July 25, 2009

Commonwealth of Bahamas

၁၇။ဘဟားမား(စ်) (Bahamas)
Commonwealth of Bahamas


နောက်ခံသမိုင်းအကျဉ်း
1942 ခုနှစ်တွင် ခရစ္စတိုဖါကိုလံဘတ် ကမ္ဘာသစ်ကိုရှာဖွေတွေ့ရှိပြီး ဆန်ဆယ်(လ)ဗါဒိုကို ခြေချချိန်တွင် ဘဟားမား(စ်)ကျွန်းများပေါ်တွင် လူတေးယန်း အိန္ဒိယလူမျိုးများ နေထိုင်လျက်ရှိသည်။ 1647 တွင် ဗြိတိသျှလူမျိုးများဝင်ရောက် နေထိုင်လာကြသည်။ 1783 တွင် ဗြိတိသျှကိုလိုနီဖြစ်လာခဲ့သည်။ 1973 တွင် ဗြိတိသျှထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ခရီးသွားလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှု စီမံခန့်ခွဲရေး လုပ်ငန်း စသည်တို့ကိုအကြောင်းပြု၍ ကြွယ်ဝချမ်းသာလာခဲ့သည်။ ပထ၀ီအနေအထားအရ တရားမ၀င် မူးယစ်ဆေးလုပ်ငန်းများ၏တစ်ထောက်နားကူးပြောင်းရာ ဆိပ်ကမ်းသဖွယ် ဖြစ်လာခဲ့သည်။ အထူးသဖြင့် အမေရိကန် နိုင်ငံ နှင့် ဥရောပနိုင်ငံများသို့ သယ်ပို့ရောင်းချရာတွင် ဖြစ်သည်။ တရားမ၀င်ရွှေ့ပြောင်း အလုပ်သမားများ အတွက် အမေရိကန်သို့ဝင် ရောက်ရန် အသုံးပြုသော မှောင်ခိုလမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

ပထ၀ီ အနေအထား
တည်နေရာ
ကာရစ်ဘီယန် ၊ မြောက်အတ္တလန္တိတ် သမုဒ္ဒရာအတွင်းရှိ ကျွန်းတန်းများ ၊ ဖလော်ရီဒါ အရှေ့တောင်ဘက်၊ ကျူးဘားအရှေ့မြောက်။

မြေပုံအညွှန်း
အမေရိက အလယ်ပိုင်း နှင့် ကာရစ်ဘီယံ။

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
3542 m
ရာသီဥတု
အပူပိုင်း ပင်လယ်။ ပင်လယ်ကွေ့ရေစီးကြောင်းရှိမှုကြောင့် နွေးထွေးမျှတသောရာသီဥတုရှိ။

မြေမျက်နှာသွင်ပြင်
ရှည်လျားပြန့်ပြူးသော သန္တာကျောက်တန်းများ ရှိပြီး ၀ိုင်းဝန်းသောတောင်ကုန်းနိမ့်များရှိ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ကက်ကျွန်းပေါ်ရှိ အယ်လဗာနီးယားတောင် - 63 m

သဘာဝအရင်းအမြစ်
ဆား ၊ အာရာဂိုးနိုက် (ပင်လယ်ထွက်ပစ္စည်း) ၊ သစ် ၊ သီးနှံဖြစ်ထွန်းသောမြေ။

လူ့အရင်းအမြစ်
လူဦးရေ 307,451
လူဦးရေတိုးနှုန်း 0.57 % (2008)
မွေးဖွားနှုန်း 17.06 / 1000 ဦးရေ (2008)
သေဆုံးနှုနး 9.22 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 62.5 နှစ်
မ - 69 နှစ်
စုစုပေါင်း - 65.72 နှစ်

လူမျိုး
ဘယားမီးယန်း
တိုင်းရင်းသားလူမျိုး လူမည်း - 85 %
လူဖြူ - 12 %
အာရှ နှင့်ယစ်စပန်းနစ် - 3%

ကိုးကွယ်မှု
ဘက်ပတစ် - 35.4%
အင်္ဂလီကန် - 15.1 %
ရိုမန်ကက်သလစ် - 13.5 %
ပန်တက်ကိုစတယ် - 8.1 %
ဘုရားသခင်ကျောင်းတော် - 4.8 %
အခြားခရစ်ယာန် - 15.2 %
ဘာသာမဲ့ (သို့)အမျိုးအမည်မသိ - 2.9 %
အခြား - 0.8 %

ဘာသာစကား
အင်္ဂလိပ် (ရုံးသုံး)ခရီးအိုး (ဟေဘီ ပြောင်းရွှေ့များ)

မြို့တော်
နတ်ဆူ(nassau)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။