November 5, 2009

Political Science Part (31)

တရုတ်ပြည်သူ့သမ္မတနိုင်ငံဥပဒေပြုလွှတ်တော်

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အထက်လွှတ်တော် အောက်လွှတော်ဟူ၍ ဥပဒေပြုလွှတ်တော်မရှိပဲ တစ်ခုတည်းသာ ရှိသည်။ ၄င်းလွှတ်တော်ကို အမျိုးသားလွှတ်တော် (National People Congress) ဟူ၍ ခေါ်ဆိုပြီး အမတ်ပေါင်း "၁၂၂၆" ယောက်ဖြင့် ဖွဲ့စည်းထားသောကြောင့် ကမ္ဘာပေါ်တွင် အမတ်ဦးရေအများဆုံးသော လွှတ်တော်ပင်ဖြစ်သည်။ ၄င်းလွှတ်တော်ကို ပြည်နယ်များ၊ လက်နက်ကိုင် တပ်ဖွဲ့များ၊ မြူအဖွဲ့များနှင့် အဝေးရောက် တရုတ်အမျိုးသားတို့၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသောကြောင့် လူတန်းစားပေါင်းစုံ ပါဝင်သော လွှတ်တော်လည်း မည်ပေသည်။

အမတ်သက်တမ်း "၄" နှစ်ဖြစ်သော်လည်း မည်သည့်အမတ်ကိုမဆို ဆိုင်ရာမဲဆန္ဒနယ်က အချိန်မရွေးပြန်လည် ခေါ်ယူအစားထိုးနိုင်သည်။ ထို့ကြောင့် အမတ်တစ်ယောက်သည် ဆိုင်ရာမဲဆန္ဒရှင်တို့၏၏ အလိုဆန္ဒကို မဆန့်ကျင်ဝံ့ပေ။ ယင်းသို့ အမတ်သက်တမ်း မပြည့်မီ အမတ်မဖြစ်မှ ဆိုင်ရာမဲဆန္ဒရှင်တို့က ရုပ်သိမ်းခြင်းကို "ပြည်လည်ခေါ်ယူခြင်း" (Recall) ဟူ၍ မှတ်ယူနားလည်ကြသည်။

လွတ်တော် အစည်းအဝေးကို တစ်နှစ်တစ်ကြိမ်သာ စည်းဝေးသော်လည်း လွှတ်တော်အမတ် 1/5 ကစည်းဝေးကျင်းပရန် တောင်းဆိုလျှင် ကျင်းပပေးရသည်။ ထို့ပြင် လွှတ်တော်ကခန့်ထားသော ကော်မတီအနေဖြင့် အလိုဆန္ဒရှိလျင်လည်း လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ပေသည်။ ဥပဒေပြုလွှတ်တော် တစ်ခုတည်း ရှိသည့်အလျောက် ဥပဒေအားလုံးကို ၄င်းဥပဒေပြုလွှတ်တော်ကသာ ပြုလုပ်ရသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၂/၃ သောမဲဖြင့် ပြင်ဆင်နိုင်သည့်အပြင် စစ်ကျေညာခြင်း၊ စစ်ပြေငြိမ်းခြင်း၊ ရာထူးများခန့်ခြင်း ဖြုတ်ခြင်း၊ ၀န်ကြီးချုပ်နှင့် ဒုဝတ်ကြီးချုပ်တို့ကိုခန့်ခြင်း၊ လွှတ်တော်စတင် စည်းဝေးစဉ်သက်တမ်း ၄ နှစ်ရှိ ကော်မတီခန့်အပ်ခြင်းအစည်တို့ပြုလုပ်နိုင်သည်။

လွှတ်တော်ဖွဲ့စည်းလိုက်သောကော်မတီ၌ ...

