September 23, 2009

Federal Democratic Republic of Nepal


၁၅၉။နီပေါ(Nepal)
Federal Democratic Republic of Nepal

နောက်ခံသမိုင်းအကျဉ်း
၁၉၅၁ ခုနှစ်တွင် ရာစုနှစ်တစ်ခုခန့် ကြာမြင့်ခဲ့သော အမွေဆက်ခံ ထီးနန်းစနစ် ရပ်ဆိုင်းခဲ့ပြီး အစိုးရ၀န်ကြီးများ အဖွဲ့ ဖွဲ့စည်းခဲ့သည်။ ၁၉၉၀ တွင် စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်သို့ ပြုပြင် ပြောင်းလဲခဲ့သည် ... ။ ၁၉၉၆ တွင် မာအို အစွန်းရောက်တို့ ပုန်ကန်ထကြွခဲ့ကြသည် ... ။ ဆယ်နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး ၀န်ကြီးအ ဖွဲ့ဝန်ကြီးအဖွဲ့နှင့် ပါလီမန်ပြိုကွဲသွားပြီး ဘုရင်က အာဏာအပြည့်အ၀ ပြန်လည် ချုပ်ကိုင်ခဲ့သည် ... ။ ၂၀၀၆ ဧပြီလတွင် ရက်သတ္တပတ် ပေါင်းများစွာ ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး အစိုးရ စစ်တပ်များနှင့် မာအို သူပုန်တို့ကြား လပေါင်းအတန်ကြာ ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းခဲ့ကြသည် ... ။ ၂၀၀၆ နိုဝင်ဘာလတွင် အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး ကြားဖြတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ကို ကြေငြာခဲ့သည် ... ။ ၂၀၀၈ ဧပြီလတွင် ပြည်လုံးကျွတ် ရွေးကောက်ပွဲ ကျင်းပပြီး အသစ်ဖွဲ့စည်းလိုက်သော တိုင်းပြု ပြည်ပြု လွှတ်တော်မှ နီပေါကို ဖဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် ကြေငြာ၍ နောက်လတွင် ကျင်းပသော အစည်းအဝေးမှ ဘုရင်ခံစံနစ်ကို ဖျက်သိမ်းကြောင်း ဆုံးဖြတ်ခဲ့သည် ... ။ ထို့ကြောင့် ဂျူလိုင်လတွင် တိုင်းပြု ပြည်ပြုလွှတ်တော်မှ ပထမဆုံး နိုင်ငံတော် သမ္မတကို ရွေးကောက်တင်မြှောက်ခဲ့သည် ... ။ မာအိုတို့သည်လည်း တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် မဲအများအပြား ရရှိခဲ့ပြီး ၂၀၀၈ ဩဂုတ်လတွင် ညွှန့်ပေါင်း အစိုးရသဏ္ဍန် ဖြစ်လာခဲ့သည် ... ။

ပထ၀ီအနေအထား
တည်နေရာ
တောင်အာရှ ။ တရုတ် နှင့် အိန္ဒိယနိုင်ငံတို့ကြား။

မြေပုံအညွှန်း
အာရှ

ဧရိယာ
ကုန်းမြေ ၁၄၃,၃၅၁ sqkm
ရေ ၃၈,၃၀ sq km
စုစုပေါင်း ၁၄၇,၁၈၁ sq km
ကမ္ဘာအဆင့် ၁၀၀

ထိစပ်နယ်မြေ
တရုတ် ၁၂၃၆ km
အိန္ဒိယ ၁၆၉၀ km

ကမ်းရိုးးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
မြောက်ပိုင်းတွင် အေးမြသော နွေရာသီနှင့် ရာသီဥတုပြင်းထန်သော ဆောင်းရာသီ။ တောင်ပိုင်းတွင် အပူလျော့ပိုင်းနွေရာသီ နှင့် မျှတသော ဆောင်းရာသီ။

မြေမျက်နှာသွင်ပြင်
တောင်ပိုင်းတွင် ဂင်္ဂါမြစ် မြေပြန့် ၊ အလယ်ပိုင်းတွင် တောင်ကုန်းဒေသ ၊ မြောက်ဘက် ဟိမ၀န္တာ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကန်ချန်ကာလန် ၇၀ m
အမြင့်ဆုံးအပိုင်း ဧ၀ရက်တောင် ၈၈၅၀ m

သဘာဝအရင်းအမြစ်
ကွာ့ဇ်ကျောက် ၊ ရေချို ၊ လှပသောရှုခင်းများ ၊ သစ် ၊ လစ်ဂနိုက် ၊ ကြေးနီ ၊ သံရိုင်း ၊

လူ့အရင်းအမြစ်
လူဦးရေ ၂၈,၅၆၃,၃၇၇ (၂၀၀၉)
ကမ္ဘာ့အဆင့် ၄၃
လူဦးရေတိုးနှုန်း ၁.၂၈၁ % (၂၀၀၉)
မွေးဖွားနှုန်း ၂၃.၁၈/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၆.၉၇ / ၁၀၀၀ ဦးရေ (၂၀၀၉)
ပျှမ်းမျှအသက် ကျား ၆၄.၃ နှစ်
မ ၆၆.၆၇ နှစ်
စုစုပေါင်း ၆၅.၄၆ နှစ် (၂၀၀၉)

လူမျိုး
နီပေါ

တိုင်းရင်းသားလူမျိုး
ချီးအက်ထရီ ၁၅.၅ %
ဗြဟ္မထာ ၁၂.၅ %
မာဂျာ ၇ %
သာရူး ၆.၆ %
တာမန် ၅.၅ %
နီဝါ ၅.၄ %
မွတ်စလင် ၄.၂ %
ကာမီ ၃.၉ %
ယာဒါဗ် ၃.၉ %
အခြား ၃၂.၇ %
အမည်မသိ ၂.၈ %

ကိုးကွယ်မှု
ဟိန္ဒူ ၈၀.၆ %
ဗုဒ္ဓဘာသာ ၁၂.၁ %
မွတ်စလင် ၄.၂ %
ကီရန် ၃.၆ %
အခြား ၀.၉ %

ဘာသာစကား
နီိပေါ ၄၇.၈ %
မိုင်သာလီ ၁၂.၁ %
ဘိုပူရီ ၇.၄ %
သာရူး ၅.၈ %
တာမန် ၅.၁ %
နီဝါ ၃.၆ %
အော်ဝါဒီ ၂.၄ %
အခြား ၁၀ %
အမည်မသိ ၂.၅ %

မြို့တော်
ကက်မန်ဒူ (Kathmandu)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။