November 11, 2009

Political Science Part (33)

အုပ်ချုပ်ရေးဌာန တန်ခိုးကြီးမားလှပုံ

အုပ်ချုပ်ရေးဌာန၏ အဓိက အလုပ်သည် ဥပဒေပြုအဖွဲ့မှ ပြုလုပ်လိုက်သော ဥပဒေများအတိုင်း တိုင်းပြည်ကို အုပ်လချုပ်ရန်ဖြစ်သည်။ ထို့ကြောင့် ယင်းဌာနသည် ဥပဒေပြုအဖွဲ့၏ လက်အောက်ခံဟု ယူဆရပေမည်။ သို့ရာတွင် ၂၀ ရာစုနှစ်မှစ၍ အုပ်ချုပ်ရေးအဖွဲ့၏ တန်ခိုးအာဏာများသည် ရှေးနိုင်ငံများထက် ကြီးများကျယ်ပြန့်လာသည့်အပြင် လူဦးရေလည်း အဆမတန် တိုးပွားများပြားလာသော ပြဿနာများ ပိုမိုရှုပ်ထွေးလာခြင်းကြောင့်ဖြစ်သည်။ အုပ်ချုပ်ရေးဌာနတန်ခိုးကြီးမားလာရခြင်းအကြောင်းကို ဆန်းစစ်ကြည့်ပါက အဓိက အကြောင်းနှစ်ချက်ကို တွေ့ရှိရပေမည်။ ၄င်းတို့မှာ -

(၁) မျက်မှောက်လူ့အဖွဲ့အစည်းသည် ကြီးမားလာသည့်အလျောက် ပြဿနာများလည်း များပြားရှုပ်ထွေါ်၏းလာပေသည်။ ထို့ကြောင့် ဥပဒေပြုအဖွဲ့အနေဖြင့် အခြေအနေအားလုံးနှင့် ကိုက်ညီသော ဥပဒေများကို ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ယင်းသို့သော အကြောင်းအကြောင့် ဥပဒေအဖွဲ့သည် ဥပဒေများကို ယေဘုယျ သဘောအားဖြင့်သာ ပြုစုပြဌာန်းထားရပေသည်။ အုပ်ချုပ်ရေးဌာနသည် အခြေအနေအားလုံးနှင့် မဟပ်မိသော ယေဘုယျ ဥပဒေများကို အခြေအနေအားလုံးနှင့် ကိုက်ညီဟပ်မိအောင် ဥပဒေများကို ပြုပြင်ရန် တာဝန်သည် အုပ်ချုပ်ရေးဌာန၏ တာဝန်ပင်ဖြစ်သည်။ ထို့ပြင် အုပ်ချုပ်ရေးဌာနသည် ပြည်သူလူထုနှင့် အမြဲတစေ တွေ့ဆုံ ဆက်ဆက်နေရသော အဖွဲ့ဖြစ်၏။ ထို့ကြောင့် အုပ်ချုပ်ရေးဌာန၏ တန်ခိုးအာဏာများသည် တစ်နေ့တစ်ခြား ကြီးမားလာခဲ့ခြင်းဖြစ်ပေသည်။

အုပ်ချုပ်ရေးဌာန၏ တန်ခိုးအာဏာများ

၁) နိုင်ငံတကာ ဆက်ဆံရေးအာဏာ
၂) အုပ်ချုပ်ရေးအာဏာ
၃) စစ်ရေးအာဏာ
၎) တရားစီရင်ရေးအာဏာ
၅) ဥပဒေပြုရေးအာဏာ

မျက်မှောက်ခေတ်ကာလ အခြေအနေအရ မည်သည့်နိုင်ငံမျှ တစ်ကိုယ်တော်နိုင်ငံအဖြစ် ရပ်တည်၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် နိုင်ငံခြားများနှင့် ဆက်ဆံရေးသံတမန်အမတ်များ ခန့်အပ်စေလွှတ်ခြင်း၊ ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်များ စေလွှတ်ခြင်း၊ နိုင်ငံများနှင့် စာချုပ်ချုပ်ဆိုခြင်း နိုင်ငံရေးပရိယာယ် ကျွမ်းကျင်သော ပုဂ္ဂိုလ်များကို စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ စသည်တို့နှင့် စပ်လျဉ်းပြီး နိုင်ငံခြားသို့စေလွှတ်ခြင်း ပြုလုပ်ကြရသည်။

