August 5, 2009

Ecuador


၆၅။ အီကွေဒေါ
(Ecuador)


နောက်ခံသမိုင်း အကျဉ်း

ယနေ့အီကွေဒေါ နိုင်ငံသည် ၁၅၃၃ တွင် စပိန်တို့သိမ်းပိုက်သည့်အချိန်အထိ အင်တာအင်ပါယာ၏ မြောက်ဘက်ပိုင်းတွင် တည်ထောင်ထားခြင်း ဖြစ်၏ မြို့တော်ကွီတိုသည် ၁၅၆၃ တွင် စပိန်ကိုလိုနီ အစိုးရရုံးစိုက်ရာ ဖြစ်လာခဲ့ပြီး ၁၇၁၇ တွင် နယူးဂရာနာဒါ၏ ဗိုက်ဆာရိုယယ်တီ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ ဗိုက်ဆာရိုယယ်တီ - နယူးဂရာနာဒါ (ကိုလံဘီယာ)၊ ဗင်နီဇွဲလားနှင့် ကွီတို စသည့် နယ်မြေများသည် ၁၈၁၉ နှင့် ၁၈၂၂ ခုနှစ် များကြားတွင် လွတ်လပ်ရေးရရှိခဲ့ကြပြီး ဂရန်း ကိုလံဘီယာ ပြည်ထောင်စု တည်ထောင်ခဲ့သည်။ ၁၈၃၀ တွင် ကွီတီ နှုတ်ထွက်သွား သောအခါ မူလအမည်မှ “အီကွေဒေါ သမ္မတနိုင်ငံ” ဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။ ၁၉၀၄ နှင့် ၁၉၄၂ ကြားတွင် အိမ်နှီးချင်း နိုင်ငံများနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး အီကွေဒေါအနေနှင့် ၎င်း၏ နယ်မြေများ ဆုံးရှုံးခဲ့ရသည်။ ၁၉၉၅ တွင် ပီရှုးနှင့် နယ်စပ်အငြင်းပွားမှု စစ်ပွဲဖြစ်ပွားခဲ့ပြီး ၁၉၉၉ တွင် ဖြေရှင်းနိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အီကွေဒေါ၏ အရပ်သားအုပ်ချုပ်မှု (၂၅ ) နှစ်ကြာ ထိုင်ခဲ့ပြီ နိုင်ငံရေး မငြိမ်သက်မှုများ ပေါ်ပေါက်လာသဖြင့် ပျက်ပြားသွားခဲ့သည်။ ကွီတိုတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး အီကွေဒေါ၏ သုံးယောက်မြောက်နှင့် နောက်ဆုံးသော ဒီမိုကရေစီ နည်းကျရွေးချယ်ခံသမ္မတသည် သက်တမ်းတစ်ဝက်ဖြင့် ဖယ်ရှားခြင်း ခံရသည်။ ၂၀၀၇ ခုနှစ်တွင် အီကွေဒေါ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရန် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အကြိမ် (၂၀) မြောက် ရေးဆွဲခြင်းဖြစ်၏။

ပထ၀ီ အနေအထား
တည်နေရာ
တောင်အမေရိက အနောက်ဘက် ။အီကွေတာဒေသ၌ ပစိဖိတ်သမုဒ္ဒရာနှင့်ထိစပ်
ကိုလံဘီယာ နှင့် ပီရူးး တို့အကြား။

မြေပုံအညွှန်း
ကုန်းမြေ - 276,840 sq km
ရေ - 6720 sq km
စုစုပေါင်း - 283,560 sq km

ထိစပ်နယ်မြေ
ကိုလံဘီယာ - 590 km
ပီရူး - 1420 km
စုစုပေါင်း - 2010 km

ရာသီဥတု
ကမ်းရိုးတန်း တလျောက် အပူပိုင်းဒေသ။ အမြင့်ပေများသော ကုန်းတွင်းဒေသများ
တွင် အအေးပိုကဲ ။ အမေဇုံသစ်တောမြေနိမ့်ပိုင်းတွင် အပူပိုင်းရာသီဥတု။

မြေမျက်နှာသွင်ပြင်
ကမ်းရိုးတန်းမြေပြန့် (ကော့စတာ) အင်ဒီး(စ်) တောင်တန်းအတွင်းအလယ်ပိုင်း
ကုန်းမြင့်ဒေသ (ဆီအာရာ)။ ပြန့်ပြူးညီညာရာမှ လှိုင်းထသော အရှေ့ဘက်သစ်တောဒေသ (အော်ရီယန်တီ)။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ချင်ဘိုရာဇို - 6,267 m

သဘာဝအရင်းအမြစ်
ရေနံ ၊ ငါး ၊ သစ်၊ ရေအားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ 13,927,650 ဦးရေ (2008)
လူဦးရေတိုးနှုန်း 0.935 % (2008)
မွေးဖွားနှုန်း 21.54 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 4.21 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 73.94 နှစ်
မ - 79.84 နှစ်
စုစုပေါင်း - 76.81 နှစ် (2008)

လူမျိုး
အီကွေဒေါရီးယန်း။

တိုင်းရင်းသားလူမျိုး
မက်ဇတီဇို (အမေရင်ဒီးယန်း+ လူဖြူကပြား) – 65 %
အမေရင်ဒီးယန်း - 25 %
စပိန် နှင့် အခြား - 7 %
လူမည်း - 3 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 95 %
အခြား - 5 %

ဘာသာစကား
စပိန် (ရုံးသုံး) အမေရင်ဒီးယန်း

မြို့တော်
ကြီတို (Quito)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။