July 30, 2009

Burkina faso



၃၆။ ဘာကီနာဖါဆို
(Burkina faso)


နောက်ခံသမိုင်းအကျဉ်း
ယခင်ဗော်လတာ အထက်ပိုင်းဒေသဖြစ်သော ဘာကီနာဖါဆိုနိုင်ငံသည် 1960 တွင် ပြင်သစ်ထံမှ လွတ် လပ်ရေး ရရှိခဲ့သည်။ 1970 နှင့် 1980 နှစ်များတွင် စစ်တပ်မှအာဏာသိမ်းမှုများအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး 1990 နှစ် များအစောပိုင်းတွင် ပါတီစုံရွေးကောက်ပွဲ ကျင်းပခဲ့သည်။ 1987 အာဏာသိမ်းမှုတွင် အာဏာရရှိခဲ့သော ဘလေ့စ် ကွန်ပါအိုရီသည် နောက်ပိုင်းကျင်းပသောရွေးကောက်ပွဲတိုင်း အနိုင်ရရှိကာ လက်ရှိအချိန်အထိ သမ္မတ ဖြစ်လျက် ရှိသည်။ နိုင်ငံလူဦးရေ များပြားသိပ်သည်းပြီး သဘာဝအရင်းအမြစ် မလောက်ငှမှုကြောင့် တိုင်းပြည်စီးပွားရေး ချို့ တဲ့ပြီး လူဦးရေအများစုမှာ ဆင်းရဲမွဲတေလျက်ရှိသည်။ မကြာသေးမီက ကို့ဒီအိုင်ဗိုရီ (အိုင်ဗရီကို့စ်) နှင့် ဂါနာ မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများကြောင့် ယင်းတိုင်းပြည်များ တွင် ရာသီအလိုက်အလုပ်သွားရောက် လုပ်ကိုင်လေ့ရှိသော ဘာကီနာလယ်လုပ်သားသိန်းပေါင်းများစွာ အလုပ်အကိုင်မဲ့လျက်ရှိသည်။

ပထ၀ီ အနေအထား
တည်နေရာ
အနောက်အာဖရိက ။ ဂါနာနိုင်ငံ၏မြောက်ဘက်။

မြေပုံအညွှန်း
အာဖရိက ။

ဧရိယာ
ကုန်းမြေ - 273,800 sq km
ရေ - 400 sq km
စုစုပေါင်း - 274,200 sq km

ထိစပ်နယ်မြေ
ဘီနင် - 360 km
ကို့ဒီအိုင်ဗိုရီ - 584 km
ဂါနာ - 549 km
မာရီ - 1000 km
နိုင်ဂါ - 628 km
တိုရို - 126 km
စုစုပေါင်; - 3193 km

ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
အပူပိုင်း ။ နွေးထွေး၍ခြောက်သွေ့သောဆောင်းရာသီ။ပူ၍စိုစွတ်သောနွေရာသီ။

မြေမျက်နှာသွင်ပြင်
အများအားဖြင့်ပြန့်ပြူးသောမြေပြန့်များနှင့်ပြတ်တောင်း၍လှိုင်းတွန့်သောမြေပြန့်
များရှိ။ အနောက်ဘက်နှင့်အရှေ့တောင်ဘက်တွင်တောင်ကုန်းများရှိ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း မောက်ဟောင်း (ဘလက်ဗော်လတာ) မြစ် - 200 m
အမြင့်ဆုံးအပိုင်း တီနာကိုရူး - 749 m

သဘာဝအရင်းအမြစ်
မဂ္ဂနိ ၊ထုံးကျောက် ၊ စကျင်ကျောက်၊ ရွှေအနည်ငယ် ၊ဖေါ့စဖိတ် ၊ဆား၊

လူ့အရင်းအမြစ်
လူဦးရေ 15,264,735 ဦးရေ
လူဦးရေတိုးနှုန်း 3.109 % (2008)
မွေးဖွားနှုန်း 44.68 /1000 ဦးရေ (2008)
သေဆုံးနှုန်း 13.59/1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 50.67 နှစ်
မ - 54.49 နှစ်

လူမျိုး
ဘာကီနာ ။

တိုင်းရင်းသားလူမျိုး
မော့ဆီ - 40 % ကျော်
အခြား - 60 % ခန့်

ကိုးကွယ်မှု
မွတ်စလင် - 50 %
ရိုးရာယုံကြည်မှုများ - 40 %
ခရစ်ယာန် - 10 %

ဘာသာစကား
ပြင်သစ် (ရုံးသုံး)
ဆူဒန်မှ ဆင်းသက်လာသောဒေသိယအာဖရိက ဘာသာစကားများကိ လူဦးရေ ၉၀ % ခန့်သုံးစွဲ။

မြို့တော်
အွာဂါဒူးဂူး (Ouagadougou)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။