September 16, 2009

ဗမာ့တပ်မတော် တိုင်းမှူးများ အစည်းအဝေး

ဗမာ့တပ်မတော် တိုင်းမှူးများ အစည်းအဝေး

၁၉၄၅ ခု၊ မတ်လ ၂၇ ရက်နေ့မှ စတင်၍ မျိုးချစ်ဗမာ့ တပ်မတော်သည် ဖက်ဆစ်ဂျပန်များကို စစ်ကြေငြာ၍ တိုက်ခိုက်ခဲ့သည်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ဂျပန်တို့ လက်နက်ချကြောင်း ကမ္ဘာသို့ကြေငြာခဲ့သည်။ မျိုးချစ်ဗမာ့တပ်မတော်သည် ဂျပန်တို့ကို တိုက်ခိုက်ခဲ့ရာ၌ ၁၉၄၅ ခု၊ မတ်လမှ မေလကုန်အထိ တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ရလေသည်။ ယင်းတိုက်ပွဲများကြောင့် ရန်သူ့ဖက်၌ ကျဆုံးသူ ၁၀၈၂၆၊ ဒဏ်ရာရသူ ၂၃၀၄ ယောက် သုံ့ပန်း ၂၀၅ ယောက်နှင့် ရန်သူ၏လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိခဲ့သည်။ အရှေ့ အာရှိတောင်ပိုင်း မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ် "လော့ဒ်မောင့်ဘက်တန်" ၏စီရင်ခံစာ၌လည်း .... " စစ်တောင်မြစ်ဝှမ်းဒေသတည်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ဂျပန်ေါင်း ၆၂၇၂ ယောက် ကျဆုံးခဲ့ရာ ထိုအထဲမှာ ၃၂၀၀ ခန့်မှာ မျိုးချစ်ဗမာ့တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရပါသည်"....ဟု ဖော်ပြထားသည်။

(ဖဆပလ) အဖွဲ့ကြီးကို မူလစတင်ဖွဲ့စညးစဉ်က ဗမာ့တပ်မတော်လည်း အခြေခံအင်အားတစ်ရပ်အဖြစ် ပါဝင်ခဲ့သည်။ ဂျပန်ကို ထိထိရောက်ရောက် တိုက်ခိုက်ခဲ့သော မျိုးချစ်ဗမာ့ တပ်မတော်ကြီးက ပြည်သူလူထုသည် (ဖဆပလ) ကိုအားပေးကြစေချင်သည်။ (ဖဆပလ) ဦးဆောင်ရာသို့ လိုက်ပါစေချင်သည်။ ထို့ကြောင့် မျိုးချစ် ဗမာ့တပ်မတော် အကြီးအကဲ ခေါင်းဆောင်များ၏ အစည်းအဝေးကို ရန်ကုန်မြို့ ၌ ၁၉၄၅ ခု၊ သြဂုတ်လ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်နေ့များတွင် စည်းဝေးကျင်ပခဲ့ပြီးနောက် အောက်ပါ နှိုးဆော်စာကို တိုင်းပြည်သို့ ထုတ်ပြန်လိုက်လေသည်။

ယခုအခါ ဂျပန်ဖက်ဆစ်များသည် ကျွန်န်ုပ်တို့ တပ်မတော်နှင့် နိုင်ငံပေါင်းစု မဟာမိတ် တပ်မတော်များ၏ ၀ိုင်းဝန်းတိုက်ခိုက်သည်ကို ဖက်ပြိုင်ခြင်းငှာ မစွမ်းနိုင်တော့ဘဲ လက်နက်ချရန် စကာများပင် ကမ်းလှမ်းပြီးလေပြီ။

