July 24, 2009

Republic of Austria


၁၅။ဩစတြီးယား(Austria)
Republic of Austria

နောက်ခံသမိုင်းအကျဉ်း

တချိန်က ကြီးမားသော ဩစထရို - ဟန်ဂေရီးယန်း အင်ပါယာ၏ အချက်အခြာဖြစ်သော ဩစတြီးယား နိုင်ငံသည် ပထမကမ္ဘာစစ်တွင် ရှုံးနိမ့်သွားပြီးနောက် နယ်မြေကျဉ်းမြောင်းသွားခဲ့သည်။ 1938 တွင် နာဇီဂျာမဏီ၏ သိမ်းပိုက်မှုကိုခံခဲ့ရပြီး 1945 တွင် စစ်နိုင်သူ မဟာမိတ်တို့၏ ထပ်မံသိမ်းပိုက်မှုကြောင့် ဆယ်စုနှစ်တစ်ခုမျှ ကြာအောင် ဩစတြီးယား၏ အခြေအနေသည် မရေမရာရှိခဲ့သည်။1955 တွင် ပြည်ထောင်စုစာချုပ် ချုပ်ဆိုခဲ့ပြီး ဩစတြီးယား လွတ်လပ်ရေး ရရှိခဲ့သည်။ ဂျာမဏီနှင့် ပူးပေါင်းမှုကို ခွင့်မပြုခဲ့ပေ။ ယင်းနှစ်အတွင်း၌ပင် ဆိုဗီယက်တပ်များ ဆုတ်ခွာသွားခြင်းနှင့်အတူ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အမြဲတမ်းကြားနေ နိုင်ငံအဖြစ် ထည့်သွင်း ကြေငြာခဲ့သည်။ 1991 တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက် 1995 တွင် ယင်းကြားနေ ၀ါဒ ကို ပြုပြင်ပြောင်းလဲ၍ ဥရောပသမဂ္ဂ သို့ဝင်ရောက်ခဲ့သည်။ 1999 တွင် စီးပွားရေးကောင်းသော ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် ဥရောပ သမဂ္ဂ စီးပွားရေး နှင့်ငွေကြေး စနစ်အတွင်း ၀င် ရောက်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ အလယ်ပိုင်း ။အီတလီ နှင့်ဆလိုဗေးနီးယား မြောက်ဘက်။

မြေပုံအညွှန်း
ဥရောပ ။

ဧရိယာ
ကုန်းမြေ - 82,444 sq km
ရေ - 1,426 sq km
စုစုပေါင်း - 83,870 sq km

ထိစပ်နယ်မြေ
ချက်သမ္မတ နိုင်ငံ - 362 km
ဂျာမဏီ - 784 km
ဟန်ဂေရီ - 366 km
အီတလီ - 430 km
လီချက်တန်စတိန်း - 35 km
ဆလိုဗက်ကီးယား - 91 km
ဆလိုဗေးနီးယား - 330 km
ဆွမ်ဖာလန် - 164 km

ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
သမမျှတသောရာသီဥတု။ ဥရောပကုန်းမ ရာသီဥတု။ တိမ်ထူထပ် ။အေးမြသောဆောင်းရာသီအတွင်း မိုးမကြာ ခဏ ရွာသွန်းပြီး မြေနိမ့်ပိုင်း နှင့်တောင်များပေါ်တွင် နှင်းကျလေ့ရှိသည်။ အပူချိန်မျှ၍ မိုးဖွဲဖွဲ မကြာခဏ ကျလေ့ရှိသော နွေရာသီရှိ

မြေမျက်နှာသွင်ပြင်
အနောက်ဘက် နှင့်တောင်ဘက်တွင် တောင်များရှိ (အဲလ်ပ်စ်)။အရှေ့ဘက် နှင့် မြောက်ဘက် နယ်စပ်တလျှောက် အများအားဖြင့်ပြန့်ပြူး၍ ပြပြစ်သော လျောစောက်သဏ္ဍာန်ရှိ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း နူဆီဒလာဘီး -115 m
အမြင့်ဆုံးအပိုင်း ဂရော့စ် ဂလာ့နာ - 3798 m

သဘာဝအရင်းအမြစ်
ဆီ ၊ ကျောက်မီးသွေး၊ ကျောက်မီးသွေးညို၊ သစ်၊ သံရိုင်း၊ ကြေးနီ၊ သွပ် ၊ခနောက်စိမ်း၊ မဂ္ဂနီဆိုဒ် ၊ အဖြိုက်နက်၊ ဂရပ်ဖို(ခဲနက်)၊ ဘား၊ ရေအားလျှပ်စစ်။

လူသားအရင်းအမြစ်
လူဦးရေ - 8,205,533 (2008)
လူဦးရေတိုးနှုန်း - 0.064 % (2008)
မွေးဖွားနှုန်း - 8.66 / 1000 ဦးရေ
သေဆုံးနှုန်း - 9.91 / 1000 ဦးရေ
ပျှမ်းမျှသက်တမ်း - ကျား - 76 .46 နှစ်
- မ - 82.41 နှစ်
စုစုပေါင်း - 79.36 နှစ်

လူမျိုး
ဩစတြီးယန်။

တိုင်းရင်းသားလူမျိုး
ဩစတြီးယန်း - 91.1 %
ယူရိုဆလပ် - 4 %
တာ့(စ်) - 1.6 %
ဂျာမန် - 0.9 %
အခြားအမည်မသိလူမျိုးများ 2.4 %

ကိုးကွယ်မှု
ရိုမန်တက်သလစ် - 73.6 %
ပရိုတက်စတင့် - 4.7 %
မွတ်စလင် - 4.2 %
အခြား - 3.5 %
အမည်မသိ - 2 %
ဘာသာမဲ့ - 12 %

ဘာသာစကား
ဂျာမန် (ရုံးသုံး) – 88.6 %
တာကစ် - 2.3 %
ဘားဘီးယန်း - 2.2 %
ခရိုအေးရှန်း - 1.6 %
အခြား - 5.3 %

မြို့တော်
ဗီယင်နာ (Vienna)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။