August 19, 2009

Honduras


၉၇။ဟွန်ဒူးရပ်(Honduras)

နောက်ခံသမိုင်းအကျဉ်း
ကမ္ဘာသစ်ဟုခေါ်သော အမေရိက အလယ်ပိုင်းတွင် စပိန်အင်ပါယာ အတွင်းပါဝင်သော ဟွန်ဒူရပ် သည်၁၈၂၁ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ နှစ်ပေါင်း ၂၅ နှစ်ကြာ စစ်အစိုးရ၏အုပ်ချုပ်မှုအောက်တွင်ရှိခဲ့ပြီး ၁၉၈၂တွင် လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပ၍အရပ်သား အစိုးရအာဏာရလာခဲ့သည်။ ၁၉၈၀ ခုနှစ်များတွင် မာ့ခ်စ်ဝါဒီ နိုင်ကာရာဂွါ အစိုးရ ကိုတိုက်ခိုက်သော ဆန္ဒီနစ္စတာ ဆန့်ကျင်ရေး (Anti – Sandinista) သမားများ ဟွန်ဒူးရပ် နိုင်ငံတွင် ၀င်ရောက်ခိုလုံခဲ့ကြသည်။ ဟွန်ဒူးရပ်သည် လက်ဝဲ သူပုန်များကို နှိမ်နင်းတိုက်ခိုက်လျက်ရှိသော ဆယ်လဗာဒေါ် အစိုးရ နှင့်လည်း မဟာမိတ်ပြုခဲ့သည်။ ၁၉၉၈ တွင် ဟာရီကိန်းမစ်ခ်ျ (Mitch) တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၆၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး ဒေါ်လာ ၂ ဘီလီယံ ခန့် ဆုံးရှုံးခဲ့ရသည်။

ပထ၀ီ အနေအထား
တည်နေရာ
အမေရိက အလယ်ပိုင်း ။ ကာရစ်ဘီယံ ပင်လယ် နှင့်ထိစပ် ။ ဂွါတီမာလာ နှင့်
နိုင်ကာရာဂွါ နိုင်ငံများကြား။ မြောက်ပစိဖိတ်သမုဒ္ဒရာ၏ ဖွန်ဆီကာ ပင်လယ်ကွေ့
နှင့် ထိစပ်။ အယ်လဆာဗာဒေါ် နှင့် နိုင်ကာရာဂွါ နိုင်ငံ တို့ကြား။

မြေပုံအညွှန်း
အမေရိက အလယ်ပိုင်း နှင့် ကာရစ်ဘီယံ ။

ဧရိယာ
ကုန်းမြေ - 111,890 sq km
ရေ - 200 sq km
စုစုပေါင်း - 112,090 sq km

ထိစပ်နယ်မြေ
ဂွါတီမာလာ - 256 km
ဘယ်ဆာဗာဒေါ် - 342 km
နိုင်ကာရာဂွါ - 922 km

ကမ်းရိုးတန်း
820 km

ရာသီဥတု
မြေနိမ့်အပူုလျော့ပိုင်းဒေသ ရာသီဥတု။ တောင်များပေါ်တွင် အပူအအေးမျှတ။

မြေမျက်နှာသွင်ပြင်
အတွင်းပိုင်းတောင်ထူထပ် ။ ကျဉ်းမြောင်းသော ကမ်းရိုးတန်းမြေပြန့်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကာရစ်ဘီယံ ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း ဆာရိုလတ် မိုင်းနက် - 2,870 m

သဘာဝအရင်းအမြစ်
သစ် ၊ရွှေ ၊ ငွေ ၊ ကြေးနီ ၊ ခဲ ၊သွပ် ၊ သံရိုင်း ၊ခနောက်စိမ်း၊
ကျောက်မီးသွေး၊ ငါး ၊ ရေအားလျှပ်စစ် ။

လူ့အရင်းအမြစ်
လူဦးရေ 7,639,327 (2008)
လူဦးရေတိုးနှုနး 2.024 % (2008)
မွေးဖွားနှုန်း 26.93 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 5.36 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 67.81 နှစ်
မ - 71.01 နှစ်
စုစုပေါင်း - 69.39 နှစ် (2008)

လူမျိုး
ဟွန်ဒူရန်

တိုင်းရင်းသားလူမျိုး
မက်စတီဇို - 90 %
အမေရင်ဒီယန်း - 7 %
လူမဲ - 2 %
လူဖြူ - 1 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 97 %
ပရိုတက်စတင့် - 3 %

ဘာသာစကား
စပိန် ၊ အမေရင်ဒီးယန်း ဒေသိယ စကားများ။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။