ကမ္ဘာ့စစ်ကြီးကား ပြီးတော့မည်။ သို့ရာတွင် ကျွန်ုပ်တို့နိုင်ငံသူ နိုင်ငံသားများ၏ အရေးကားမပြီးဆုံးသေး။ ကျွန်ုပ်တို့နိုင်ငံ၏ အရေးတခုလုံးသည် ကျွန်ုပ်တို့တပ်မတော်နှင့် လွတ်လပ်ရေး လိုချင်သူအားလုံး သက်စွန့် ကြိုးပမ်း ထမ်းဆောင်လာခဲ့ရသည်နှင့်အမျှ ထိရောက်စွာ အောင်မြင်ရန်အတွက် မြန်မာနိုင်ငံရှိခေါင်းဆောင်သော ပုဂ္ဂိုလ်များနှင့် တိုင်းသူပြည်သားအပေါင်းတို့သည် လူမျိုးမရွေးဘာသာမရွေး တညီတညွှတ်တည်း ဆက်လက်ဆောင်ရွက်ရန် အထူးလိုပေသည်။

ကျွန်ုပ်တို့တပ်မတော်သားအားလုံးသည် လည်းကောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် စွန့်စွန့်စားစားဆောင်ရွက်ခဲ့သူ အပေါင်းတို့သည် လည်းကောင်း၊ ဤမျှအပင်ပန်းခံ အဆင်းရဲအနစ်နာခံကာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ လက်တဆုပ်မျှရှိသော လူတစု၏ကောင်းစားမှုကိုသာလည်းကောင်း၊ ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာ တိုးတက်မှုကိုသာလည်းကောင်း ရည်ရွယ်မှန်းဆလျှက် ဆောင်ရွက်လုပ်ကိုင်ခဲ့ကြသည် မဟုတ်ပဲ မြန်မာနိုင်ငံ လူထုအပေါင်း လွတ်လပ်ရေးအတွက် ရည်စူးလျက် လုပ်ကိုင်ခဲ့ကြသည့်အကြောင်းကို ခေါင်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံသူ နိုင်ငံသား အပေါင်းတို့အား အထူးလေးနက်စွာ ဖော်ပြလိုက်ပေကြောင်း။

ထို့ကြောင့် ကျွန်ုပ်တို့ တပ်မတော် ခေါင်းဆောင်အရာရှိကြီးများ အစည်းအဝေးက မြန်မာနိုင်ငံအတွင်း ခေါင်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် တိုင်းသူပြည်အပေါင်းတို့သည် စိတ်ဝမ်းကွဲပြားခြင်း အလျဉ်းမရှိပဲ၊ ဖက်ဆစ်တိုက်ဖက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် အတွင်းသို့ထိရောက်စွာ ၀င်ရောက်လုပ်ကို်င်ကာ မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအရပ်ရပ်ကို တညီတညွတ်တည်း နှောင့်နှေးဆိုင်းငံ့ခြင်း အလျဉ်းမရှိဘဲ ဆောင်ရွက်ကြရန် ပြင်းထန်စွာ တိုက်တွန်းလိုက်ပါကြောင်း။

၁။ ဗိုလ်ချုပ်-အောင်ဆန်း။ စစ်သေနာပတိ။
၂။ ဗိုလ်မှူးကြီး-လကျာ်။ ဒုတိယစစ်သေပတိ။
၃။ ဗိုလ္မွဴးၾကီး-ေဇယ်။ စစ္ဦးစီးမွဴး။
၄။ ဗိုလ်မှူးကြီး-နေ၀င်း။ ရှေ့ တန်းစစ်ဌာနချုပ်မှူး။
၅။ ဗိုလ်မှူး-မောင်မောင်။ တိုင်းအမှတ် (၁) မှူး။
၆။ ဗိုလ်မှူး-အောင်ကြီး။ မြစ်ဝကျွန်းပေါ် တိုင်းမှူး။
၇။ ဗိုလ်မှူး-ကျောဇော။ တိုင်းအမှတ် (၄) မှူး။
၈။ ဗိုလ်မှူး-ရဲထွဋ်။ တိုင်းအမှတ် (၆) မှူး။
၉။ ဗိုလ်မှူး-အောင်။ တိုင်းအမှတ် (၇) မှူး။
၁၀။ ဗိုလ်ကြီး - အာဠာဝက။ အထက်မြန်မာပြည်တိုင်းမှူး။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။