October 10, 2009

သံဖြူဇရပ် မိန့်ခွန်း

သံဖြူဇရပ် မိန့်ခွန်း

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက မြန်မာပြည်ကို သိမ်းပိုက်ထားခဲ့သော ဂျပန်တို့သည် မဟာမိတ် စစ်သုံ့ပန်းများနှင့် မြန်မာပြည်သူပြည်သားများအား ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရာတွင် အလုပ်သမားများအဖြစ် ဇွတ်အတင်း ခိုင်းစေခဲ့သည်။ နားချိန်အိပ်ချိန် မရ၊ အစားအစာ မ၀တ၀ ကျွေး၍ ခိုင်းခဲ့သည်။ အလုပ်သမားပေါင်း ရာ လိုက်၊ ထောင်လိုက် ချီပြီး သေဆုံးခဲ့သည်။ အဆိုပါ အလုပ်သမားများကို သတိရသောအားဖြင့် မော်လမြိုင်ခ ရိုင် သံဖြူဇရပ်ရွာတွင် ၁၉၄၆ ခု၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၌ သရဏဂုံတင်ပွဲ ပြုလုပ်သည်။ အဆိုပါ အခမ်းအနား၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းမှာ အောက်ပါအတိုင်း ဖြစ်သည်။


လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ကျွန်ုပ်တို့ နိုင်ငံမှာ စစ်ဘေးကြီး ကျရောက် ခဲ့ပါသေးတယ်။ အဲဒီ စစ်ဘေးကြီး နဲ့ အတူ ဂျပန် စစ်ဝါဒီတို့ရဲ့ ဖက်ဆစ် စနစ်ဆိုးကြီးဟာ လိုက်ပါလာခဲ့တယ်။

ဂျပန်စစ်ဝါဒီတို့ဟာ သူတို့ရဲ့ စစ်ယန္တရားကြီး ဆက်လက် လည်ပတ်နိုင်ရေးအတွက် “ ယိုးဒယား မြန်မာ မီးရထား ကြီး ” ကို ဖောက်လုပ်ခဲ့ကြတယ်၊ အဲဒီ လမ်းမကြီး ဖောက်လုပ်ရေးအတွက် ကျွန်ုပ်တို့ လူမျိုးတွေဟာ ထောင်နဲ့ သောင်းနဲ့ချီပြီး “ ချွေးတပ် ” အဆွဲခံခဲ့ကြရတယ်။

ဖော်မပြနိုင်လောက်အောင် ကြမ်းကြုတ်ရက်စက်မှု နည်းအမျိုးမျိုးနဲ့ ကျွန်ပြု ညှဉ်းဆဲ စေခိုင်းခဲ့တဲ့အတွက် “ ယိုးဒ ယား မြန်မာ မီးရထားလမ်း”ဖောက်လုပ်ရာမှာ ချွေးတပ် အလုပ်သမားပေါင်း သုံးသောင်း (၃၀ ၀၀၀)ကနေ ရှစ် သောင်း (၈၀ ၀၀၀) လောက်ဟာ ငတ်ပြတ် ဆင်းရဲပြီး အသေဆိုးသေခဲ့ကြရတယ်။

အဲဒီလို ထောင်သောင်းချီပြီး ကျဆုံးခဲ့ရသူတွေရဲ့ ကျိန်ဆဲသံ၊ ညည်းတွားသံ၊ ရေရွတ်သံများ ကိန်းဝပ်ရာ မြေပြင် ကို အခု ကျွန်ုပ်တို့ခြေချနေကြပါပြီ။ ၀မ်းနည်းဖွယ်ရာ အဖြစ်ဆိုးကြီးကြောင့်လဲ ဒီမြေတခွင်ဟာ ညစ်နွမ်းခဲ့ရပါ တယ်။ ကျွန်ုပ်တို့ဟာ စာနာတဲ့အသိတရား၊ စူးစမ်းသိရှိလိုတဲ့ စိတ်ထားအပြည့်အ၀နဲ့ရောက်လာကြခြင်းလည်းဖြစ် ပါတယ်။ မကြုံစဖူး ဖြစ်ခဲ့ရတာမို့ စိတ်မချမ်းမြေ့ နာကျည်းမှုတို့ကို ကျွန်ုပ်တို့ အပြည့်အ၀ခံစားကြရပါတယ်။

ကျွန်ုပ်တို့ရဲ့နိုင်ငံနဲ့ လူသားတွေကို ဂျပန် ဖက်ဆစ် လူရိုင်းများဟာ အလွန်အမင်း တရားလက်လွတ် ပြုခဲ့တဲ့အ တွက် ကျွန်ုပ်တို့ဟာ ဒေါသမီးဟုန်းဟုန်းတောက်လောင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ဆိုးယုတ်သူတွေဟာ သူတို့ရဲ့ မိုက် ပြစ်ဒဏ်ကို ပြန်ခံသွားရပြီ ဖြစ်လို့ ကျွန်ုပ်တို့အနေနဲ့ဖြေသိမ့်နိုင်စရာ ရှိပါတယ်။

