August 13, 2009

Holy see(Vatican City)


၉၆။ဟိုးလီးဆီး(ဗာတီကန် မြို့တော်)
Holy see ( Vatican City)

နောက်ခံသမိုင်း အကျဉ်း
အီတလီကျွန်းဆွယ်တွင် ပုပ်ရဟန်းမင်းတို့ (၁၉) ရာစု အလယ်ခန့် အထိနှစ်ပေါင်း တစ်ထောင်ကျော် လောကီ ဆိုင်ရာအုပ်ချုပ်ရေးတွင် ပါဝင်ခဲ့ကြသည်။ (၁၉) ရာစု အလယ်တွင် ပုပ်ရဟန်း မင်းနယ်မြေကို အီတလီ ဘုရင့်နိုင်ငံတော်က သိမ်းပိုက်ခဲ့သည်။ ၁၈၇၈ တွင် ရောမမြို့ သိမ်းပိုက် ခံရသောအခါ ပုပ်ရဟန်းမင်း ပိုင်နက်နယ်ပယ်များ ပိုမိုကျဉ်းမြောင်းသွားခဲ့သည်။ အကျဥ်းကျ ပုပ်ရဟန်းမင်းများနှင့် အီတလီ အစိုးရတို့ကြား အငြင်းပွားမှုများပေါ်ပေါက်ခဲ့ပြီး ၁၉၂၉ တွင် လက်တီရန် စာချုပ် (Lateran Treaties) သုံးခုဖြင့် ပြေလည်သွားခဲ့ပြီး လွတ်လပ်သော ဗာတီကန် မြို့ပြနိုင်ငံဖြစ်လာ၍ အီတလီ ရိုမန်ကက်သလစ်ဘာသာ အတွက် အထူးအခွင့်ရေးရသော ဒေသတစ်ခုဖြစ်၏။၁၉၈၄ တွင် ယခင်စာချုပ်များကို ထပ်မံပြင်ဆင်ဖြည့်စွက်၍ အီတလီ အစိုးရ နှင့် ပုပ်ရဟန်းမင်းတို့ကြား(Concordat) အသင်းတော်ဆိုင်ရာ သဘောတူညီချက် ပြုလုပ်ခဲ့ကြသည်။ ၎င်း တွင်ရိုမန်ကက်သလစ်ဘာသာကိုနိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ရန် သဘောတူ သည်။ယခုအခါ ဟိုးလီးဆီး (ဗာတီကန်မြို့တော်) သည် ဘာသာရေးလွတ်လပ်ခွင့် ၊ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ၊ သဘာဝပတ်ဝန်းကျင်အရေး ၊ အရှေ့အလယ်ပိုင်းအရေး ၊ တရုတ်အရေး၊ ဥရောပတွင် ဘာသာရေး ဆုတ်ယုက် ကျဆင်းလာခြင်း အကြမ်းဖက်မှုများ ပပျောက် ရေး၊ဘာသာများဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးနှင့်ညီညွှတ်ရေး၊လျှင်မြန်စွာပြောင်းလဲလာသော ကမ္ဘာလုံးဆိုင်ရာ အခြေအနေ များနှင့် အညီအသင်းတော်ကို လိုက်လျောညီထွေအောင် ဆောင် ရွက်ရေးကိစ္စရပ်များ အတွက် လှုပ်ရှားလျှက်ရှိ၏။ ကမ္ဘာပေါ်တွင် ကက်သလစ် ဘာသာဝင် သန်းတစ်ထောင်ခန့်ရှိသည်။



ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ တောင်ပိုင်း ။ ရောမမြို့ဝန်းရံလျက်ရှိသော နယ်မြေငယ်။

မြေပုံအညွှန်း
ဥရောပ ။

ဧရိယာ
ကုန်းမြေ - 0.44 sq km
ရေ - 0 sq km
စုစုပေါင်း - 0.44 sq km

ထိစပ်နယ်မြေ
အီတလီ - 2.3 km

ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
အပူအအေးမျှတ ။သမမျှတ၍ မိုးရွာသွန်းသောဆောင်းရာသီ (စက်တင်ဘာလမှ
မေလအထိ) ။ ပူ၍ ခြောက်သွေ့သောနွေရာသီ (မေလမှ စက်တင်ဘာလ အထိ)။

မြေမျက်နှာသွင်ပြင်
မြို့ပြ ၊ တောင်ကုန်းနိမ့် ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အမည်မရှိနေရာတစ်ခု - 19 m
အမြင့်ဆုံးအပိုင်း အမည်မရှိနေရာတစ်ခု - 75 m

သဘာဝအရင်းအမြစ်
မရှိ ။

လူ့အရင်းအမြစ်
လူဦးရေ 824 (2008)
လူဦးရေတိုးနှုန်း 0.003% (2008)

လူမျိုး
အမည်မရှိ ။

တိုင်းရင်းသားလူမျိုး
အီတလီ ၊ ဆွစ် ၊ အခြား

ကိုးကွယ်မှု
ရိုမန်ကက်သလစ်

ဘာသာစကား
အီတလီ ၊ လက်တင် ၊ ပြင်သစ် ၊ အခြား ။

မြို့တော်
ဗာတီကန် (Vati can City)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။