August 31, 2009

luxebourg


၁၃၀။လူဇင်ဘတ်
(Luxebourg)
နောက်ခံသမိုင်းအကျဉ်း
၉၆၃ ခုနှစ်တွင် နိုင်ငံစတည်ထောင်ခဲ့သည်။ ၁၈၁၅ တွင် မြို့ စားအုပ်ချုပ်ခံနယ်မြေ ဖြစ်လာခဲ့ပြီး နယ်သာလန်လက် အောက်တွင် လွတ်လပ်သော ပြည်နယ်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ၁၈၃၉ တွင် နယ်မြေတစ်ဝက်ကျော်ကျော် ဘယ်လ်ဂျီယံမှ သိမ်းယူခဲ့သည်။ သို့သော် အခွင့်အရေး ပိုမိုပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနယ်မြေတစ်ခု ဖြစ်ခဲ့ သည်။ ၁၈၆၇ တွင် ဂျာမဏီ၏ သိမ်းပိုက်မှုကို ခံခဲ့ရသည်။ ၁၉၄၈ တွင် ကြားနေမူဝါဒကို ရပ်ဆိုင်းပြီး ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့်လူဇင်ဘတ်သုံးနိုင်ငံပါဝင်သော ဘင်နီလပ် အကျိုးတူစီးပွားအဖွဲ့ (Benelun Customs Union)နှင့် နောက်နှစ်တွင် နေတိုးအဖွဲ့များသို့ဝင်ရောက်ခဲ့သည်။ ၁၉၅၇ တွင် ဥရောပဘုံဈေးအဖွဲ့ (နောက်ပိုင်းဥရောပသမဂ္ဂ) စတင်ဖွဲ့စည်းသော ခြောက်နိုင်ငံတွင် တစ်နိုင်ငံအပါအ၀င်ဖြစ်၏။ ၁၉၉၉ တွင် ဥရောပဘုံငွေကြေးစံနစ်သို့ဝင်ရောက် ခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အနောက်ဥရောပ၊ ဂျာမဏီနှင့်ပြင်သစ်အကြား။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ - ၂၅၈၆ sqkm
ရေ - ၀ sqkm
စုစုပေါင်း - ၂၅၈၆sqkm

ထိစပ်နယ်မြေ
ဘယ်လ်ဂျီယံ - ၁၄၈ km
ပြင်သစ် - ၇၃ km
ဂျာမဏီ - ၁၃၈ km

ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
ဥရောပ ကုန်းမရာသီဥတု။မျှတသော ဆောင်းရာသီ။ အေးမြသောနွေရာသီ။

မြေမျက်နှာသွင်ပြင်
လှိုင်းတွန့်သော ကုန်းမြင့်များနှင့် ကျယ်ဝန်း၍နိမ့်သောတောင်ကြားများ ။ မြောက်ပိုင်းတွင် ကုန်းမြင့်များနှင့် တောင် တန်းနိမ့်များ။ အရှေ့တောင်ဘက်ရေလွှမ်းမိုး မော့စယ်လီ မြေပြန့်သို့ မတ်စောက်လျောဆင်းသွားသော မြေမျက်နှာ သွင်ပြင်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဘူအာဂပလာ့ - ၅၅၉m
အမြင့်ဆုံးအပိုင်း မော့ဆယ်လီမြစ် - ၁၃၃ m

သဘာဝအရင်းအမြစ်
သံရိုင်း ။စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရေ ၄၉၁,၇၇၅ (၂၀၀၉)
လူဦးရေတိုးနှုန်း ၁.၁၇၂% (၂၀၀၉)
မွေးဖွားနှုန်း ၁၁.၇၃/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၈.၄/၁၀၀၀ ဦးရေ (၂၀၀၉)

ပျှမ်းမျှသက်တမ်း
ကျား - ၇၆.၀၇ နှစ်
မ - ၈၂.၈၁ နှစ်
စုစုပေါင်း - ၇၉.၃၃ နှစ် (၂၀၀၉)

လူမျိုး
လူဇင်ဘာ့

တိုင်းရင်းသားလူမျိုး
လူဇင်ဘာ့ ၆၃.၁ %
ပေါ်တူကီ ၁၃.၃ %
ပြင်သစ် ၄.၅ %
အီတလီ ၄.၃ %
ဂျာမန် ၂.၃ %
အခြားဥရောသား ၇.၃%
အခြား ၅.၂ %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် ၈၇%
အခြား ၁၃%

ဘာသာစကား
လူဇင်ဘာ့ (အမျိုးသားဘာသာစကား)
ဂျာမန် (အစိုးရဌာနသုံး)
ပြင်သစ် (အစိုးရဌာနသုံး)

မြို့တော်
လူဇင်ဘတ် (Luxembourg)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။