November 5, 2009

ဖ-ဆ-ပ-လ အမတ်များအတွက်

ဖ-ဆ-ပ-လ အမတ်များအတွက်


၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့ တိုင်းပြုပြည်ပြု ပဏာမ ပြင်ဆင်မှု
ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်း

မူလက အမတ်တွေ ကျမ်းကျိန်တာ တနေကုန် မယ်လို့ မှတ်တဲ့ အတွက် ဥက္ကဌ မိန့်ခွန်းကို နက်ဖြန်မှဘဲ ပြောပါ မယ်။ ယနေ့ ကျမ်းမကျိန်ရသေးတဲ့လူများ နက်ဖြန်မှ ဆက်လက်ကျိန်ပါမယ်။ တိုင်းပြုပြည်ပြု အမတ်တွေကို ကျွန် တော်ပြောချင်တာက ပဏာမ ညီလာခံ ပြီးတဲ့နောက် အစည်းအဝေးသတ်သတ်ရှိပါအုံးမယ်။ အဲဒီမှာ စည်းကမ်း များအတွက် စဉ်းစားပါမယ်။ ရှေးက လွှတ်တော်အမတ်များမှာ အဖွဲ့အသီးသီး တက်ရောက်လာကြတဲ့အတွက် စည်းကမ်း ရယ်လို့ မရှိခဲ့ဘူး။ ကျွန်တော်တို့ ဖဆပလ အမတ်တွေတော့ခေါင်းကျိန်းမယ်သာ ပြင်ကြပေတော့။ အ ရင်ကလို စည်းမဲ့ ကမ်းမဲ့ ပေါက်လွှတ်ပဲစားမထားနိုင်ဘူး။



ဥပမာ အစည်းအဝေး ရှိတဲ့နေရာမှာ အားလုံးတက်ကြရမယ်။ မတက်နိုင်လို့ ရှိယင် ဆိုင်ရာမှ အခွင့်တောင်းရမယ်၊ ဒီမှာ ညီလာခံလုပ်နေတဲ့အချိန်မှာ မြို့ ထဲကို လျှောက်လယ်ခွင့် မပေးနိုင်ဘူး။ လယ်နေတာ တွေ့ယင်တော့ ထိုက်သင့်သလိုအရေးယူရမှဘဲ။

ယခုကျင်းပတဲ့ ညီလာခံမှာ ပဏာမ ပြင်ဆင်မှုသာဖြစ်တဲ့အတွက် အခြေခံသဘောတရားကိုသာ ဆွေးနွေးမယ်။ တိုင်းပြုပြည်ပြုလွှတ်တော်သာ အချုပ်အချာ အာဏာပိုင် ဖြစ်တယ်။ တိုင်းပြု ပြည်ပြု လွှတ်တော်မှာ ဘယ်အစိုးရရဲ့ လက်အောက်ခံမဟုတ်ဘဲ သီးခြားလုပ်ရမယ်။

သာမန် ဥပဒေပြု လွှတ်တော်များမှာဆိုယင် ကျမ်းသစ္စာ ကျိန်ဆိုကြရပါတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်မှ တိုင်းပြည်သစ် တည်ရမှာမို့ မည်သူရဲ့ကျမ်းသစ္စာကိုမှ ခံရန် မလိုပါဘူး။ ခုကျမ်းကျိန်ခိုင်းတာကတော့ ဖ-ဆ-ပ-လ အမတ်တွေမို့လို့ပါ။ ဒါပေမဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ကျမ်းကိုင်ရတော့မှာ မဟုတ်ပါဘူး။ ခုကျမ်းကျိန်ပြီး ဖြစ် ယင် ဘာဖြစ်မလဲဆိုယင် ဘာမှဖြစ်မှာတော့ မဟုတ်ဘူး။ သို့ပေတဲ့ ကိုယ့်ကိုယ်ကို ကိုယ်ရိုသေတဲ့လူတွေ ဆိုယင် တော့ သစ္စာ ပျက်မှာ မဟုတ်ဘူး။

ယခု ညီလာခံမှာ စဉ်းစားမဲ့ အခြေခံ သဘောတရားများကို သခင်မြတင်ပြယင်တော့ သိမှာဘဲ။ ကျွန်တော့်မိန့်ခွန်း ထဲမှာလဲ ထည့်ပြီး ရှင်းပြပါမယ်။ တိုင်းပြုပြည်ပြု လွှတ်တော်ကျယင် ဖ-ဆ-ပ-လ အမတ်များဟာ ဒီညီလာခံမှာ တည်ပြုတဲ့မူ ကို ပြင်နိုင်တဲ့ အခြေအနေမရှိဘဲ အသေးအဖွဲလောက်သာပြင်ခွင့်ရှိပါတယ်။ ဒီတော့မူကို ဆွေးနွေး တဲ့အခါ စိတ်ပါလက်ပါ ဆွေးနွေးကြစေလိုပါတယ်။

ကျန်တဲ့အချိန်တွေမှာ တိုင်းပြည် ပြန်လည်ထူထောင်ရေးနှင့် ပက်သက်တဲ့အကြောင်းအရာများကို နားလည် အောင် ဆွေးနွေးပွဲများ ပြုလုပ်ပါမယ်။ ဆန်စဉ်ရာ ကျည်ပွေ့လိုက် ဆိုတာလို ဒီလိုသာ ဟိုကလုပ် ဒီကလုပ် လုပ်ရ မယ်ဆိုယင် ဟန်မကျဘူး။ ဆွေးနွေးပွဲများကိုလဲ ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်တဲ့လူများ ခေါင်းဆောင်ပါ့မယ်။ အခြေခံများကို ရအောင် စီစဉ်တဲ့အခါမှာ စနစ်ကျချင်မှ ကျပေတဲ့ ခု ဦးစီးတဲ့လူတွေထက် တော်တဲ့ လူတွေတော့ ကျွန်တော်တို့ထဲမရှိဘူး။ ။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။