July 25, 2009

Kingdom of Bahrain


၁၈။ဘာရိန်း(Bahrain)
Kingdom of Bahrain

နောက်ခံသမိုင်း အကျဉ်း
1783 တွင် ပါရှန်းလူမျိုးများထံမှ အယ်ခါလီဖါ မိသားစုကသိမ်းပိုက်ခဲ့သည်။ ၄င်းတို့၏ တည်မြဲရေးအတွက် (19) ရာစု အတွင်း၌ ဗြိတိသျှနှင့်စာချုပ်အများအပြားချုပ်ဆိုခဲ့ပြီး ဘာရိန်းသည် ဗြိတိသျှထီးရိပ်ခိုလှုံသော နိုင်ငံတစ် နိုင်ငံဖြစ်လာခဲ့သည်။ 1971 တွင် ဘာရိန်း ကျွန်းစုများ လွတ်လပ်ရေး ရရှိခဲ့သည်။ နိုင်ငံငယ် တစ်နိုင်ငံဖြစ်သည့်အလျှောက် ပါရှန်းပင်လယ်ကွေ့ နိုင်ငံကြီးများအကြားတွင် သိမ်မွေ့ပါးနပ်သော နိုင်ငံခြားရေး မူဝါဒများထားရှိ ကျင့်သုံးခဲ့သည်။ ရေနံစိမ်းထွက်နှုန်း နည်းပါးလာမှုကြောင့် ရေနံချက်လုပ် ခြင်းလုပ်ငန်းနှင့် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းများဘက်သို့ ဦးလှည့်လာခဲ့သည်။ 1999 တွင် ဘုရင် အာမက်ဘင်အစ်ဆာအယ်ခါလီဖာ အာဏာရလာပြီး ရှီးအိုက်မွတ်စလင်များ နှင့်ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရန် စီးပွားရေးနှင့်နိုင်ငံရေး ပြူပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ 2006 ခုနှစ်တွင် နိုင်ငံရေး အသိုင်းအ၀န်းထဲသို့ ရှီးအိုက်များ ပါဝင်လာပြီး ပါလီမန်နှင့်ဒေသန္တရ ရွေးကောက်ပွဲများတွင် ၀င်ရောက်ခဲ့သည်။ ရှီးအိုက် နိုင်ငံရေးပါတီကြီးဖြစ်သော အယ်ဝီဖက်ပါတီက ဥပဒေပြုလွှတ်တော်တွင် အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့သည်။ သို့သော် သိပ်မကြာမီပင် ရှီးအိုက်များကြား မကျေနပ်မှုများဖြစ်ပေါ်လာကာ ဆန္ဒပြမှုများ ၊ အသေးစား အကြမ်းဖက်မှုများ ထပ်မံပေါ်ပေါက်ခဲ့ပြန်သည်။

ပထ၀ီ အနေအထား
တည်နေရာ
အရှေ့အလယ်ပိုင်း ၊ ပါရှန်းပင်လယ်ကွေ့အတွင်းရှိကျွန်းစု။ ဆော်ဒီအာရေးဗျ အရှေ့ဘက်။

ဧရိယာ
ကုန်းမြေ - 665 sq km
ရေ - 0 sq km
စုစုပေါင်း - 665 sq km

ထိစပ်နယ်မြေ
မရှိ ။

ကမ်းရိုးတန်း
161 km

ရာသီဥတု
မိုးနည်း ၊ သင့်တင့်သာယာသော ဆောင်းရာသီ။ စိုထိုင်း၍ ပူသောနွေရာသီ။

မြေမျက်နှာသွင်ပြင်
မြေနိမ့် ကန္တာရလွင်ပြင်များရှိပြီးကုန်းတွင်းကမ်းပါးဆီသို့ခပ်ပြေပြေတက်သွားသည်။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပါရှန်းပင်လယ်ကွေ့ - 0 m
အမြင့်ဆုံးအပိုင်း ဂျာဘယ် ဒါဒူခန်း - 122 m

သဘာဝအရင်းအမြစ်
လောင်စာဆီ။ သဘာဝဓါတ်ငွေ့။ ငါး ။ ပုလဲ။

လူ့အရင်းအမြစ်
လူဦးရေ 718,306 ဦးရေ
လူဦးရေတိုးနှုန်း 1.337 %
မွေးဖွားနှုန်း 17.26/ 1000 ဦးရေ
သေဆုံးနှုန်း 4.29 / 1000 ဦးရေ
ပျှမ်မျှသက်တမ်း ကျား - 72.41 နှစ်
မ - 77.5 နှစ်
စုစုပေါင်း - 74.92 နှစ်

လူမျိုး
ဘာရိန်း

တိုင်းရင်းသားလူမျိုးစု
ဘာရိန်း 62.4%
ဘာရိန်းမဟုတ်သောလူဦးရေ 37.6%

ကိုးကွယ်မှု
မွတ်စလင် (ရှီးအိုက်+ ဆွန်နီ) – 81.2 %
ခရစ်ယာန် - 9 %
အခြား - 9.8 %

ဘာသာစကား
အရပ် ။ အင်္ဂလိပ် ။ ဖာစီ ။ အူရဒူ။

မြို့တော်
မနားမား (Manama)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။