကြီးမှ တာဝန်ယူ အုပ်ချုပ်သောနိုင်ငံ ဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်သိမ်းပိုက်ခဲ့ပြီး စစ်ကြီးပြီးဆုံးသွားသောအခါ ကု လသမဂ္ဂအစောင့်အရှောက်ခံနိုင်ငံ ဖြစ်လာပြန်သည်။ ၁၉၆၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့ပြီး ၁၉၉၉ တွင် လွတ်လပ်သောကမ္ဘာ့အသေးငယ်ဆုံး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။
ပထ၀ီအနေအထား
တည်နေရာ
အိုးရှင်းနီးယား၊ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိကျွန်း၊ မာရှယ်ကျွန်းများ တောင်ဘက်။
မြေပုံအညွှန်း
အိုးရှင်းနီးယား။
ဧရိယာ
ကုန်းမြေ ၂၁ sqkm
ရေ ၀ sqkm
စုစုပေါင်း ၂၁ sqkm
ဧရိယာကျယ်ဝန်းမှုကမ္ဘာ့အဆင့် ၂၄၅
ထိစပ်နယ်မြေ
မရှိ
ကမ်းရိုးတန်း
၃၀ km
ရာသီဥတု
အပူပိုင်းမုတ်သုံရာသီဥတု၊ နိုဝင်ဘာလမှ ဖေဖေါ်ဝါရီလ အထိ မိုးရာသီ။
မြေမျက်နှာသွင်ပြင်
သဲပြင်ကမ်းရိုးတန်းမှ ပတ်လည်ဝန်းရံထားသော သန္တာကျောက်တန်းဆီသို့ မြင့်တက်သွားပြီး အလယ်တွင်ဖော့စ ဖိတ်ကြွယ်ဝသောကုန်းမြင့်လွင်ပြင်။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ ၀ m
အမြင့်ဆုံးအပိုင်း အမည်မရှိနေရာတစ်ခု ၆၁ m
သဘာဝအရင်းအမြစ်
ဖော့စဖိတ်၊ ငါး
လူ့အရင်းအမြစ်
လူဦးရေ ၁၄ ၀၁၉ (၂၀၀၉)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် ၂၂၃
လူဦးရေတိုးနှုန်း ၁.၇၄၈ %(၂၀၀၉)
မွေးဖွားနှုန်း ၂၃.၉/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၆.၄၂/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်
ကျား ၆၀.၅၈ နှစ်
မ ၆၈.၀၁ နှစ်
စုစုပေါင်း ၆၄.၂ နှစ် (၂၀၀၉)
လူမျိုး
နာအူရူ
တိုင်းရင်းသားလူမျိုး
နာအူရူ ၅၈%
ပစိဖိတ်ကျွန်းသား ၂၆%
တရုတ် တရုတ် ၈%
ဥရောပ ဥရောပ ၈%
ကိုးကွယ်မှု
နာအူရူကွန်ဂရီဂေးရှင်း ၃၅.၄ %
လွတ်လပ်သောအသင်းတော် ၁၀.၄ %
အခြား ၂၄.၁ %
ဘာသာမဲ့ ၄.၅ %
အမည်မသိ ၂.၄ %
ဘာသာစကား
နာအူရူ (ရုံးသုံး)
မြို့တော်
တရားဝင်သတ်မှတ်ထားသော မြို့တော်မရှိ။ ယာရန်ခရိုင်တွင် အစိုးရရုံးစိုက်။
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။