August 24, 2009

Japan


၁၁၁။ဂျပန်(Japan)
နောက်ခံသမိုင်းအကျဉ်း
၁၆၀၃ ခုနှစ်တွင် တိုဂူဝါဂါ မျိုးနွယ်စစ်ဘုရင်တစ်ဦးက ဂျပန်နိုင်ငံကို နိုင်ငံခြားလွှမ်းမိုးမှုမရှိစေရန် အထီးကျန်အုပ်ချုပ်ခဲ့သည်။ ထိုအုပ်ချုပ်ရေးစံနစ်ကြောင့် ဂျပန်နိုင်ငံရေးတည်ငြိမ်ခဲ့ပြီး မိရိုးဖလာ ယဉ်ကျေးမှုများ နှစ်ပေါင်းနှစ်ရာ ကျော်ထွန်းကားခဲ့သည်။ ၁၈၅၄ တွင် အမေရိကန်ပြည်ထောင်စုနှင့် ကာနာဂါဝါ စာချုပ် (Treaty of Kanagawa) ချုပ်ဆိုပြီးနောက် ဂျပန်သည်ဆိပ်ကမ်းများဖွင့်လှစ်ခဲ့ပြီး စတင်၍ စက်မှုလုပ်ငန်းများနှင့် ခေတ်မှီတိုးတက်ရန် အစွမ်းကုန်ဆောင်ရွက်ခဲ့သည်။ (၁၉) ရာစု နှောင်းပိုင်း နှင် (၂၀) ရာစု အစောပိုင်းများတွင် ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်လာပြီး တရုတ်နှင့် ရုရှ ကို အနိုင်ရရှိခဲ့သည်။ ကိုးရီးယား ၊ဖေါ်မိုဆာ (ထိုင်ဝမ်) နှင့် တောင်ပိုင်း ဆာခါလင် ကျွန်းများကို သိမ်းပိုက်ခဲ့သည်။ ၁၉၃၁ - ၃၂ တွင် မန်ချူးရီးယားကိုသိမ်းပိုက်ခဲ့ပြီး ၁၉၃၇ တွင် တရုတ်ပြည်တစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၄၁ တွင် အမေရိကန်ပြည်ထောင်စု ကိုတိုက်ခိုက်ခဲ့သဖြင့် အမေရိကန်ဒုတိယ ကမ္ဘာစစ်အတွင်းပါဝင်လာခဲ့သည်။ ထို့နောက် ဂျပန်က အရှေ့နှင့် အရှေ့တောင်အာရှနိုင်ငံများကို သိမ်းပိုက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ရှုံးနိမ့်ပြီးနောက် စီးပွားရေးပြန်လည် တောင့်တင်းလာပြီး အမေရိကန်ပြည်ထောင်စု နှင့် ခိုင်မာသော မဟာမိတ်ဖြစ်လာခဲ့သည်။ အမျိုးသား စည်းလုံးညီညွတ်မှုကို ဖေါ်ဆောင်သော အနေနှင့်ဘုရင်ခံစနစ် ဆက်လက် ထားရှိပြီး အုပ်ချုပ်ရေးပိုင်းနှင့် စီးပွားရေးပိုင်းမှ နိုင်ငံရေးသမားများကို ရွေးကောက်တင်မြောက်၍ အာဏာ အပ်နှင်းထားသည်။ နှစ်ပေါင်း (၃၀) အတွင်း စီးပွားရေးထူးထူးခြားခြားကြီးထွားတောင့်တင်းလာခဲ့ပြီး ၁၉၉၀ ခုနှစ်များတွင်တိုးတက်မှု နှေးကွေးကျဆင်းသွားသော်လည်း အာရှနှင့်ကမ္ဘာတွင် စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိ၏။



ပထ၀ီအနေအထား
တည်နေရာ
အရှေ့အာရှ ။ မြောက်ပစိဖိတ်သမုဒ္ဒရာနှင့် ဂျပန်ပင်လယ်ကြားရှိ ကျွန်းတန်း။
ကိုးရီးယားကျွန်းဆွယ် အရှေ့ဘက်။

မြေပုံအညွှန်း
အာရှ ။

ဧရိယာ
ကုန်းမြေ - 374,744 sq km
ရေ - 3,091 sq km
စုစုပေါင်း - 377,835 sq km

ထိစပ်နယ်မြေ
0 km

ကမ်းရိုးတန်း
29,751 km

ရာသီဥတု
တောင်ပိုင်းအပူပိုင်းဒေသ နှင့် မြောက်ပိုင်းအပူအအေးမျှတသောရာသီဥတု။

မြေမျက်နှာသွင်ပြင်
အများအားဖြင့်ကြမ်းတမ်း၍ တောင်ထူထပ်။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဟာချီရို - ဂါတာ - ( - 4 m)
အမြင့်ဆုံးအပိုင်း ဖူဂျီတောင် - 3,776 m

သဘာဝအရင်းအမြစ်
တွင်းထွက်ပစ္စည်းအလွန်ရှားပါး ။ ငါး ။

လူ့အရင်းအမြစ်
လူဦးရေ 127,078,679 (2009 )
လူဦးရေတိုးနှုန်း (- 0.191%) (2009)
မွေးဖွားနှုန်း 7.87 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 9.26 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 78.8 နှစ်
မ - 85.62 နှစ်
စုစုပေါင်း - 82.12 နှစ် (2009)

လူမျိုး
ဂျပန်

တိုင်းရင်းသားလူမျိုး
ဂျပန် - 98.5 %
ကိုရီးယား - 0.5 %
တရုတ် - 0.4 %
အခြား - 0.6 %

ကိုးကွယ်မှု
ရှင်တို နှင့် ဗုဒ္ဓဘာသာ - 84 %
အခြား - 16 %

ဘာသာစကား
ဂျပန်

မြို့တော်
တိုကျို (Tokyo)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။