July 16, 2009

Antigua and Barbuda


၉။ အန်တီဂွာနှင့် ဘာဘူဒါ
(Antigua and Barbuda)

နောက်ခံသမိုင်း အကျဉ်း
ခရစ်တော်မပေါ်မှီ 2400 ကတည်းက ဆစ်ဘွန်နီလူမျိုးများ အခြေချနေထိုင်ခဲ့ကြသည်။ 1493 ခုနှစ် ကိုလံဘတ် ဒုတိယခရီးစဉ်အဖြစ် ရောက်ရှိသွားသောအခါ အာရာဝပ် အင်ဒီးယန်း လူမျိုးများ နေထိုင်လျှက်ရှိသည်။ အစောဦးပိုင်း စပိန်နှင့် ပြင်သစ်လူမျိုးများ အခြေချနေထိုင်လျက်ရှိသော်လည်း 1667တွင် အင်္ဂလိပ် ကိုလိုနီပြု ခြင်းခံခဲ့ရသည်။ အန်တီဂွါရှိ ကြံခင်းစိုက်ပျိုးရေးလုပ်ငန်းများ အတွက် ကျွန်စနစ် အသုံးပြုခဲ့ပြီး 1834 တွင်ပယ် ဖျက် ခဲ့သည်။ 1981တွင် လွတ်လပ်ရေးရခဲ့ပြီး ဗြိတိသျှ စနသဟာယ နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
ကာရစ်ဘီယန်။ ကာရစ်ဘီယန် နှင့် တောင်အန္တာလန္တိတ်သမုဒ္ဒရာကြားတွင်ရှိသည်။ ပူအာတိုရီကို အရှေ့ဘက် နှင့်အရှေ့တောင်ဘက်။

မြေပုံအညွှန်း
အမေရိက အလယ်ပိုင်း နှင့် ကာရစ်ဘီယန်။

ဧရိယာ
ကုန်းမြေ - 442.6 sq km
ရေ - 0 sq km
စုစုပေါင်း - 442.6.sq km (အန်တီဂွါ 280sq km + ဘာဘူဒါ 161 sq km)
မှတ်ချက် - ရီဒွန်ဒါကျွန်း၏ 1.6 sq km အပါအ၀င်။

ကမ်းရိုးတန်း
153 km

ရာသီဥတု
အပူပိုင်း ပင်လယ် ။ ရာသီလိုက် အပူချိန်အပြောင်းအလဲရှိ။

မြေမျက်နှာသွင်ပြင်
သန္တာကျောက် ၊ ထုံးကျောက်တို့ဖြင့် ကျွန်းနိမ့်တစ်ခုဖြစ်။ မြင့်မားသော မီးတောင်ဒေသအချို့ရှိ။

မျက်နှာပြင်အထက်ခြားနားချက်
အမြင့်ဆုံး ဘော့ဂီတောင်ထွက် - 402 m
အနိမ့်ဆုံး ကာရစ်ဘီယန် ပင်လယ် - 0 m

သဘာဝအရင်းအမြစ်
သာယာလှပသော သဘာဝသစ်တော ခရီးသွားလုပ်ငန်း။

လူ့အရင်းအမြစ်
လူဦးရေ 84,522 (2008)
လူဦးရေတိုးနှုန်း 1.305% (2008)
မွေးဖွားနှုန်း 16.78/1000 ဦးရေ
သေဆုံးနှုန်း 6.14/1000 ဦးရေ
ပျှမ်းမျှသေဆုံးနှုန်း ကျား - 72.33 နှစ်
မ- 76. 26 နှစ်
စုစုပေါင်း 74. 25 နှစ်

လူမျိုး
အန်တီဂူအန် ၊ ဘာဘူဒန်။

တိုင်းရင်းသားလူမျိုးစု
လူမည်း - 91%
သွေးနှော - 4.4%
လူဖြူ - 1.7%
အခြား - 2.9 %

ကိုးကွယ်မှု
အင်္ဂလီကန် - 25.7%
ခရစ်တော်ပြန်လည်ဆင်းသက်မည့် သတ္တမမြောက်နေ့ ကိုယုံကြည်မျှော်လင့်သော ၀ါဒ
(Seventh day Advantist) – 12.3%
ပင်တီကိုစတယ် (Pentecostal) သန့်ရှင်းသော ၀ိဥာဉ်တော်ထံ၌ နှစ်ခြင်းခံသည် ဟုယုံကြည်သော ၀ါဒ - 10.6%
မိုရာဗီယန် (Moravian) - 10.5%
ရိုမန်ကက်သလစ် - 10.4%
မတ်သလစ် - 7.9%
ဘတ်မတစ် - 4.9%
ဘုရားသခင်ကျောင်း (Church of God) – 4.5%
အခြာားခရစ်ယာန် - 5.4%
အခြား - 2%
ဘာသာမဲ့နှင့်အခြားမသိသောဘာသာများ - 5.8%

ဘာသာစကား
အင်္ဂလိပ် (ရုံးသုံး)
ဒေသိယ ဘာသာစကားများ။

မြို့တော်
စိန့်ဂျွန် (စ) (Saint John's)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။