(၁) ဥပဒေများ အဓိပ္ပါယ်တို့ကို ဖြေရှင်းပေးရခြင်း။
(၂) နိုင်ငံတွင်းဖွဲ့ စစ်ဥပဒေထုတ်ပြန်ရေး ဆုံးဖြတ်ရခြင်း။
(၃) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် မကိုက်ညီသောအစိုးရ၏ ပြုမှုချက်များကို တားဆီးနိုင်ခြင်း။
(၄) စစ်ပြေငြိမ်းစာချုပ်ကို အတည်ပြုနိုင်ခြင်း ပယ်ဖျက်နိုင်ခြင်း။

စသောအာဏာများရှိသည်။ ထို့ကြောင့် ယင်းကော်မတီမှာ တန်ခိုးအားဏာကြီးမားသော အဖွဲ့ပင်ဖြစ်ပေသည်။

လွှတ်တော်နှစ်ခု၏ကောင်းကျိုးများ

၁။ ဒုတိယလွှတ်တော်ထားရှိခြင်းကြောင့် တရားဥပဒေပြုစုရာ၌လည်းကောင်း၊ ပြင်ဆင်ရာ၌လည်းကောင်း၊ အလျင်အစိုလုပ်၍ မဖြစ်နိုင်ချေ။ တရားဥပဒေရေးရာများနှင့် စပ်လျဉ်းပြီး ချင့်ချင့်ချိန်ချိန်၊ ဆင်ဆင်ခြင်ခြင်၊ ဆေးဆေး လေးလေး ပြုလုပ်ရသဖြင့် အမှားနည်းပေမည်။ ထို့ပြင်ပါတီတစ်ခုကသော်လည်းကောင်း၊ လွှတ်တော် တစ်ခုကသော်လည်းကောင်း အာဏာရှင်ဆန်ဆန် ပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် လွှတ်တော်နှစ်ခုထားခြင်းဖြင့် လူထု၏ လွတ်လပ်မှုကို လုံခြုံစိတ်ချရစေသည်။

၂။ လွှတ်တော်နှစ်ခုရှိခြင်းကြောင့် တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင်သဘောရှိနေပေသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် အစိုးရအဖွဲ့အနေဖြင့် လွတ်လပ်မှုရှိကာ တန်ခိုးအာဏာကြီးမားခွင့်ရရှိသည်။ တစ်နည်းအားဖြင့် အစိုးရအဖွဲ့သည် ပါလီမန်၏ ကျေးကျွန်သဖွယ်ဖြစ်မနေသောကြောင့် ဆောင်ရွက်စရာရှိသည်ကတို့ကို လျင်မြန်စွာ ဆောင်ရွက်နိုင်ပေမည်။ ယင်းသို့ အရေးကြီးသော ပြဿနာများကို လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် တိုင်းပြည်တိုးတက်မှု ရရှိပေသည်။

(၃) လွှတ်တော်နှစ်ခုထားရှိခြင်းကြောင့် အမြင်အမျိုးမျိုးရှိသောကြောင့် လူတန်းစားအသီးသီးတို့မှ ကိုယ်စားလှယ်များ လွှတ်တော်နှစ်ရပ်ထဲတွင် ပါဝင်ခွင့်ရရှိပေမည်။ ထို့ကြောင့် ဒီမိုကရေစီသဘောနှင့် ကိုက်ညီသည်။ ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်လျှင် လူမျိုးစုအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိစေရန် ဒုတိယလွှတ်တော်ရှိရပေမည်။

(၄) ဒုတိယလွှတ်တော်ရှိခြင်းကြောင့် တိုင်းပြည်၏ ပညာရှိကြီးများ အရည်အချင်းရှိပြီး လုပ်ရည်ကိုင်ရည်ရှိသော ပုဂ္ဂိုလ်များ၏ အကြံအဖန် လုပ်ရည်ကိုင်ရည်များကို ရရှိခြင်းဖြင့် တိုင်းပြည်တိုးတက်မှုရရှိနိုင်ပေသည်။

(၅) လွှတ်တော်နှစ်ခုရှိသောကြောင့် အောက်ဖော်ပြပါ လုပ်ငန်းများကို နိုင်နင်းစွာပြုလုပ်နိုင်သည်။ ၄င်းတို့မှာ ...