ဗမာပြည်သူပြည်သားတွေဟာ ညီညာဖျဖျ နိုးကြားတက်ကြွခဲ့ကြတယ်။ ဖက်ဆစ်တွေကို လက်စားချေတော်လှန် တိုက်ခိုက်ခဲ့ကြတယ်။ ဒီအချက်ဟာ “မိမိစိုက်ပျိုးသလောက် ရိတ်သိမ်းရခြင်း” ဆိုတဲ့သဘောလဲ ဖြစ်တယ်။ အမြဲ တမ်းအခိုင်အမာ တည်တံ့နေတဲ့လောကဓံသဘောတရားလဲဖြစ်တယ်။

လူတဦးတယောက်ဟာ အခြားလူတဦးတယောက်အပေါ် နှိပ်စက်ကလူပြုတယ်။ သွေးစုပ်ချယ်လှယ်တယ်။ တ ရားမျှတမှုကို မျက်ကွယ်ပြုတယ်ဆိုယင် ဒါမှမဟုတ် နိုင်ငံတခုအပေါ် ဖိနှိပ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ တရားမျှတမှု အ၀၀ကို ချိုးဖောက်ခြင်းပြုမယ်ဆိုယင် ထိုလူ၊ သို့မဟုတ် ထိုနိုင်ငံဟာ ထိုမတရားမှုအတွက် အပြစ်ဒဏ်ခတ်မှုကို မုချမလွဲ ခံရစမြဲဘဲ ဖြစ်ပါတယ်။

ဒီလိုလူတဦးက တဦးအပေါ်မှာ ဖြစ်စေ၊ နိုင်ငံတခုက နိုင်ငံတခုအပေါ်မှာဘဲ ဖြစ်စေ ဖိနှိပ်ခြယ်လှယ်မှုတွေ၊ ခေါင်း ပုံဖြတ်မှုတွေ ပြုလုပ်ခဲ့ကြလို့လဲ ဒီကမ္ဘာကြီးမှာ ဒုက္ခတွေ ပင်လယ်ဝေခဲ့တာဟာ အကြိမ်ကြိမ်ရှိပါပြီ။ တရားမဲ့ခြင်း၊ ဖိနှိပ်ချယ်လှယ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ ဆက်လက်တည်ရှိနေသရွေ့  တုံ့ပြန်လက်စားချေမှုဟာ ကမ္ဘာပေါ်မှာ မကြာခဏ ပေါ်ပေါက်နေဦးမှာ ပါဘဲ။ ဒီအချက်ဟာ ဆိုယင် ကမ္ဘာ့ရေးရာ အဖြစ်အပျက်အတွေ့အကြုံများထဲမှ ပေါ်ထွက်လာတဲ့လောကပါလ တရားလို့ ကျွန်ုပ်တို့်အနေနဲ့ မှတ်သား ခံယူပါတယ်။

ယနေ့ဆိုယင် ကျွန်ုပ်တို့ဟာ ကျေးကျွန်ပမာ အခိုင်းအစေခံရင်း သေဆုံးခဲ့ကြတဲ့ မဟာမိတ် တပ်သားများနဲ့ ကျွန်ုပ် တို့ နိုင်ငံသား ထောင်ပေါင်းများစွာတို့ကို အမှတ်ရတဲ့ အနေနဲ့ ဒီနေရာကို လာရောက်ခဲ့ကြပါတယ်။ နောက်ကို ဘယ်တော့မှ ဒီလိုအဖြစ်မျိုး ဒီလို ချွေးတပ်ဆွဲခံရတာမျိုး ဒီလိုကျေးကျွန်ပြုခံရတာမျိုးကို ဒီကမ္ဘာကြီးမှာ မတွေ့ကြ ရစေဖို့ ကျွန်ုပ်တို့အားလုံး သဘောပေါက်ထားကြရပါမယ်။

လူကိုလူက ကျွန်ပြုမှု၊ ခေါင်းပုံဖြတ်မှုတို့ ဘယ်လိုပုံစံမျိုးနဲ့မှ ကမ္ဘာပေါ်မှာ နောက်ထပ် ပေါ်မလာပါစေနဲ့လို့ ကျွန်ုပ် တို့အားလုံး ဆန္ဒပြုကြဖို့ လိုပါတယ်။

ကျွန်ုပ်တို့ဟာ ကွယ်လွန်သူများရဲ့ မြင့်မြတ်သော ၀ိညာဉ်များနဲ့တွေ့ဆုံခိုက် သူတို့အတွက် ဆုမွန်ကောင်းများ တောင်းရုံသာမဟုတ်ဘဲ ကမ္ဘာသူကမ္ဘာသားအားလုံး အနှောင်အဖွဲ့ အချုပ်အချယ်များမှ အမြန်ဆုံး လွတ်မြောက် ကြပါစေလို့ ဆုတောင်းသင့်ကြပါတယ်။

ဒီလိုဆုတောင်းရင်းနဲ့ တချိန်ထဲမှာဘဲ လူအချင်းချင်း ဖိနှိပ်မှု၊ သွေးစုတ်ချယ်လှယ်မှု၊ လူမဆံမှု စတဲ့အဖြစ်မျိုးကို တည်မြဲစေမယ့် ဖက်ဆစ်စံနစ်ဆိုးဟာ မည်သို့သော အသွင်မျိုးနဲ့ပဲရှိသည်ဖြစ်စေ၊ ကမ္ဘာမြေပြင်ပေါ်က အမြစ်ပါမ ကျန်ပျောက်ပျက်သွားအောင် တော်လှန် တိုက်ဖျက်ကြဖို့အလေးအနက် အဓိဋ္ဌာန်ပြုကြပါစို့။ ။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။