September 21, 2009

ကျောက်တိုင်မိန့်ခွန်း

ကျဆုံးသော ရဲဘော်များ ကျောက်တိုင်မိန့်ခွန်း

၁၉၄၆ ခု၊ ဇန်န၀ါရီလ ၁၇ ရက်နေ့မှ ၂၃ ရက် နေ့အထိ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး၏ ပြည်လုံးကျွတ် ပြည်သူ့ ညီလာခံ ကြီးတရပ်ကို ကျင်းပ စည်းဝေးခဲ့လေသည် ... ။ ယင်းပြည်လုံးကျွတ် (ဖဆပလ) ညီလာခံကြီး မစမီ အဆိုများ စတင်ရွေးချယ်သော ဇန်န၀ါရီလ ၁၇ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် ... ရွှေတိဂုံ ကုန်းတော် အလယ်ပစ္စယံ ကုန်းမြေမြင့်၌ လွတ်လပ်ရေး တိုက်ပွဲ ... ၊ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲများတွင် ... ကျဆုံးခဲ့ရရှာသော အာဇာနည်များအား သတိတရ လေးစားသော အားဖြင့် ယာယီ ကျောက်တိုင် စိုက်ထူ၍ အလေးပြုခဲ့ကြသည် ... ။

အောက်ပါမိန့်ခွန်းမှာ ယင်းအခမ်းအနား၌ ပြောကြားသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ကြားချက်ဖြစ် သည်။

"ယနေ့ ကျင်းပသောပွဲမှာ ... ဗမာပြည်လွတ်လပ်ရေးအတွက် တိုက်ခိုက်ရာတွင် ... ကျဆုံးသော ရဲဘော်များကို ရည်စူး၍ ချီးကျူးသည့် အထိမ်းအမှတ် ပွဲဖြစ်ကြောင်း ... ၊ ထိုရဲဘော်များ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ကြသည်ကို ... အများ သိပြီးဖြစ်ကြောင်း ... ၊ ဤနေရာတွင် စုရုံး၍ အရိုအသေ ပြုရုံမျှဖြင့် ... ကျဆုံးသော ရဲဘော်များကို ချီးကျူးရာရောက်အောင် ၎င်းရဲဘော်များသွေးနဲ့ စိုက်ပျိုးထားခဲ့တဲ့ လွတ်လပ်ရေး ပန်းပင်ကို ကျွန်တော်တို့က အစဉ်တစိုက် မြေတောင် မြှောက်ပေးပြီး ပေါင်းသင်းပေးရန် လိုကြောင်း ... ၊ ဒီလို ဆက်လက်ပြီး ကြိုးပမ်း လုပ်ကိုင်ကြမှ တကယ်ချီးကျူးရာ ရောက်မည်ဖြစ်ကြောင်း ... ၊ ကျဆုံးသူများကို အမြဲ အမှတ်ရနေပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးရှိမဲ့ အလုပ်ကို လုပ်ကြရမည် ဖြစ်ကြောင်း ... ၊ လွတ်လပ်ရေးကို တညီတညွတ်တည်း ရှေးရှု လုပ်ကိုင်ရမည် ဖြစ်ကြောင်း ... ၊ ဤ ကဲ့သို့ ... မလုပ်နိုင်ကြရင် ကျဆုံးသူ ရဲဘော်များကို သစ္စာဖောက်ရာ ရောက်နေမည်ဖြစ်ကြောင်း ... ။

ကျဆုံးသူများထဲတွင် ဗိုလ်မှူးဗထူးလည်း ... အပါအ၀င်ဖြစ်ကြောင်း ... ၊ ဗထူး၏ လုပ်ရည် ကိုင်ရည်နဲ့ သူရသတ္တိ ကို အတွင်းသိသူတိုင်း မချီးကျူးဘဲ မနေနိုင်ကြောင်း ... ။ သူသာ ယခုရှိနေလျှင် ဗမာ့ တပ်မတော်မှာ ပထမတန်း စစ်ခေါင်းဆောင် ဖြစ်နိုင်ကြောင်း ... ၊ ဂျပန်များ ရှိစဉ်လည်း ... သူ၏စွမ်းရည် သတ္တိကို ချီးကျူးကြရကြောင်း ... ၊ တော်လှန်ရေး တိုက်ပွဲများတွင် တွဲဖက်လုပ်ကိုင်ကြသော ဗြိတိသျှ စစ်ဗိုလ်များကလည်း သူ့ကို အထူး ချီးကျူးကြရကြောင်း ... ၊ ၁၄ နံပါတ်တပ်မတော်မှ ဗိုလ်ချုပ် ဆာဝီလျံစလင်း ကိုယ်တိုင် ချီးကျူးသည်ကို ခံရကြောင်း ၊ ကျဆုံးသွားသူများတွင် သူနှင့်အလားတူသူ မည်မျှပါဝင်သည်ကို မပြောနိုင်ကြောင်း ... ၊ ဒါကြောင့် စစ်ဖြစ်တာဟာ ကမ္ဘာရဲ့ အစို့အညှောက် ဖြစ်တဲ့လူငယ်များစွာ သေကြရကြောင်း ... ၊ စစ်ပြီး၍ ငြိမ်းချမ်းရေး အစစ်ကိုရအောင် မလုပ်နိုင်ရင် သူရဲကောင်းတွေကို သစ္စာဖောက်ရာသာ ကျမည် ဖြစ်ကြောင်း ... " ဟောကြားသွားခဲ့သည် ... ။

ရဲဘော်စာစောင် အတွဲ (၁) အမှတ် (၁)
၁၉၄၆ - ဖော်ဝါရီလ

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။