
၁၃၇။မော်လ်တာ(Malta)
Republic of Malta
နောက်ခံသမိုင်းအကျဉ်းRepublic of Malta
၁၈၁၄ တွင် မော်လ်တာကျွန်းကို ဗြိတိသျှက သိမ်းပိုက်ခဲ့သည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြီး နှစ်ခုလုံးတွင် မော်လ်တာ ကျွန်းနိုင်ငံသည် ဗြိတိသျှဘက်မှ အခိုင်အမာ ရပ်တည်ခဲ့ပြီး ၁၉၆၄ လွတ်လပ်ရေးရသောအခါတွင်လည်း ဗြိတိသျှ ဓနသဟာယနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်မျှအကြာတွင် သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ ၁၉၈၀ နှစ်များ အလယ်လောက်မှစ၍ မော်လ်တာသည် ကုန်သင်္ဘောများ ၀င်ထွက်ကုန်စည်တင်ချရာ အချက်အခြာအဖြစ်လည်းကောင်း ၊ဘဏ္ဍာရေးအချက်အခြာ ဒေသအဖြစ်လည်ကောင်း ၊ ပြုပြင်ပြောင်းလဲခဲ့သည်။ ၂၀၀၄ မေလတွင် အီးယူအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၈ တွင် ယူရိုငွေကြေး စနစ်ကို စတင်အသုံးပြုခဲ့သည်။
ပထ၀ီအနေအထား
တည်နေရာ
ဥရောပ တောင်ပိုင်း ၊မြေထဲပင်လယ်အတွင်းရှိ ကျွန်းများ ၊အီတလီနိုင်ငံ စစ္စလီကျွန်း တောင်ဘက်။
မြေပုံအညွှန်း
ဥရောပ
ဧရိယာ
ကုန်းမြေ 316 sq km
ရေ 0 sq km
စုစုပေါင်း 316 sq km
ကုန်းမြေပြင်ကျယ်ပြန့်မှုကမ္ဘာ့အဆင့် = 214
ထိစပ်နယ်မြေ
မရှိ
ကမ်းရိုးတန်း
196.8 km
ရာသီဥတု
မြေထဲပင်လယ်ရာသီဥတု ၊ မျှတ၍ မိုးရွာသော ဆောင်းရာသီ ၊ ပူ၍ခြောက်သွေ့သော နွေရာသီ။
မြေမျက်နှာသွင်ပြင်
အများအားဖြင့် နိမ့်၍ ကျောက်ဆောင်ပေါများ ပြန့်ပြူးသော မျက်နှာပြင်နှင့် ပြတ်တောင်းမြေပြန့်များရှိ။ ကမ်းရိုး တန်း မတ်စောက်ကျောက်ဆောင်၊ ကျောက်စွန်းများရှိ၊
သဘာဝအရင်းအမြစ်
ထုံးကျောက် ၊ ဆား ၊ စိုက်ပျိုးမြေ။
လူ့အရင်းအမြစ်လူဦးရေ
လူဦးရေ 405165 (2009)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် - 174
လူဦးရေတိုးနှုန်း 0.4 % (2009)
မွေးဖွားနှုန်း 10.36 /1000 ဦးရေ (2009)
သေဆုံးနှုန်း 8.38/1000 ဦးရေ (၂၀၀၉)
ပျှမ်းမျှအသက် ကျား 77.21 နှစ်
မ 81.8 နှစ်
စုစုပေါင် 79.44 နှဏ် (2009)
လူမျိုး
မော်လ်တီ
တိုင်းရင်းသားလူမျိုး
မော်လ်တီ
ကိုးကွယ်မှု
ရိုမန်ကက်သလစ် 98%
ဘာသာစကား
မော်လတိ (ရုံးသုံး) 90.2%
အင်္ဂလိပ် (ရုံးသုံး) 6%
ဘာသာစကားစုံ 3%
အခြား 0.8%
မြို့တော်
ဗော်လက်တာ (Valletta)















Tuesday, September 01, 2009
0000
Posted in:
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။