August 21, 2009

Italian Republic


၁၀၉။အီတလီ(Italy)
Italian Republic
နောက်ခံသမိုင်းအကျဉ်း
ဘုရင် ဗစ်တာ ဧမာနွေလ(ဒုတိယ) (King Victar Emmanuel II) သည် ၁၈၆၁ တွင် ဒေသတွင် ကျွန်းဆွယ်ပြည်နယ်များဖြစ်သော ဆာဒီးနီးယား နှင့် ဆစ်စလီ တို့ကို စုစည်း၍ အီတလီ ပြည်ထောင်စု နိုင်ငံတည်ထောင်ခဲ့သည်။ ၁၉၂၀ ခုနှစ်များ အစေားပိုင်းကာလတင် ဘန်နီတိုမိုဆိုလီနီ (Banito Mussolini) ဖက်ဆစ်စနစ်ဖြင့် အုပ်ချုပ်ခဲ့သောကာလများသည် ပါလီမန် အစိုးရ စနစ်ပေါ်ပေါက်လာရန် နီးစပ်လျက်ရှိပြီဖြစ်၏ ၎င်း၏ မဟာမိတ် နာဇီဂျာမဏီ နှင့် အတူ ဒုတိယကမ္ဘာစစ်ကြီးတွင် ရှုံးနိမ့်ခဲ့သည်။ ၁၉၄၆ တွင် ဘုရင်စနစ်ကို ဒီမိုကရေစီ သမ္မတ စနစ်ဖြင့်အစားထိုးခဲ့ပြီး စီးပွားရေးပြန်လည်ဦးမော့လာခဲ့သည်။ အီတလီ နိုင်ငံသည် နေတိုးနှင့် ဥရောပဘုံဈေးအဖွဲ့များတွင်အဖွဲ့ဝင်ခဲ့သည်။ ၁၉၉၉ တွင် ဥရောပ စီးပွားရေးနှင့် ငွေကြေးစနစ် ကိုလက်ခံကျင့်သုံးခဲ့ပြီး ဥရောပ၏စီးပွားရေးနိုင်ငံရေး ညီညွှတ်မှု ဆောင်ရွက်ရေးတွင် ရှေ့တန်းမှပါဝင်လျက်ရှိ၏။ အီတလီ မြောက်ပိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ တောင်ပိုင်းတွင် တရားမ၀င် လူမှောင်ခိုဝင်ရောက်မှုများ ။ ရာဇ၀တ်ဂိုဏ်းများ။ လဘ်ပေးလဘ်ယူမှုများ ။အလုပ်လက်မဲ့များ ။ စီးပွားရေး နှောင့်နှေးခြင်း ။ ၀င်ငွေနိမ့်ကျခြင်း ။ နည်းပညာ အဆင့်အတန်း နိမ့်ကျခြင်း စသည့် ပြဿနာများ ရှိနေသည်။



ပထ၀ီအနေအထား
တည်နေရာ
ဥရောပတောင်ပိုင်း ။ အလယ်ပိုင်း မြေထဲပင်လယ်သို့တိုးထွက်နေသောကျွန်းဆွယ်တူနီးရှား အရှေ့မြောက်ဘက်။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ - 294,020 sq km
ရေ - 7,210 sq km
စုစုပေါင်း - 301,230 sq km

ထိစပ်နယ်မြေ
ဩစတြေးယား - 430 km
ပြင်သစ် - 488 km
ဗာတီကန်မြို့တော် - 3.2 km
ဆန်မာရီနို - 39 km
ဆလိုဖေးနီးယား - 199 km
ဆွပ်ဇလန် - 740 km

ကမ်းရိုးတန်း
7,600 km

ရာသီဥတု
မြေထဲပင်လယ်ရာသီဥတု ၊ မြောက်ပိုင်းဖျားစွန်းတွင် ဥရောပအလယ်ပိုင်း
တောင်ပေါ်ရာသီဥတု။တောင်ဘက်တွင် ခြောက်သွေ့ရာသီဥတု။

မြေမျက်နှာသွင်ပြင်
အများအာဖြင့် ကြမ်းတမ်း၍ တောင်ထူထပ်။ မြေပြန့်အနည်းငယ်ရှိ။ကမ်းရိုးတန်း မြေနိမ့်ဒေသ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း မြေထဲပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း ဘလန့်ဒီခါမေယာ - 4,748 m

သဘာဝအရင်းအမြစ်
ကျောက်မီးသွေး ။ မာကျူရီ ၊ သွပ်၊ စကျင်ကျောက် ၊ တာရိုက် ၊ ကျောက်ဂွမ်း၊
ရေမြှုပ်ကျောက် ၊ဖလျူအိုစပါး ၊ သဘာဝဓါတါငွေ့ ၊ရေနံစိမ်း ၊ ငါး ၊စိုပ်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရေ 58,126,212 (2008)
လူဦးရေတိုးနှုန်း - 0.047 % (2008)
မွေးဖွားနှုန်း 8.36 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 10.61 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 77.26 နှစ်
မ - 83.33 နှစ်
စုစုပေါင်း - 80.2 နှစ် (2008)

လူမျိုး
အီတလီ

တိုင်းရင်းသားလူမျိုး
အီတလီ

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 90 %
အခြား - 10 %

ဘာသာစကား
အီတလီ (ရုံးသုံး) ၊ ဂျာမန် ၊ ပြင်သစ် ၊ ဆလိုဗင်။

မြို့တော်
ရောမ (Rome)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။