ဥပဒေပြုဌာနမှ ပြုလုပ်ပြဌာန်းထားသော ဥပဒေများကို တိုင်းသူ ပြည်သားတိုင်း ရိုသေလိုက်နာရန် တာဝန်သည် အုပ်ရေးဌာန၏ တာဝန်ဖြစ်သည်။ ဥပဒေစိုမိုးရေးအတွက် ထိရောက်စွာ ဆောင်ရွက်ရပေမည်။ ထို့ကြောင့် ပြည်ထဲရေး ဌာနအနေဖြင့် ရဲအဖွဲ့၊ မြို့ ပိုင်၊ သူကြီး၊ ဆယ်အိမ်ခေါင်း၊ အချုပ်ခန်း၊ ထောင်များ စသည်တို့ကို တည်ထောင်ဖွဲ့စည်းပြီး ဆောင်ရွက်ရပေမည်။ ဥပဒေကို မချိုးဖောက်အောင် ကာကွယ်သည့်အပြင် ဥပဒေချိုးဖောက်သော သူများကိုလည်း ထိုက်သင့်သောပြစ်ဒဏ်ပေးရသည်။

အုပ်ချုပ်ရေးဌာနအနေဖြင့် ပြည်တွင်းတွင် ဥပဒေစိုးမိုးစေ၍ ငြိမ်းချမ်းသာယာစေရုံဖြင့် တာဝန်ကျေမည်မဟုတ်ပေ။ အမျိုးသား လုံခြုံရေးအတွက် ပြည်ပအန္တရာယ်များဘေးမှ ကာကွယ်ရန် တာဝန်တစ်ရပ်လည်းရှိပေသည်။ ထို့ကြောင့် အုပ်ချုပ်ရေးဌာနအနေဖြင့် ပြည်ပအန္တရာယ်များကို ကာကွယ်ရန် ကြဉ်းတပ်၊ ရေတပ်များ ဖွဲ့စည်းထားနိုင်သော အာဏာများ ရှိရပေမည်။ ယင်းသို့ ပြည်တွင်းပြည်ပ အန္တရာယ်ဆိုးများဘေးမှ ကာကွယ်ရန် ကြည်း၊ ရေ၊ လေတပ်များ ဖွဲ့စည်းတည်ထောင်ခွင့် ရှိခြင်းသည် အုပ်ချုပ်ရေးဌာန၏ စစ်ရေးအာဏာပင်ဖြစ်သည်။

လူထုဒီမိုကရေစီ အခွင့်အရေးများ ရရှိခံစားစေနိုင်ရန် အစိုးရဌာနများဖြစ်ကြသော ဥပဒေပြုဌာန၊ အုပ်ချုပ်ရေးဌာန၊ တရားစီရင်ရးဌာနတို့ အာဏာကိုခွဲယူထားကြရုံဖြင့် မလုံလောက်ပေ။ လွှတ်လပ်မှုအပြည့်အ၀ ခံစားရန် ၄င်းဌာနများ "အချင်းချင်း အပြန်အလှန် ချုပ်ကိုင်မှု" (Check And Balance) တို့ကြောင့်ပင် ခေတ်သစ်နိုင်ငံတိုင်းတွင် လွတ်ငြိမ်းခွင့်အာဏာသည် အုပ်ချုပ်ရေးဌာန၌သာ တည်ရှိခြင်း ဖြစ်ပေသည်။ ( မြန်မာပြည်အုပ်ချုပ်ရေးဌာန၏ အထွတ်အထိပ်ဖြစ်သော သမတသည် တရားရုံးချုပ်မှ သေဒဏ်ပေးထားသူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ဘူးသည်) ဤနည်းဖြင့် အုပ်ချုပ်ရေးဌာနသည် တရားစီရင်ရေးဌာနကို ချုပ်ကိုင်ထား၏။ ထို့ကြောင့် အုပ်ချုပ်ရေး ဌာန၌ တရားစီရင်ရေးအာဏာရှိသည်။

