July 14, 2009

Territory of American Samoa


၅။အမေရိကန်ဆမ်မိုအာ (American Samoa)
Territory of American Samoa

နောက်ခံသမိုင်းအကျဉ်း
ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၁၀၀၀) ခန့် ကတည်းကအခြေချနေထိုင်သူများရှိခဲ့သည်။ (၁၈)ရာစု တွင် ဥရောပ စွန့်စားရှာဖွေသူများက ဆာမိုအာ ကျွန်းကိုရှာဖွေတွေ့ရှိခဲ့သည်။ (၁၉) ရာစု နှောင်းပိုင်းတွင် နယ်မြေသစ် အပြိုင် အဆိုင် ရှာဖွေသူများက ၁၈၉၉ - ဂျာမနီ နှင့် အမေရိကန် နယ်မြေပိုင်းခြား ချုပ်ဆိုသော စာချုပ်အရ ၄င်း ကျွန်း စုများပေါ်တွင် အခြေချနေထိုင်ခဲ့ကြသည်။ နောက်တစ်နှစ်တွင် အမေရိကန်က ၄င်း၏ဝေစုဖြစ်သော ပါရိုပါရို ဆိပ်ကမ်းအပါအ၀င် အရှေ့ဘက် ကျွန်းငယ်များကို ပိုင်ဆိုင်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
တောင်ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ အိုးရှင်းနီးယား ကျွန်းစု ။
ဟာဝိုင်အီ ။ နယူးဇီလန်ကြား လမ်းတစ်ဝက်။

မြေပုံအညွှန်း
အိုးရှင်းနီးယားကျွန်းစု။

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
116 km

ရာသီဥတု
အပူပိုင်းပင်လယ် ရာသီဥတု ။ အရှေတောင်ကုန်းသည်လေတိုက်ခတ်မူကြောင့်
မျှတသော ရာသီဥတုရှိ။ နှစ်စဉ်ပျမ်းမျှမိုးရေချိန် 3m။နိုဝင်ဘာမှ ဧပြီလအထိ မိုးရာသီ။ မေလမှ အောက်တိုဘာလ အထိ ခြောက်သွေ့၊ရာသီလိုက်အပူချိန် အတက်အကျ အနည်းငယ်ရှိ။

လူ့ အရင်းအမြစ်
လူဦးရေ 64,842 (ဇူလှိုင် 2008)
လူဦးရေတိုးနှုန်း 1.236 % (2008)
မွေးဖွားနှုန်း 23.66/ 1000 ဦးရေ (2008)
သေဆုံးနှုန်း 4.13/ 1000 ဦးရေ (2008)
ပျမ်းမျှသက်တမ်း ကျား - 70-55 နှစ်
မ - 76-56 နှစ်
စုစုပေါင်း = 73.47 နှစ်

လူမျိုး
အမေရိကန် ဆာမိုအန်
တိုင်းရင်းသားလူမျိုးစု
ဒေသခံ ပစိဖိတ်ကျွန်သား - 91.6% ။
အာရှနွယ် - 2.8%
လူဖြူ - 1.1%
သွေးနှော - 4.2 %
အခြား - ၀.၃ %

ကိုးကွယ်မှု
ကွန်ဂရီးဂေးရှင်းနယ် ခရစ်ယာန်-(ကိုယ်ပိုင်အုပ်ချုပ်ခွင့် 50% ရ ဘုရားကျောင်း)
ရိုမန်ကက်သလစ် - 20%
ပရိုတက်စတင့် နှင့် အခြား - 0.3%။

ဘာသာစကား
ဆာမိုအန် -90.6% (ဟာဝိုင်အီ ၊ ပိုလီနေးရှင်း ၊ဘာသာစကားတို့နှင့်နီးစပ်မှုရှိ)
အင်္ဂလိပ် - 2.9%
တွန်ဂန် - 2.4%
အခြားပစိဖိတ် ကျွန်းသားစကား - 2.1% အခြား - 2% ။

မြို့တော်
ပါဂိုပါဂို (Pago Pago)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။