August 27, 2009

Lao People's Democratic Republic


၁၂၂။လာအို(Laos)
Lao People’s Democratic Republic
နောက်ခံသမိုင်းအကျဉ်း
ယနေ့ လာအိုနိုင်ငံသည် (၁၄) ရာစု ဘုရင် ဖါငမ် (Fa Ngum) တည်ထောင်သော လန်ဇန်လာအိုဘုရင့် နိုင်ငံတော်မှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ လန်ဇန် နိုင်ငံတော်သည် နှစ်ပေါင်း ၃၀၀ ကြာအောင် လာအိုနိုင်ငံတစ်ဝှမ်း သာမက ယနေ့ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ အထိ လွှမ်းမိုးမှုရှိခဲ့သည်။ ရာစုနှစ်များစွာ တဖြည်းဖြည်းဆုတ်ယုတ်ကျဆင်းလာခဲ့သော လာအိုနိုင်ငံသည် (၁၈) ရာစုနှောင်းပိုင်းမှ ပြင်သစ် အင်ဒိုချိုင်းနား ဒေသ၏ အစိတ်အပိုင်း တစ်ခုအဖြစ် သိမ်းသွင်းခြင်းခံရသည့် (၁၉) ရာစု နှောင်းပိုင်းအထိ ထိုင်းတို့၏ သိမ်းပိုက်မှုကိုခံခဲ့ရသည်။၁၉၀၇ ခုနှစ်တွင် ချုပ်ဆိုသော ပြင်သစ် - ထိုင်း စာချုပ် (Franco – Siamese Treaty) အရ ယနေ့ ထိုင်း - လာအိုနယ် နိမိတ် ပေါ်ပေါက်ခဲ့သည်။ ၁၉၇၅ တွင် ကွန်မြူနစ်ဝါဒီ ဖသက် လာအို (Fathet Lao) က ခြောက်ရာစုကြာ ဘုရင်စံနစ်ကို ဖျက်သိမ်း၍ အာဏာသိမ်းပိုက်ခဲ့ပြီး ဗီယက်နမ်နှင့်မဟာမိတ်ဖွဲ့ကာ တင်းကြပ်သော ဆိုရှယ်လစ်စံနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၈၆ တွင် ပုဂ္ဂလိကလုပ်ငန်းများနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လွတ်လပ်ခွင့် ဥပဒေများစတင်ပြဌာန်းခဲ့သည်။ ၁၉၉၇ တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အရှေ့တောင်အာရှ ။ ထိုင်းနိုင်ငံ၏ အရှေ့မြောက်ဘက် နှင့် ဗီယက်နမ်နိုင်ငံ အနောက်ဘက်။

မြေပုံအညွှန်း
အရှေ့တောင်အာရှ ။

ဧရိယာ
ကုန်းမြေ - 230 ,800 sq km
ရေ - 6000 sq km
စုစုပေါင်း - 236,800 sq km

ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
အပူပိုင်းမုတ်သုံ။ မေလ မှ နိုဝင်ဘာလအထိ မိုးရာသီ။ ဒီဇင်ဘာမှဧပြီလအထိခြောက်သွေ့။

မြေမျက်နှာသွင်ပြင်
ကြမ်းတမ်းသော တောင်များ ။ မြေပြန့် နှင့် လွင်ပြင် များအနည်းငယ်ရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း မဲခေါင်မြစ် - 70 m
အမြင့်ဆုံးအပိုင်း ဖူးဘိုင်ယာ - 2817 m

သဘာဝအရင်းအမြစ်
သစ် ၊ ရေအားလျှပ်စစ် ၊ ဂျစ်ပဘမ် ၊ သံဖြူ ၊ ရွှေ ၊ ကျောက်မျက်။

လူ့အရင်းအမြစ်
လူဦးရေ 6,834,942 (2009)
လူဦးရေတိုးနှုန်း 2.316 % (2009)
မွေးဖွားနှုန်း 34.46 / 1000 ဦးရေ (2008)
သေဆုံးနှုန်း
ပျှမ်းမျှအသက် ကျား - 57.53 နှစ်
မ - 58.9 နှစ်
စုစုပေါင်း - 56.68 နှစ် (2009)

လူမျိုး
လာအို

တိုင်းရင်းသားလူမျိုး
လာအို - 55 %
ခမူး - 11 %
မုန်း - 8 %
အခြား - 26 %

ကိုးကွယ်မှု
ဗုဒ္ဓဘာသာ - 67 %
ခရစ်ယာန် - 1.5 %
အခြား - 31.5 %

ဘာသာစကား
လာအို(ရုံးသုံး) ၊ပြင်သစ် ၊အင်္ဂလိပ် နှင့် အခြားတိုင်းရင်းသားဘာသာစကားများ။

မြို့တော်
ဗီယင်တီယန်း (ဗီယင်ချန်း)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။