(၁) တရားဥပဒေပြုလုပ်ခြင်း။
(၂)ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဆင်ခြင်း။
(၃) ရွေးကောက်တော် အရာရှိများအဖြစ်ဆောင်ရွက်နိုင်ခြင်း၊ (Electoral Colleges)
(၄) အရေးကြီးသောပြဿနားအတွက် စုံစမ်းရေးကော်မတီခန့်၍ စုံစမ်းနိုင်ခြင်း။
(၅) ပြည်သူ့ဘဏ္ဍာထိန်းသိမ်းခြင်း။
(၆) တချို့ ဥပဒေအဖွဲ့တို့က အုပ်ချုပ်ရေးအာဏာကို သုံးစွဲရာထူးခန့်ခြင်း၊ အပြည်ပြည်ဆိုင်ရာ စာချုပ်များကို အတည်ပြုခြင်း။
(၇) တရားစီရင်ရေး အာဏာကိုအသုံးပြု၍ တရားစီရင်ခြင်း။
(၈) ပြည်သူလူထု၏ အသိတရားကို ထက်မြက်တိုးတက်မြင့်မားစေခြင်း စသောလုပ်ဆောင်ချက်များကို ပြုလုပ်နိုင်သည်။

လွှတ်တော်နှစ်ခုထားရှိခြင်း၏ ဆိုးကျိုးများ


၁။ အထက်လွှတ်တော်သည် တန်ခိုးပါဝါအထူးတလည်မရှိဘဲ၊ အောက်လွှတ်တော်နှင့် မခြားနားပါက လွှတ်တော်နှစ်ခု ထားရှိခြင်းသည် တိုင်းပြည်ဘဏ္ဍာတော်ကို ဖြုန်းတီးရာသာကျပေလိမ့်မည်။

၂။လွှတ်တော်နှစ်ခုထားရှိခြင်းသောကြောင့် ဥပဒေရေးရာ၊ အုပ်ချုပ်ရေးရာ၊ တရားစီရင်ရေးရာ အစရှိသော အုပ်ချုပ်ရေး စက်ယန္တယားကို မလိုလားအပ်သော နေရာများတွင် နှေးကွေးစေသည်။ လွှတ်တော်နှစ်ခု တစ်ခုနှင့်တစ်ခု သဘောချင်းမတိုက်ဆိုင်ပါက ဖြေရှင်းရန် အကြပ်အတည်း တွေ့ရှိစမြဲဖြစ်သည်။ အင်္ဂလန်တွင် လွှတ်တော်နှစ်ရပ် သဘောမတိုက်ဆိုင်ပါက အောက်လွှတ်တော်၏ ဤအဆိုပြုချက်ကို အထက်လွှတ်တော်က ဗီဒိုအာဏာသုံး၍ ဆိုင်းငံ့ထားနိုင်သည်။ သြစတေးလျတွင်မူ လွှတ်တော်ကိုဖျက်၍ ပြည်သူ့ဆန္ဒကော်ခံသည်။ ယင်းသို့မကြာခဏဖြစ်ပါက တိုင်းပြည်၏ တိုးတက်မှုကို ထိခိုက်နိုင်ပေသည်။

၃။ တိုင်းပြည်ငယ်၍ ယူနီတရီနိုင်ငံဖြစ်ကာ ပြည်သူပြည်သားတို့လည်း လူမျိုးစလေ့ထုံးစံ၊ သဘောအယူဝါဒ တူညီကြလျှင် လွှတ်တော်နှစ်ခုထားခြင်းဖြင့် အကျိုးမများနိုင်ပေ။ ထို့ကြောင့်ပင် နယူးဇီလန်နိုင်ငံသည် ၁၉၅၁ ခုနှစ်က အထက်လွှတ်တော်ကို ဖြတ်သိမ်းခဲ့ခြင်းဖြစ်သည်။ တောင်အာဖရိက တိုင်းပြည်၏ ပြည်နယ်အားလုံးတွင် လည်းကောင်း၊ ကနေဒါနိုင်ငံ၏ ပြည်နယ်နှစ်နယ်မှအပ ကျန်ပြည်နယ်များတွင် လည်းကောင်း အထက်လွှတ်တော်တို့ကို ဖျက်သိမ်းပြီးခဲ့ကြပေပြီ။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။