ဥပဒေပြုအဖွဲ့သည် ၄င်းသက်တမ်း တစ်လျောက်လုံး စုရုံးစည်းဝေးနေခြင်း မဟုတ်ပေ။ လွှတ်တော်အစည်းအဝေးများကို တစ်နှစ်တစ်ကြိမ်ခန့်သာ ကျင်းပလေ့ရှိသောကြောင့် အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာသေအခါ ဥပဒေပြုအဖွဲ့အနေဖြင့် ဆောင်ရွက်ပါက များစွာ နှောက်နှေးကြန့်ကြာနေပေမည်။ ထို့ကြောင့် အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာတိုင်း အုပ်ချုပ်ရေး အဖွဲ့ကသာ "အမိန့်ပြန်ထမ်း" များထုတ်၍ ဆောင်ရွက်ရပေသည်။ ယင်းအရေးပေါ် အမိန့်ပြန်ထမ်းများသည် ဥပဒေပြုအဖွဲ့မှ ပြုလုပ်ပြဌာန်းထားခြင်း မဟုတ်သော်လည်း ဥပဒေပြုအဖွဲ့မှ ပြုလုပ်ပြဌာန်းထားသော ဥပဒေများနှင့် မခြား တန်ခိုးထက်မြက်သည်။ နောင်အခါ လွှတ်တော်အစည်းအဝေး ကျင်းပစဉ် ယင်းအရေးပေါ် အမိန့်ပြန်တမ်းများကို တင်ပြ၍ အတည်ပြုစေခြင်းဖြင့် အမိန့်ပြန်ထမ်းများသည် ဥပဒေအဖြစ်ပြောင်းလဲလာသည်။

အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့မှ ပြုစုထားသော ဥပဒေများကို ကိုင်စွဲ၍ လက်တွေ့ အုပ်ချုပ်လုပ်ကိုင်နေရသောကြောင့် လိုအပ်သောဥပဒေများ၊ မလိုအပ်သောဥပဒေများ၊ ချွတ်ယွင်းချက်ရှိသော ဥပဒေးများအကြောင်းကို ကောင်းစွသိရှိကြပေသည်။ ယင်းသို့ဖြစ်ရသည်မှာ အထင်နှင့်အမြင် ကွာခြင်းပင်ဖြစ်သည်။ အထင်သည် ထင်သမျှသာဖြစ်၍ မှားတတ်သည်။ အမြင်သည်သာ လက်တွေ့ကျသဖြင့် သစ္စာတရားမည်၏။ ဥပဒေပြုသမားများသည် အထင်သမားများ ဖြစ်ကြသည်။ အခြေအနေနှင့် ဟပ်မိမည်ထင်သော ဥပဒေများကိုပြုစုကြ၏။ အုပ်ချုပ်ရေးသမားများမှမူ အမြင်သများများဖြစ်ကြသဖြင့် ဥပဒေပြုအဖွဲ့မှပြုစုလိုက်သော ဥပဒေများအခြေအနေနှင့် ဟပ်မိ မဟပ်မိကို ကောင်းစွာသိရှိကြသည်။ ထို့ကြောင့် အုပ်ချုပ်ရေးဌာနသည် ဥပဒေပြုဌာနကို မည်သည့်ဥပဒေများလိုသည်၊ မည်သည့်ဥပဒေများကို မည်သို့ပြင်ဆင်ရန်လိုသည် စသဖြင့် အကြံဥာဏ်ပေး၍ တင်ပြရပေသည်။ ဥပဒေပြုအဖွဲ့အနေဖြင့်လည်း အုပ်ချုပ်ရေးဌာန၏ တင်ပြချက်များကို လေးစားလိုက်နာ၍ ပြုသင့်သောဥပဒေများကို ပြုစုပြဌာန်းပြီး ပြင်ဆင်သင့်သော ဥပဒေများကို ပြင်ဆင်ပေးရပေသည်။ ယင်းကဲ့သို့သောနည်းဖြင့် အုပ်ချုပ်ရေးဌာနသည် ဥပဒေများပြုစုသည်။ ထို့ကြောင့် အုပ်ချုပ်ရေးဌာန၌ ဥပဒေပြုခွင့်အာဏာလည်းရှိကြောင်း ထင်ရှားပေသည်။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။